Wednesday, July 18, 2012

" ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ်


ယနေ့မြန်မာ့ပညာရေးလောကတွင် အလွန်ကမောက်ကမနိုင်လှသော အမိန့်ဆန်းတစ်ရပ်ရှိလေသည် ၊ ထိုအမိန့်မှာ " ဆရာ  ဆရာမများ ကျူရှင်မသင်ရ "  ဟူသောအမိန့် ဖြစ်လေသည် ၊ သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးရသူများက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားမျှတပါမည်လား ၊အမှန်နှင့်နည်းစပ်ပါမည်လား ဟုမေးစရာ များဖြစ်လာပါသည် ။
 
နိုင်ငံ့ဝန်ထမ်းဆရာဝန်များလည်း ပြင်ပဆေးခန်းများဖွင့်ကာ ဆေးဝါးကုသကြသည် ၊ နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာများကလည်း ပြင်ပတွင်အင်ဂျင်နီယာလုပ်ငန်းများ ပူးတွဲလုပ်ကာ ၀င်ငွေရှာကြရသည်  ၊ ဆရာကကျူရှင်သင်သည်  ဘာများ ဆန်းပါသနည်း ဘာဆိုဘာမှမဆန်းပါ ၊ ရိုးရှင်းလှပါသည် ။
 
 အထက်တန်းပြဆရာတစ်ယောက်၏ မူရင်းလစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက် နေကြခြင်းသာဖြစ်သည် ။
 
 လစာမလောက်သောကြောင့် ဘယ်ကျောင်းကဆရာများကမှ စု၍ဆန္ဒပြကြသည်ဟူ၍ မကြားဘူးပါ ၊ နိုင်ငံတော်၏ အခက်အခဲကိုနားလည်ပေးကြသူများဖြစ်သည် ၊ နိုင်ငံတော်ကိုအပူမကပ်ကြ ကိုယ့်ဖာသာကိုယ် ကျူရှင်သင်ပြီး ဖြေရှင်းကာ နိုင်ငံတာဝန်ထမ်းနေကြသော သားကောင်းရတနာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည် ၊ ထိုဆရာများကို ကျုရှင်မသင်ရဟု အမိန့်ထုတ်ပြန်ထားခြင်းသည် မှန်ကန်သော စီမံခန့်ခွဲမှု ဟုတ်ပါရဲ့လားဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်သုံးသပ်သင့်သော အချိန်ကာလလည်းဖြစ်ပါသည် ။
 
 ကျူရှင်သင်သောအလုပ်သည် လွယ်လှသည်မဟုတ် ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင် မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ ထိုအချိန်တွင် တစ်နေကုန်မတ်တပ်ရပ်နေရသော ဆရာတို့၏ခြေထောက်အစုံ သည်တောင့်တင်း ညောင်းညာလှပါပြီ မျက်ဝန်းတို့သည် ရီဝေ၍နေပါပြီ အိပ်ယာပေါ်တွင်လှဲလိုက်သည်နှင့် တုံးကနဲအိပ်ပျော်ခြင်းသို့ ရောက်သွားကြပါတော့သည် ။ ထိုဆရာတို့သည်အိပ်ရေး၀၀မအိပ်ရ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို   အသပြာဆရာ များဟု ကျွန်တော်တော့ကင်ပွန်းမတတ်ရက်ပါ.... ..။
 
 ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ။
 
  ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ " အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ " စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။
 
 ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင်  တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။

အစိုးရက ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း အချို့သောသူများသည် ဆရာတို့၏ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရမှုကို ဃနသချာစွာမသိ ကြပဲ  ဆရာတို့သည် ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများမကြာခဏဆိုသလိုပြုလုပ်နေကြသောကြောင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု အကောင်းဘက်မှမြင်ပေးနိုင်ပါသည် ။
 
သို့သော်လည်း ထိုအမိန့်ကြောင့် မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားနေသည်ကိုမူ သတိပြုသင့်ပါသည် ။
 
 နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြပါတော့သည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။
 
ဤကဲ့သို့အဘက်ဘက်မှ အားနည်းချက်များလှသော "ဆရာ ဆရာမများ ကျုရှင်မသင်ရ" ဟူသောအမိန့်ကို ယနေ့ကဲ့သို့သော ပြုပြင်ပြောင်းလည်းရေး ကာလတွင် ပြန်လည် ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံသစ်တည်ဆောက်ရေးတွင် ဆရာတို့၏ အားကိုရယူသင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။
ဆရာတို့ဘ၀တောက်ပကြပါစေ.........
ဒေါက်တာဆိတ်ဖွား


( မှတ်ချက် ။   ။ စာရေးသူသည် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၏ အခက်အခဲများကို မီးမောင်းထိုးပြလိုသော ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများမှ မူလတန်း ၊ အလယ်တန်း ။ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၁၂ ဦး ဆရာ ဆရာမ ၆၇ ဦးတို့အားတွေ့ဆုံမေးမြန်းကာ  "အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ " ဟူသော ဆောင်းပါးနှင့် " ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ် ဟူသော ဆောင်းပါးနှစ်ပုဒ်ကို ရေးသားခဲ့ပါသည် ၊ ဆောင်းပါး၂ ခုပါ အချက်အလက်များသည် မျက်မှောက်ခေတ် ကျောင်းဆရာ ၊ ဆရာမတို့၏ ရင်တွင်းဖြစ် ခံစားမှုများကို ကိုယ်စားပြုကြောင်း တာဝန်ယူပါသည် ။

ထူးခြားချက်တစ်ခုမှာ စာရေးသူ မေးမြန်းခဲ့သော  ကျောင်းအုပ်ကြီး ၁၂ ဦးအပါအ၀င် ဆရာဆရာမ ၆၇ ဦးတို့တွင် အသက်အရွယ်ကြီးသူ လုပ်သက်ရင့်များ ၊ လုပ်သက်အလယ်အလတ်ရှိသူများ ၊ လုပ်သက်နုသေးသူများ ၊ ဆရာအတတ်သင် ကျောင်းအမျိုးမျိုးမှ ပုံစံအမျိုးမျိုးဖြင့် ဆရာဖြစ်လာကြသူများ ၊အမျိုးသားဆရာများ အမျိုးသမီးဆရာမများ ၊ မူလတန်း အထက်တန်း ၊အလယ်တန်း စသော မျိုးမတူအစုများ ၊ မြို့ကြီး ၊ မြို့လတ် ၊ မြို့ငယ်  ၊ ကျေးလက်ဒေသများ တွင်တာဝန်ထန်းဆောင်နေကြကုန်သော အလွှာပေါင်းစုံပါဝင်ပါသည် ထိုနေရာဒေသပေါင်းစုံ အလွှာပေါင်းစုံ အသက်အရွယ်မျိုးစုံသော ဆရာ၊ ဆရာမများ အားလုံးတို့သည် ဆရာများ ကျုရှင်မသင်ရဟူသော အမိန့်ကိုမူ တညီတညွတ်တည်း မနှစ်သက်ကြပါ ၊ သဘောမတူကြပါ ၊ မထောက်ခံကြပါ ။

ဤဆောင်းပါးများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ဆရာတို့၏အခန်းကဏ္ဍ ပါဝင်လာစေရန် ရည်ရွယ်ပါသည် မည်သူတစ်စုံတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုသော ဆန္ဒ စိုးစဉ်းမျှမရှိပါ ဤမှန်သောသစ္စာစကားကြောင့် ဆရာတို့ဘ၀ တောက်ပပါစေ.....။

ဆရာတို့၏ကျေးဇူးကိုဆပ်လိုသူတိုင်းက ဤဆောင်းပါးများကို ဖြန့်ဝေပေးကြလျှင် ကျွန်တော် ပင်ပန်းရကျိုးနပ်ပါပြီ ..... စာဖတ်သူများရော ကူညီဖြန့်ဝေပေးကြသူအားလုံးကို လေးလေး စားစား ကျေးဇူးတင်ပါသည် ။ )

 

( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )
ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ သြော် x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊
(သံပြိုင်) { ရာဇ၀င် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)
တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊
အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇ၀င်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊
ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ကြိုတင်၍
လေးစားစွာ ဂါရ၀ဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။
၁ ။ ဗိုလ်ချုပ်အောင်ဆန်း
၂ ။ ဦးဘ၀င်း
၃ ။ မန်းဘခိုင်
၎ ။ စပ်စံထွန်း
၅ ။ ဦးရာဇာတ်
၆ ။ ဒီးဒုတ်ဦးဘချို
၇ ။ သခင်မြ
၈ ။ ဦးအုန်းမောင်
၉ ။ ရဲဘော်ကိုထွေး
(၁၉ ဇူလိုင် မမေ့နိုင်)
အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘ၀ တွေ့ကြုံဆုံကွဲတည်း….
ကျွန်မတို့တွေ ဒီလိုဘ၀ ဒီလိုအခြေအနေ ဒီလိုမိသားစုနဲ့ နေနိုင်တာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အသက်သွေးကြောင့်လို့ဆိုရင် မှားမယ်မထင်ပါဘူးရှင်။
တင်ပြီးသား ပိုစ့်များလည်း ညွှန်းလိုက်ပါသည်။ ဒီမှာရေးထားသလို
ဒီလိုမမေ့သင့်သော နေ့လေးတစ်နေ့ကို အားလုံးအမြဲရင်ထဲစွဲနေစေချင်ပါသည်။
        Posted by on Jul 18, 2012(http://mandalaygazette.com )မှကူးယူဖေါ်ပြပါသည်။

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်

ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊


ကြွားရင်းနှင့် နစ် ၊ဝါးရင်း နစ်သည့်

နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊


သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊


ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ 


                   ( မင်းသုဝဏ် )

Tuesday, July 17, 2012

                   စေတနာရှင်၊တပည့်များအား၊ကျေးဇူးအထူးတင်ပါသည်။ကျန်းမာချမ်းသာအဆင်ပြေပါစေ။
ပညာတွေပိုတတ်သော၊ပိုချမ်းသာကြွယ်ဝသော၊မိဘ၊ဆရာသမားတို့က ဂုဏ်ယူရသော၊သမီးကောင်းလေး
များဖြစ်ကြပါစေလို့၊ဆုတောင်းပေးပါတယ်။

Wednesday, March 21, 2012

    တို့မိသာစုလေး ၊ဘ၀တစ်ခုကိုတည်ဆောက်ခဲ့တယ်၊ခုတော့သားတွေပညာရှာတဲ့အရွှယ်ရောက်လို့ ၊မိဝေးဖဝေမှာ ကပညာရှာနေကြတယ်၊ခုတော့ဖေဖေမေမေရယ်၊ ၂ ယောက်တည်း၊စလယ်ဝင်အိုးလေး
 ပြန်ဖြစ်သွားပေမဲံ့၊ဖေဖေ မေမေ တို့ကတော့ မင်းတိုကို၊သတိရ လွမ်းလိုက်ရတာ၊နေ့တိုင်းပါဘဲလေ။
လူတိုင်ကတော့၊ဒီလိုဘဲနေမှာ၊တို့ဖေဖေ မေမေ တွေ၊တိုဘိုးတွေဘွားတွေ.......................
  Build me a son,Oh Lord,who will be strong enough to know when he is weak,brave enough to face himself
    when he is afraid, who will be proud and unbending in honest defeat ,humble and gentle in victory.
       Build me a son whose wishes will not take the place of deeds ,a son who will know thee and that to know
    himself is the foundation stone of knowledge.
       Lead him,I pray not in the path of ease and confort ,but under the stress and spur of difficulties and challange
    Let him learn to up in the storm,let him learn compassion for those who fail.
       Build me a son ,whose goal will be gigh,a son who will master himself before he seeks to master other man,
    one who will reach into the future ,yet never forget the past.And after all these things are his,add,I pray ,enough
     of a sense of humour so that he may always be serious yet never take himself too seriously.Give him humility,
    the simplicity of truegretness, the open mind of true strength .
       Then I his father ,will dare to whisper,"I have not line in Vain".( Mac Arther)
   
  အို ဘုရားသခင်၊သူအားငယ်တဲ့အခါ၊စိတ်ဓာတ်ခိုင်မာတဲ့သားတစ်ယောက်ဖြစ်အောင်၊ဖန်ဆင်းပေးပါ။
    ကျော်က်ရွှံ့စရာနဲ့ယဉ်ဆိုင်တွေတဲ့အခါ၊ရဲရဲရင့်ရင့်ယဉ်ဆိုင်တွေ့ရဲသော၊သားတစ်ယောက်ဖြစ်အောင်ဖန်ဆင်း
    ပေးပါ။အောင်မြင်မှုတွေရတဲ့အခါမှာလည်း၊၇ိုးသားစွာအောင်နိုင်သော၊နူညံသော၊နိမ့်ချသောစိတ်ဓာတ်နဲ့
    အောင်မြင်မှုကိုဂုဏ်ယူတတ်သော၊အောင်မြင်မှုမှာယစ်မှုးမနေတတ်သောသားတစ်ယောက်ဖြစ်အောင်၊ဖန်ဆင်း
    ပေးပါ။
       အတွေးထဲမှာဘဲနစ်မျှောနေသော၊သားမျိုးမဟုတ်ဘဲ၊အသိပညာအုတ်မြစ်နဲ့၊သူ့ဘ၀ကိုတည်ဆောက်ရမယ်ဆိုတာ
    သူကိုယ်တိုင်သိသောသားမျိုး၊ဖန်းဆင်းပေးပါ။
       လွယ်ကူသက်သာသောလမ်းကိုမလိုက်ဘဲ၊စိတ်ဖိစည်းမှု၊စိတ်ဆူးညောင့်ခလုတ်၊အခက်အခဲများကို၊စိန်ခေါ်ရဲသော
    သားဖြစ်အောင်ဖန်းဆင်းပေးပါ။ဘ၀မုန်တိုင်းမှာ၊ဘယ်လိုရပ်တည်ရမယ်ဆိုတာ။လေလာသိရှိ့နိုင်သောသား၊ကျဆုံးသူ
    တွေကိုစာနာထောက်ထား၊ကရုနာထားတတ်သော၊သားတစ်ယောက်ဖြစ်အောင်၊ဖန်ဆင်းပေးပါ။
       ဘ၀ရည်မှန်းချက်၊မြင့်မားပြီး၊သူတစ်ပါးကိုဆရာမလုပ်ခင်၊မိမိကိုယ်မိမိ၊ဆရာလုပ်နိုင်သော၊သားမျိုးဖန်ဆင်းပေးပါ။
    ယခုအချိန်၊အနာဂတ်အချိန်ရောက်နေသော်လည်းအတိတ်ကိုဘယ်တော့မှမမေ့တတ်သော၊သားတစ်ယောက်ဖြစ်အောင်
    ဖန်ဆင်းပေးပါ။ဘ၀ရဲ့ပြင်းထန်စွာရိုက်ပုတ်ခံရသော်လည်း၊လောကဓံကို၊အပြုံးမပျက်ဘဲယဉ်ဆိုင်ရဲသော၊သားမျိုးဖြစ်အောင်
    ဖန်ဆင်းပေးပါ။နိမ့်ချတတ်သော၊အမှန်တရားအတွက်ရိုးသားသော၊အမှန်တရားအတွက်၊ဖြူစင်ပွင့်လင်းသောစိတ်ရှိသော
    သားမျိုးဖန်ဆင်းပေးပါ။
       ဒါတွေနဲ့ပြည့်စုံရင်၊သူ့အဖေကျွှန်တော်၊တီးတိုးရေရွှတ်ရဲတာကတော့၊"စိတ်ကြီးဝင်ဂုဏ်မှောက်နေမှာမဟုတ်"ဘူးဆိုတာ
    ပါဘဲ။(မက်အာသာ)