Thursday, August 2, 2012


                  ဦးကျည်ပွေ့(ခေါ်)ရှင်ဒီသာပါမောက်
        ပုဂံပြည်ကျစွာမင်းကြီး၊လက်ထက်            ၌(သက္ကရာဇ် ၅၉၆-၆၁၂)အသက်(၆၀)ခန့်ရဟန်းအိုကြီးတစ်ပါးရှိ့၏။
အမှတ်မဲ့နေမိ၍ ပိဋ္ဋကတ်စာပေမတတ်ပေ။ထိုရဟန်းကြီးသည်၊နေ့တိုင်းသွားတိုက်သော၊ဒန်ပူ(သွားတိုက်တံ)တို့
ကိုကျောင်းအောက်ရှိ့၊လေးတောင်မျှနက်သောတွင်းထဲသို့၊ပစ်ချလေ့ရှိ့၏။ချဖန်များသော်၊ထိုတွင်းသည်ပြည့်
မောက်သွားသည်ကို၊မြင်လေသည်။
                                          တနေ့၌၊ရဟန်းကြီးသည်၊ထိုဒန်ပူတိုကြည့်၍၊ဤသို့တွေးတောမိ၏။ငါသည်
တနေ့လျှင်၊ဒန်ပူတချောင်းမျှသာတိုက်၍၊ပစ်ခဲ့ရာ ယခုတွင်းပြည့်လေပြီ။ဤမျှသေးငယ်သောဒန်ပူတို့ဖြစ်သော်
လည်း၊နေ့စဉ်မှန်မှန်ပစ်ချ၍၊ကာလကြာသော်၊တွင်းတစ်ခုလုံးပြည့်လေပြီတကား၊ငါသည်ယခုအသက်(၆၀)တိုင်
အမှတ်မဲ့နေခဲ့၍၊စာပေမတတ်ရှိ့ခဲ့၏။တနေ့တနေ့လျှင်ယခုဒန်ပူလောက်၊အနည်းငယ်စာပေသင်ခဲ့ပါလျှင်၊ကာ
လကြာသော်များစွာတတ်ရန်၊ရှိ့ပေသည်ဟု၊တွေးတောသတိရလေသည်။
            သတိရသည့်အတိုင်းစာပေသင်တော့အံ့ဟု၊ကျစွာမင်းကြီးထံသို့ဝင်၍၊ကန့်ကူဆံအလှူခံလေ၏။(ရှေးက
ကန့်ကူဆံဖြင့်၊သင်ပုန်း၊ပရပိုက်တို့တွင်၊ရေကြသည်။)မင်းကြီးက “အရှင်ဘုရား၊အသက်ကြီးလှပေပြီ၊ယခုမှစာသင်
လျှင်၊အဘယ်မှာတတ်နိုင်တော့၊မည်နည်း။ကျဉ်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည်”ဟုပြက်ရည်ပြုပြောဆို၍၊
ကန့်ကူဆံကို၊လှူလိုက်လေသည်။
            ရဟန်းကြီးက၊ပျက်ရည်ပြုသည်ကိုစိတ်ကမှတ်၍၊ထွက်ခဲ့၏။မိမိကြံစည်ရင်းအတိုင်း၊စာပေကိုတနေ့လျှင်
ဒန်ပူတစ်ထောက်(တစ်ထွာခန့်)မျှသာ ကျေကျေ ချောချော မိမိရရ ကြိုးစားသင်လေသည်။ကာလများမကြာမီပင်
တကယ်တတ်မြောက်၊တစ်ဖက်ကမ်းရောက်ဖြစ်ခဲ့လေသည်။ထိုအခါ၊မိမိအား ပျက်ရည်ပြုပြောဆိုလိုက်သော၊ကျစွာမင်း
အားပြန်လည်ချေပလိုသဖြင့်၊ရဟန်းကြီးသည်၊ကျဉ်ပွေတစ်ခုတွင်၊အတက်ပေါက်လေဟန်၊သစ်ခက်စိမ်းများပတ်ချည်၍
လက်က ကိုင်မြောက်ပြီး၊နန်းတော်သို့ဝင်လေသည်။၊
            ကျစွာမင်းကြီးလည်း၊ထူးထူးဆန်းဆန်းပြု၍၀င်လာသော၊ရဟန်းကြီးကို မမှတ်မိ၊အံ့သြစွာဖြင့်၊ကြည့်နေပြီးမှ
အကြောင်းအချင်းရာကို မေးလေသည်။ထိုအခါ ရဟန်းကြီးက “ ဒါယကာမင်းကြီး၊တစ်ခါက ငါ့ကို ကျဉ်ပွေ့အတက်ပေါက်မှ
စာတတ်လိမ့်မည်ဟု ဆိုလိုက်သည်ကို မှတ်မိသေး၏လော၊အေး ယခုကျဉ်ပွေ့ အတက်ပေါက်လာဘီ၊ မမြင်သလော”
ဟုကျဉ်ပွေ့ကိုပြလေသည်။မင်းကြီးလည်း၊သတိရ ၀မ်းမြောက်ကြည်ညိုချင်းဖြစ်၍၊တောင်းပန်လေ၏။                 
ရဟန်းကြီးက ဆက်လက်၍ “ယခုငါစာတတ်ပြီ၊မေးလိုရာမေးလော” ဟုခပ်မာမာပြောဆိုမိန့်ကြားလေသည်။
                        ထိုအခါ ကျစွာမင်းကြီးနှင့်တကွ၊လေးပြင်လေးရပ်ရှိ့၊စာတတ်ပေတတ် ဆရာတော် အကျော်အမော်တို့ကခက်ခက်ခဲခဲ နိုက်နိုက်
                       ချွှတ်ချွှတ် စုံးစမ်းမေးမြန်းကြရာ၊အလုံးစုံကိုလျှင်မြန်ချောမောစွာ၊ဖြေဆိုနိုင်လေသည်။ထိုသည့်နောက်၊ပညာဂုဏ်မောက်နေသော
            ရဟန်းကြီးက “ငါသည် ယခု အေးအေး ဆေးဆေး ရွှင်ရွှင်ကြည်ကြည်၊ ဥာဏ်ပွင့်လင်းနေ၍၊ဖြေရသည်မှာလွယ်၏၊သို့ကြောင့်ငါ့ကို ရေတွင်နှစ်
            ထားပါ။မွန်းလောက်သည်ရှိ့မှဖေါ်၍ ပေါ်လျှင်ပေါ်ချင်း မရွှင်မကြည်၊မရှင်းမလင်းရှိ့စဉ်၊အမြန်မေးပါ။ထိုအခါ ငါဖြေဆိုပြမည်”ဟုဆို၏။
                                     ဆိုသည့်အတိုင်း၊ကန်တွင်နှစ်၍ဖေါ်ပြီးသည်နှင့်တစ်ပြိုင်နက်
            ၊မေးမည့်ပိုဂ္ဂိုလ်က  ၊မမေးမှီ၊   “အဟမ်း”   ဟုချောင်းဟန့် လိုက်သည်။   ရဟန်းကြီးက   ပါဠိဘာသာ၊ “အဟံ” ကို မေးသည်ထင်၍၊  ထိုအဟံ
            ကို သဒ္ဒါ နည်းအ ရ၊အလျှင်အမြန်ပင်၊ချောချောမောမော ရုပ်တွက်ပြလိုက်လေသည်။ထိုအခါမေးသည့်ပဂ္ဂိုလ်မှာ၊ပြုံးရယ်၍ မမေးဝံ့တော့ဘဲ၊လက်
            လျှော့လေ၏။ပြီးလျှင် ရဟန်းကြီးက၊ “ငါ့ရှင်တို့ ငါ့ကိုမေးကြသည်မှာများလှပေပြီ၊ငါကလည်းမေးပါရစေ” ဟုဆို၏။ “မေပါတော”့ ဆိုမှ ပုစ္ဆာ တစ်ခု
            ကို မေးလိုက်ရာ၊မဖြေနိုင်ကြ ရှိ့သောဟူ၏။
                        ဤသို့ ရဟန်းကြီးကျော်စောကာ၊မင်းနှင့်တကွ အများပြည်သူတို့ ကိုးကွယ်ကြ၏မင်းကလည်း “ဒိသာပါမောက္ခ”  ဟူသော၊ဘွဲ့တံဆိပ်
            ကို ကပ်လှူတော်မှု၏။ကျဉ်ပွေ့အတက်ပေါက်သည်၊ဟူသော စကားအဖြစ်အပျက်နှင့်၊ စပ်၍ “ဦးကျဉ်ပွေ့”  ဟုလည်းသာ၍ပင် ထင်ရှားလေသည်။                         

Wednesday, August 1, 2012


" ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း "
--------------------------
----

ကာလာမတို့-

...
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊
အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

" ဥပုသ်စောင့် "
~~~~~~~~

ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်၊ ကျောင်းထွက်မယ်။
...

မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့၊ ပျင်းလှတယ်။

ကျောင်ကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့၊ ရိုက်လိမ့်မယ်။

မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို၊ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။

- မင်းသုဝဏ်

" နိုင်ငံရဲ့မိုးသောက်ကြယ်တွေ
"
-------------------------------

" လူငယ်ဆိုတာ ငါစွဲမကြီးရဘူး။ ငါစွဲမသို၊
ကိုယ်စွဲမထား၊ မေတ္တာပွားမှ လူငယ်တရား
...
ရှိရာရောက်မယ်။ လူငယ်အင်အားဖြုန်းတီးရင် နိုင်ငံကြီးပြိုပျက်မှာ
သေချာတယ်။ လူငယ်တွေဖရိုဖရဲဖြစ်နေသမျှ
နိုင်ငံပြိုကွဲမှာမုချ။

လူငယ်တွေဟာ ကိုယ့်အခန်းကဏ္ဍကို ဖော့တွက်လို့မရဘူး။
နိုင်ငံရဲ့ တန်းဖိုးရှိတဲ့အသီးအပွင့်တွေဆိုတာ အမြဲသတိရရမယ်။
ကိုယ့်တန်ဖိုးဟာ နိုင်ငံအတွက် အင်မတန်ကြီးမားပြီး တန်ဖိုးရှိတဲ့ခွန်အားဆိုတာမမေ့ရဘူး။ လူငယ့်ဂုဏ်ကို အမြဲတစေပွားများနေအပ်တယ်။

ငယ်ရွယ်နုပျိုခြင်းဆိုတာ ထာဝရမပိုင်ဆိုင်ဘူး။ တခဏသာပိုင်ဆိုင်ခြင်းဖြစ်တယ်။
ခုလို သွေးသစ်သားသစ်
လောင်းတုန်း၊ အရွယ်ကောင်းတုန်း၊
အကျိုးရှိအောင်နေရမယ်။ ကျင့်သုံးရမယ်။
ပျက်စီးလေလွင့်နေမယ်ဆိုရင် ဘ၀တခုလုံး
အမှိုက်ပုံလို တန်ဖိုးမဲ့ သွားလိမ့်မယ်။ "

‘တက်လူသာလျင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျာအောင်လံထူမည်တည်း’တဲ့…
မျိုးချစ်စာဆိုကြီး ဆရာဇော်ဂျီကလှုံဆော်ခဲ့ဖူးတယ်။

ဟုတ်တာပေါ့။
" တိုင်းပြည်တခုရဲ့အနာဂတ်ကိုသိချင်ရင်
ဒီနေ့လူငယ်တွေ အခြေအနေကို အကဲခတ်ကြည့်ရင်
သိနိုင်တာပေါ့။ လူငယ်တွေဦးတည်ချက်လွဲနေရင်
အပျော်ကြူးပြီး ယစ်မူးနေရင်၊ အချင်းချင်းအစေးမကပ်၊
စိတ်ဓါတ်တွေအကြောင်အကျားနဲ့ တကွဲတပြားဖြစ်နေရင်
ဒီတိုင်းပြည်နာပြီသာမှတ်ပေတော့…။ အောင်ဆန်းလို
လူငယ်ကလေးတယောက် ထွန်းထွန်းတောက်တောက်
ပေါ်ပေါက်လာလို့ တို့တိုင်းပြည်ဟာ ကိုလိုနီထမ်းပိုး
အောက်ကလွတ်မြောက်ခဲ့ရတယ်။ "

- ဆရာကြီးတင်မိုး

" ငါသေသွားရင် တိုင်းပြည်နဲ့ လူမျိုး၊
ဘာသာ သာသနာ အတွက် ဘာထားခဲ့မလဲ၊
ထားနိုင်အောင် ကြိုးစားပါ။
မိမိအတွက် သံသရာကို ဘာယူသွားမလဲ
သံသရာအတွက် အနှစ်ကိုလည်း
...
ယူသွားနိုင်အောင် ကြိုးစားပါ။ "

မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက်
မိမိကြောင့် သူတပါးကိုယ်စိတ်နှစ်ပါး
ဒုက္ခမရောက်အောင်နေတတ်ဖို့
ကျင့်တတ်ဖို့ကပိုပြီးအရေးကြီး
ပါတယ်။
သူတစ်ပါးအကျိုးစီးပွားနှင့် မိမိအကျိုးစီးပွား
တိုးပွားအောင် ကြိုးစားပြီးနေတတ်ဖို့ အရေးကြီး
ပါတယ်။

မာဝမညေထ ပုညဿ -
" ကောင်းမှုကိုသေးငယ်သည်ဟူ၍ မထေမဲ့မြင် မပြုနှင့်။ "
နစခုဒ္ဒ မာ စရေကိဉ္စိ ----
" မကောင်းမှုကို သေးငယ်သည်၍လည်း မပြုမိစေနှင့်။ "

- သီတဂူဆရာတော်အရှင်ဉာဏိဿရ (D.Litt) (Ph.D)

"
" မင်းမမှန်ရင် မင်းတရားခံဖြစ်မယ် " - တင်မိုး
-----------------------------------

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ။
...
ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ။
တရားဆိုတာ
ညှာလည်းမညှာ
ညာလည်းမညာ
သာစေ နာစေ မရှိ
ပကတိ
သူ့ သဘော သူဆောင်ခြင်း ပဲ။

ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့မင်းရဲ့အနာဂါတ် ။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။

မင်ဘာလည်း
မင် ဘယ်သူလည်း
မင်းဟာ မင်းဘဲ ။

- ဆရာတင်မိုး
Blog 
EntryJun 4, '11 11:59 PM
for everyone
Biography/ ငယ်စဉ်ဘဝ
(Kyway Yote Lay) ဟုတ်ကဲ့... ဦးသန့်ရဲ့အကြောင်းကို စပြီးတော့ပြောရမယ်ဆိုရင် သူ့ရဲ့ငယ်ဘဝလေးကို တစ်ချက်ကြည့်ကြမယ်နော်။ ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့ပါတယ်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ ခေါ်တွင်ကြပါတယ်။ ဦးသန့်ရဲ့မိဘတွေဟာ အောင်မြင်တဲ့ မြေပိုင်ရှင်နဲ့ ဆန်ကုန်သည်တွေဖြစ်ကြပါတယ်။ ဖခင်ဦးဖိုးနှစ်က မွတ်စလင်နဲ့ ဗုဒ္ဓဘာသာသွေးနှောတဲ့မျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်ပြီးတော့ ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့ပါတယ်။ 10မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်ဟာ အသက်၁၄နှစ်သား သာရှိပါသေးတယ်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်ဟာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

ဦးသန့်ဟာ ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို ဆက်ပြီးသင်ယူခဲ့ပါတယ်။ တက္ကသိုလ်ပြီးသွားတော့ ပန်းတနော်အမျိုးသားကျောင်းမှာ ကျောင်းဆရာ လုပ်ဖို့ပြန်လာခဲ့ပါတယ်။ အသက် ၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အနီးအနားမှာရှိတဲ့ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (နောင်တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်) ဦးနုနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ကဲ.. DollFace က ဆက်ပြောပေးပါဦးနော်။


(DollFace) ဟုတ်ကဲ့..။ ဦးသန့်ဟာ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။
ပြည်သူ့ဝန်ထမ်းဘဝ
(DollFace) လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်ရှင်။ အဲ့ဒီနောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံသတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြီးချုပ်ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေရေးသားပေးတာ၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးတာ၊ နိုင်ငံခြားဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးတာ စသဖြင့်ဆောင်ရွက်ခဲ့ရင်းနဲ့ ဦးနုရဲ့ အယုံကြည်ရဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ conference 11အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

(Craton) နောက်ပိုင်းမှာ အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင်ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ New York ကိုစေလွှတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်ဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက တစ်ချိန်တည်းမှာပဲ ယာယီကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်း” အရ “မဟာသရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။ ကဲ.. ကျွန်တော်ကပဲ ကုလသမဂ္ဂအဖွဲ့ဝင်ထဲကို ဦးသန့် တဖြည်းဖြည်းဝင်ရောက်လာပုံကို အနည်းငယ်ဆက်ပြောသွားပါမယ်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဆောင်ရွက်ချက်များ)

(Craton) ဦးသန့်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံးရရှိခဲ့တဲ့သူပါ။
4၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဂ် ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjöld) ရဲ့ မကုန်ဆုံးသေးတဲ့သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီအထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရပါတယ်။ အဲ့ဒီနောက် ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်းခံရပါတယ်။ သူ့ရဲ့ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စေ့စပ်ပေးခဲ့ပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ ဆက်လက်ပြီးတော့ ဦးသန့်ရဲ့ ဒုတိယရာထူး သက်တမ်းအကြောင်းလေးကို မကြွေရုပ်လေးကပဲ တင်ဆက်ပေးပါဦးမယ်။

12

ကျူးဘားဒုံးပျံပြဿနာအားဖြေရှင်းပြီးသည့်နောက် ဦးသန့် သတင်းမီဒီယာအား ပြောကြားစဉ်

(Kyway Yote Lay) ဟုတ်ကဲ့ပါရှင်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံရပါတယ်။ ဒီဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်ဟာ အလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက,က နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စတွေ၊ 5တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးတွေ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး၊ ၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်မှုအရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမယ့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦးအကြား ဦးသန့်ဟာ “တတိယ ဘာသာစကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံအဖြေရှာရေး” ကိုအခြေခံပြီး စေ့စပ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။


ဒီအရေးအခင်းတွေအားလုံးဟာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်တဲ့အပြင် စစ်ဖြစ်ကြမယ့်အရေးတွေဖြစ်ပြီး ဦးသန့်ရဲ့လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့်သာ စစ်ကိုရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who's Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်းပါဝင်ပြီး နိုင်ငံတကာအရေးအခင်းတွေကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်းရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်းမြောက်များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်ရှင်။


(Craton) ဟုတ်ကဲ့။ ဦးသန့်ဟာ UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်လို့ စိတ်ဝင်တစားလေ့လာခဲ့သလို ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ 6James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့ဖူးပါတယ်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ အဲ့ဒီတော့ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါက်များစွာ အပူတပြင်းလိုက်ရှာရတော့တာပေါ့။ နောက်ဆုံးမှာတော့ ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်ပါတယ်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲအပ်ပေးခဲ့ပါတယ်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်ဟာ Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့ပါတယ်။


နောက်ဆုံးနေ့ရက်နှင့် မိသားစု


3(DollFace) ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ဦးသန့်ဟာ အဆုတ်ကင်ဆာနဲ့ New York မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ဦးသန့်ရဲ့ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်ကိုပြန်ပို့ပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားပါတယ်။ အဲ့ဒီမှာပဲ တသီးတသန့်မြှုပ်နှံဖို့ဆိုပြီး ကျောင်းသားနဲ့ပြည်သူတချို့က ဦးသန့်ရုပ်အလောင်းကို လုယူသွားပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းမှာ မြှုပ်နှံသဂြိုလ်လိုက်ကြပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း ကျောင်းသားတွေကပဲ ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်လိုက်ကြပါတယ်။ အဲ့ဒီကစလို့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်လင်းအားကြီးချိန်မှာ အစိုးရက ကျောင်းဝင်းထဲဝင်ရောက်ပြီး ဦးသန့်ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားပြန်ပါတယ်။ နောက်ဆုံးမှာတော့ ဦးသန့်ကို ရွှေတိဂုံစေတီတော် ခြေရင်းမှာ မြှုပ်နှံပေးလိုက်ပါတယ်။ အဲ့ဒီအချိန်တုန်းက လူထုအုံကြွမှုကိုပဲ “ဦးသန့်အရေးအခင်း” လို့ ခေါ်တွင်ပါတယ်။

ဦးသန့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်... ဦးသန့်ဟာ ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီးတော့သမီးတစ်ဦး၊ မြေး ၄ဦးနဲ့၊ မြစ် ၃ဦး ထွန်းကားခဲ့ပါတယ်။ ဦးသန့်ရဲ့ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့်ဝန်ထမ်းတစ်းဦးဖြစ်ပါတယ်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသားထုတ်ဝေခဲ့ပါသေးတယ်ရှင်။


အတွေ့အကြုံ၊ အမြင်နှင့် ဂုဏ်ပြုမှုများ


(Kyway Yote Lay) ဦးသန့်ရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး  သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အရေးအခင်းတွေအကြောင်းကို ရေးသားထားတဲ့ "View From the UN" ဆိုတဲ့စာအုပ်ကို American Publishing House က ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီလိုဖြေရှင်းရတဲ့အခါ နိုင်ငံတကာခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံတွေကိုလည်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။ ၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေးနားလည်မှုရရှိရေး ကြိုးပမ်းချက်အတွက် နေရူးဆုပေးအပ်ခဲ့ပြီး ဆုနဲ့အတူပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးကပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ်အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးအပ်ဖို့တောင် လျာထားခြင်းခံခဲ့ရပါတယ်။ မြန်မာပြည်ကပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပါတယ်။
7
(DollFace) ဟုတ်ကဲ့။ ဦးသန့်ရဲ့အသက် ၁၀၀ ပြည့်အထိမ်းအမှတ်မွေးနေ့ပွဲမှာတော့  လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဂုဏ်ပြုသ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဂ် ဟမ်းမားရှိုး ကွယ်လွန်ပြီးနောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ကျေပွန်ခဲ့သူတဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တစ်ခုတည်းသော ကမ္ဘာ့မိသားစုဖြစ်ရေးနဲ့ ကမ္ဘာ့မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။ ဦးသန့်နဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစတဲ့  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူဖြစ်ကြောင်း ၂၀၀၃ ခုနှစ်ကပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထ8ည့်သွင်းပြောကြားခဲ့ဖူးပါတယ်။


(Craton) ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ U Thant Peace Award ဆိုတဲ့ ငြိမ်းချမ်းရေးဆုကိုတီထွင်ပြီး နှစ်စဉ်ချီးမြှင့်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရဲ့ သံရုံလမ်းကိုလည်း Jalan U Thant (ဦးသန့်လမ်း) ဆိုပြီးတော့ ဦးသန့်ကိုဂုဏ်ပြုတဲ့အနေနဲ့ နာမည်ပေးထားပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မြစ်မှာရှိတဲ့ Belmont Island ဆိုတဲ့ကျွန်းငယ်လေးကိုလည်း U Thant Island ဆိုပြီး ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လည်း တိုကျိုမြို့ရဲ့ United Nations University (UNU) ဌာနချုပ်မှာ “U Thant Honorary Lecture Series” ဆိုတဲ့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားပေးနေပါတယ်။ အဲ့ဒီအပြင် အဲ့ဒီဌာနချုပ်က Conference ခန်းမကြီးကိုလည်း 

ဦးသန့်အမည်နဲ့ပဲ မှည့်ခေါ်ထားပါတယ်။ အဲ့ဒါတွေအပြင် United Nations International School မှာ U Thant Scholar ဆိုတဲ့ပညာသင်ဆုကိုတောင် ပေးအပ်ချီးမြှင့်ပါတယ်။

ဇင်မင်းထွန်း(အမရပူရ) မှကူးယူဖေါ်ပြပါတယ်

လေးစားလျှက်           ဦးသက်ဦး