ပစ်မရှိ ပြစ်ရှာ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နှဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, June 28, 2013
ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ကညာရှိက၊ သတိရလိမ့်
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏။
ရှင်မဟာသီလ၀ံသ
ငါနှင့်ငါသာ၊နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
စိတ်ကျန်းမာန်လျှော့၊ ကျွန်ကန်တော့၏။
ရှင်မဟာရဌသာရ
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ကညာရှိက၊ သတိရလိမ့်
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏။
ရှင်မဟာသီလ၀ံသ
ငါနှင့်ငါသာ၊နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
စိတ်ကျန်းမာန်လျှော့၊ ကျွန်ကန်တော့၏။
ရှင်မဟာရဌသာရ
Monday, April 8, 2013
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။
တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။
အောင်မြင်မှုရရှိခဲ့သူတွေရဲ့နော
က်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို
ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့
သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့
ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်း အနေနဲ့
ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ
နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက
ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ.
မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ်
နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ
လိုက်ရှာနေကြတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပ င်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင် ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်ေ တွ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်း
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပ
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မ
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်ေ
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ
အိမ်ပြန်လမ်း
ညဟာ အိမ်ပျောက်သူတွေအတွက် ရက်စက်လွန်းတယ်
ညဟာ အိမ်ပျောက်သူတွေအတွက် ရက်စက်လွန်းတယ်
အိမ်ဟာ အိမ်မက်သူတွေအတွက် လှပလွန်းတယ်
ငါတို့ဟာ တစ်နေ့ကောင်းနိုး တစ်နေ့ကောင်းနိုးနဲ့
ဆေးတွေတိုးတိုးစားရင်း စိတ်ပဲကျန်တော့တယ်
မင်းဟာဘယ်ဒေသသားလည်းပြောရင်
ငါ အိမ်ကိုမက်တုန်း ဒေါသထွက်တုန်း
လက်ပန်းတောင်းရယ် မင်းကို ကိုယ်ချင်းစာတယ်
သူုတို့ ငါတို့ နှလုံးတွေကို ငါတို့ရင်ဘတ်ကြီးကို ကော်ထုတ်သွားကြတယ်
ငါ.... မကလည်းတီး ကလည်းတီး ရေးတယ်
မီးကလေးမှိတ်တုတ် မှိတ်တုတ် ရေးတယ်
သံခမောင်ဆောင်းနက္ခတ် ရေးတယ်
အိမ်ရဲ့အနားတွေကို လျှာနဲကသပ်ဖို့ပေါ့
ရင်နာနာညတွေကို အိမ်ရဲ့အမှတ်တရတွေနဲ့
ရေဆေးချဖို့လုပ်တယ်
သူတို့အသိအမှတ်ပြုချင်ပြု မပြုချင်မပြု
ငါကတော့ ငါ့ကိုယ်ငါ အဟုတ်ပဲ
အိမ်ရေ.. မင်းအတွက်ငါစိတ်ပူတယ်
မင်းဆီမှာပဲနေချင်တယ်၊ သူစိမ်းတွေဘယ်လောက်ကောင်းကောင်း
မင်းလောက်မကောင်းကြပါဘူး အိမ်
ငါလာခဲ့ပါ့မယ် မနက်ဖြန် မင်းဆီအရောက်ပြန်လာခဲ့ပါ့မယ်
မင်းကျောက်ဖားကကြိုနေနော်... ရှုခင်းသာကကြိုနေနော်
အဲဒီမှာဆယ်တန်းအောင်စာရင်းထွက်တော့
ငါတို့အရက်သောက်ကြတယ်
အင်းကောင်းရောနေကောင်းလား
လူးထပြန့်ရောကျန်သေးလား
ခြင်္သေ့ရေမှာရော ခရိုနီတွေ သံခမောက်ချွတ်တွေ ဂေါက်ရိုက်ကြလား
တကောင်းနန်းတိုင်ရေ မင်းငိုသံတိတ်နော်
အနောက်တော ခဏတောင့်ထားပါနော်
ဘိုးတော်ကြီးကို သူမကောင်းကမောင်းလိုက်ဖို့
သူမဟုတ်က ထုတ်လိုက်ဖို့ ဆုတောင်းပေးမယ်
အမေဒေါ်နန်းကြည် သားပြန်လာပြီ
သားလည်းအမေနဲ့အတူတူ သူတို့ကိုစိတ်နာတယ်
ငါမျက်ရည်ကျနေပါလား... ဘာ့ကြောင့်လဲ ဘာအတွက်လဲ
ပျော်နေရမယ့်အစား ...ငါပျော်နေရမယ့်အစား...
ငါပျော် နေ ရ မယ့် အ စား ......။
ပြတ်သား
Sunday, March 31, 2013
မျက်ဖြေလင်္ကာ
မျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြုံ
လတ်တုံမူ၊ တုံ့မယူလို၊ (စိတ်မြဲသို၍) ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။ ။
အနန္တသူရိယအမတ်ကြီး
THE NATURE OF THINGS
(Release from Anger )
Often a man suffers destruction
In order that a nother man
Might enjoy well-being.
Such is the nature of things!
A courtier's satisfaction
In enjoying kingly confidences
In golden palaces
An a King's own good fortune
Are merely bubbles
On the surface of vast ocean
Momentary and evanescent.
If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.
Respectfully I salute His Majesty.
Should I again meet my lord the king
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him.
Impermanent is my body of blood.
Anantasuriya
(Translated by U Phay Mg Tin)
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြုံ
လတ်တုံမူ၊ တုံ့မယူလို၊ (စိတ်မြဲသို၍) ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။ ။
အနန္တသူရိယအမတ်ကြီး
THE NATURE OF THINGS
(Release from Anger )
Often a man suffers destruction
In order that a nother man
Might enjoy well-being.
Such is the nature of things!
A courtier's satisfaction
In enjoying kingly confidences
In golden palaces
An a King's own good fortune
Are merely bubbles
On the surface of vast ocean
Momentary and evanescent.
If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.
Respectfully I salute His Majesty.
Should I again meet my lord the king
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him.
Impermanent is my body of blood.
Anantasuriya
(Translated by U Phay Mg Tin)
Friday, March 8, 2013
မယ်ဖ
ကဗျာဆရာဟာ ချစ်သူကို မြတ်နိုးတွယ်တာသလိုမယ်ဖကို မြတ်နိုးတွယ်တာတယ်
သူ့ရင်အုံအတွင်းသားထဲမှာ
သံတောင်ကြီးနဲ့ကျောက်ထီးပမာ ထီးထီးကြံ့ခိုင်နေတဲ့
ရာဇ၀င်စာမျက်နှာတစ်ချပ် ရှိတယ်ဆိုပါစို့
ဘယ်နေရာက စဖတ်ဖတ် မယ်ဖကို တွေ့နိုင်တယ်။
မယ်ဖဟာ
သူ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကို
သူကိုယ်တိုင်ရေတွက်ဖို့ အခွင့်မသာတဲ့အခါ
ကဗျာဆရာကို ချောဆင့်တယ်၊
မယ်ဖကို မယ်ဖဆန်စေချင်လှတဲ့ကဗျာဆရာဟာ
ဒဏ်ရာတွေကို မျက်ရည်အစက်စက်နဲ့ ရေတွက်ခဲ့တယ်။
ကွေ့သောကောက်သောလမ်းတို့ရဲ့အဆုံးမှာ
နှလုံးသားဖြောင့်တဲ့မယ်ဖကိုတွေ့ရမယ်။
ထူအမ်းနီစွေး
မြေစေးဖျော်ရည်ပျစ်ပျစ်တွေ
ရက်လွန်လက်ဖက်ရည်တစ်ခွက်လို
ညိုညစ်ညစ် ကနယ်မှုန်အနယ်အနှစ်တွေ
ပျော်ဝင်ပြည့်သိပ် ဘ၀တူလူသားတွေ
မယ်ဖကိုတန်ဆာဆင်ကြ
မြို့ရဲ့နံရိုးထဲ
အကြိုအကြားမကျန်
ပတ္တရောင်လှည့် ရစ်ခွေစီးဆင်းနေကြ။
အနိမ့်အမြင့် ချိုင့်ဝှမ်းလျှိုမြောင်အသွယ်သွယ်
ခြေချင်းခေါင်းချင်းဆက် ယှက်နွယ်အိမ်စဉ်အိမ်တန်းများ
မယ်ဖဟာ အသက်ငွေ့ငွေ့လေး ရှိနေသေးတယ်။
ခြံတွေထဲမှာ တောင်ကုန်းတွေပေါ်မှာ
သစ်တော်ပင် သစ်တော်သီးတွေ
စိမ်းဖန့်ဝင်းပ ကိုင်းညွှတ်ပြွတ်ခဲ
ဖွံ့ဖွံ့ကားကားနဲ့ အလုံးထွားလှချည့်
မြို့နေလူထုကိုများ လှောင်နေရော့သလား။
ကော်ဖီပင်တွေပေါ့
မာနကြီးတခွဲသားနဲ့
ထည်ထည်ဝါ၀ါတောင်ကတုန်းကြီးတွေပေါ်ကနေ
ပြောင်ပြောင်ရောင်ရောင် စီးမိုးကြည့်နေကြသေး
မယ်ဖဟာ သနားစရာလား။
လက်ဖက်ပင်ပျိုစိမ်းအုပ်အုပ်တို့
သင်္ကြန်ယိမ်းတိုက်နေသလို ညီလှစီလှ
တောင်ပေါ်လေညှင်းသွဲ့သွဲ့မယ်
မယ်ဖက ကွက်ကျားမိုးရွာတယ်။
တိုက်တာအိုးအိမ်ကြီးတွေ ထည်ဝါလှချည့်
ကားကြီးကားငယ်တွေ ဆန်းသစ်တောက်ပြောင်လှချည့်
ပွဲနေပွဲထိုင်အ၀တ်အစားတွေနဲ့ ဂုဏ်ရည်ကြီးမြင့် အသရေတင့်လှချည့်
"ကျွန်တော့ခန္ဓာအိမ်ထဲမှာ ဒီလူလေးတစ်စုထဲ
ကွက်ပြီးနေတာမဟုတ်ဘူးလေဗျာ" တဲ့
လီရှောမီးတောက်အရက်နဲ့ ခပ်ထွေထွေဖြစ်လာပလားဆိုရင်
မယ်ဖဟာ လက်ဖက်ပင်လေးကို ဒီလိုပြောရှာရဲ့။
ဆန်မထွက် ဆီမထွက်ရှာတဲ့မယ်ဖ
ဂေါ်ရခါးသီးနဲ့မုန်ညှင်းကိုသာ ပေါပေါလောလောရနိုင်တဲ့ မယ်ဖရယ်လေ
ဘုစုခရုတံတားလေးတွေအများကြီးထဲက တစ်စင်းတစ်လေ ပျက်ယွင်းသွားရင်ကိုပဲ
ကမောက်ကမကုန်ဈေးနှုန်းနဲ့ တအုန်းအုန်းရိုက်ပုတ်ခံရတတ်သေးတာ။
ရှေးအဘိုးအဘွားတို့က ပြောကြတယ်
မြို့သူမြို့သားတို့ ဆင်းရဲကျပ်တည်းလာပြီဆိုရင်
ကြည့်ရှုစောင့်ရှောက်ပေးတတ်လို့
ပြင်ပေးဆင်ပေးတတ်လို့
ကြမ္မာကောင်း လာဘ်ကောင်းတွေကို ဆောင်ကြည်းပေးတတ်လို့
"မယ်ဖ" လို့တွင်သတဲ့၊
အဲဒီလို ရာဇ၀င်အခင်းအကျင်းနဲ့ မယ်ဖဟာ
သူ့လည်မြိုမှာ တစ်စုံတစ်ရာ ဖိညှစ်ခံထားရပေါ့
အသံမထွက်နိုင်ရှာတော့ဘူး
ကိုယ်ကျပ်အင်္ကျီသေးသေးလေးနဲ့
သူကိုယ်တိုင်မှာ ကျပ်ထုပ်လို့နေပေါ့
လူရိုးလူကောင်းကြီး မယ်ဖ
မြို့သူမြို့သားတို့ရဲ့ ဟီးရိုးကြီး မယ်ဖ
ခွန်အားရှိသမျှ ရုန်းခဲ့လှုပ်ခဲ့တယ်(သူဟာ သူ့ရာဇ၀င်ကို တန်ဖိုးထားတယ်)
၁၉၉၄ အလွန်နှစ်များမှာ အငိုက်မိသွားရရှာသူ မယ်ဖဟာ
၂၀၀၀ ပြည့်နှစ်အလွန် ကာလများမှာတော့
ရုန်းလေနစ်လေ၊ လှုပ်လေမြုပ်လေနဲ့
သူဟာ တုပ်ချည်စည်းနှောင်ခြင်းခံလိုက်ရတော့တယ်။
၁၉၉၅ အလွန်နှစ်များမှာ
မယ်ဖဟာ အချိုးအကွေ့တွေ များလွန်းခဲ့တယ်
သက်ရှိတွေကိုပါ ခါးပိုက်ထဲထည့်ထားလို့ရတယ်ဆိုတာ သိလိုက်ရတော့
မယ်ဖဟာ အံ့သြလှပေါ့
သက်ရှိအကြီးကြီးတွေ၊ သက်ရှိပေါက်စနလေးတွေကလဲ
ခါးပိုက်ထောင်တွေထဲမှာ ပြုံးလို့ပျော်လို့
ဆိုတော့....
မယ်ဖဟာ ထပ်ဆင့်အံ့သြရပြီပေါ့။
ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေး
ဒီလိုပဲ စူးစူးဝါးဝါး အော်ခဲ့ကြ
လက်သီးလက်မောင်းတန်းကြ
သစ်သစ်လွင်လွင်ဆိုင်းဘုဒ်ကလေးတွေထောင်ကြ
မယ်ဖနဲ့ဘယ်လိုမှ မအပ်စပ်လှတဲ့
ကိရိယာတန်ဆာပလာတွေ ယူဆောင်လာကြ
(လူတွေက အဲဒီကိရိယာတန်ဆာပလာတွေကို မြင်ရုံနဲ့ကြောက်တယ်)
စာနာစိတ်ပလပ်ခေါင်းအဖြုတ်ခံထားရတဲ့ လူလိုအကောင်ကြီးတွေ
အမည်းတွေကို အဖြူလုပ်ဖို့
မယ်ဖရဲ့ရင်ခေါင်းထဲ ဒရကြမ်းဖြိုဖျက်တွန်းဝင်လာကြ
အူ၊ အသဲ၊ အဆုတ် ကလီစာအမှုန်အမွှားလေးတွေမကျန်
ပုဝါမကူ ရေမရှူစတမ်း စုပ်ယူဝါးမြိုကြ
ဗီဇာသက်တမ်းတွေ အလီလီတိုးကြ
သဘောတူညီမှုတွေ အထပ်ထပ်ယူကြ
အခု မယ်ဖဟာ
ငြိမ်းချမ်းရေးအသံကြားရင်ကိုပဲ
ခြေတွေလက်တွေတုန်လို့...။
နေကြာပန်းပန်ချီကားထက် လှပတဲ့တင့်တယ်မှုမျိုး
နေကြာပန်းရုပ်ရှင်ဇာတ်ကားထက် သာလွန်တဲ့စွဲမက်ဖွယ်ရာမျိုး
တောင်နေကြာတွေ ၀ါရွှေထိန်တောက်လို့
တောတွေအဆင့်ဆင့် တောင်တွေအထပ်ထပ်
နနွင်းရည်တွေ လိမ်းကျံပက်ဖြန်းထားသလို
ဟည်းဟည်းထရွှေတောင်ကြီးတွေကြားမှာ
မယ်ဖဟာ ဖော်ဖော်ရွေရွေပြုံးလို့
မယ်တော်ကြီးတောင်၊ ဆင်ဖြူတောင်
တောင်တော်အထွတ်အမြတ်တို့မှာ
တရားဓမ္မသံတို့ ငြိမ်းအေးကြည်သာစွာ ပျံ့လွင့်လို့
ဆည်းလည်းသံလေးတွေ တေးဆိုလို့
ကျေးငှက်ကလေးတွေ ပျံဝဲလှုပ်ရှားလို့
လက်ဖက်ရနံ့လေးတွေ သင်းပျံ့လို့
ရှမ်းဇီးသီးအ၀ါကလေးတွေ ပျောင်းအိညွှတ်တွဲလို့
ဗမာ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါးနဲ့ ငါတို့ရဲ့မိတ်ဆွေများဟာ
သာရေးနာရေး အစုစုအမှုမှု၊ ဒေသရိုးရာပွဲတော်အသီးသီးမှာ
ချစ်ခင်စည်းလုံးစွာ ညီညွှတ်စုဝေးလို့
မြို့သူမြို့သားတွေက ဘုရားသွားကျောင်းတက်ပြုလို့
မယ်ဖဟာ လူ့ဂုဏ်သိက္ခာမီးရှူးတန်ဆောင်ကို အမြင့်မားဆုံးထွန်းညှိလို့
မယ်ဖဟာ စားဝတ်နေရေး အမှုကြီးသုံးပါးကို နိုင်နိုင်နင်းနင်း ထမ်းပိုးလို့
မယ်ဖဟာ နှင်းမြူဖွေးဖွေးကြားမှာ နွေးထွေးလုံခြုံလို့
မယ်ဖဟာ ဇာပုဝါပါးပါးလေး ခြုံလို့
ကမ္ဘာကြီးနဲ့လဲ အဆက်အဆံမပျက်ခဲ့ဘူး
အမျိုးကောင်းပီသမို့ အိနြေ္ဒလဲမကလက်ခဲ့ဘူး
ယိုးဒယား၊ လန်ဒန်၊ အမေရိကား မြို့ကြီးပြကြီးတွေနဲ့
ရိုးရိုးဖြောင့်ဖြောင့် ကူးလူးဆက်သွယ်လို့
မယ်ဖဟာ တကယ်ကိုနူးညံ့သိမ်မွေ့စွာ လှပခဲ့ပါတယ်လေ။
အခုတော့
ည ၈နာရီကျော်ရုံလေးနဲ့
မယ်ဖဟာ အိပ်မောကျသွားရှာပြီ
မယ်ဖကလမ်းတွေဟာ
မယ်ဖကလူတွေအတွက် ပျော်ရွှင်ဖွယ်မကောင်းတော့
မယ်ဖကပွဲလမ်းသဘင်တွေဟာ
မယ်ဖကလူတွေအတွက် သိုက်သိုက်ဝန်းဝန်းမရှိတော့
မယ်ဖကထွက်ရှိသမျှတွေဟာ
မယ်ဖကလူတွေအတွက် မဟုတ်တော့
ယုတ်စွအဆုံး
လက်ဖက်ရည်ဆိုင်က သီချင်းသံတောင်
မယ်ဖကလူငယ်တွေအတွက် ပီပီသသမရှိတော့
နေ့စဉ်နဲ့အမျှ လူငယ်တွေဟာ
ကျောက်ဖျာကြီးကို ကျော်ခွခုန်ထွက်ပြီး
မယ်ဖနဲ့ဝေးရာဆီကို ပြေးနေကြပြီ။
သန္တာ၊ မြ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ကြောင်
သွေးရဲ့အဆင်းလိုလှပ
နီစွေးပတ္တမြားနဲ့ မိုးပြာရောင်နီလာညီနောင်တို့လဲရှိ
တွင်းထွက်ကျောက်မျက်ရတနာတွေ အမျိုးစုံလင်လှချည့်
ရတနာတွေဖင်ခုထိုင်ထားတဲ့မယ်ဖဟာ
အထည်ကြီးပျက်တစ်ယောက်လို
ရွှေထီးဆောင်းဇာတ်လမ်းတွေနဲ့ နှစ်သိမ့်ခံထားရပြီ။
ခွေးတွေကြက်တွေလို မြေကြီးကို နာနာယက်ကြ
ကြွက်တွေလို ဂလိုင်တွေတူးဆွကြ၊ လိုဏ်ခေါင်းတွေဖောက်ကြ
စစ်ပွဲကြီးတစ်ပွဲဆင်နွှဲနေသလို
ဒိုင်းနမိုက်တွေ၊ ယမ်းအားပြင်းပြင်းတွေနဲ့ ဖောက်ခွဲလိုက်ကြ
တောင်တန်းတွေကို အပိုင်းပိုင်းခုတ်ထစ်လိုက်ကြ
မယ်ဖရေ....
စမ်းချောင်းကလေးရေ.......
စိမ်းညို့တောအုပ်တို့ရေ.........
ဒဏ်ရာတွေနိုင်းချင်းနဲ့ အားတင်းလို့ဆိုကြ
ငါတို့ အနိုင်ကျင့်ခံရတယ်
ဒါ..မတရားမှုသက်သက်ကြီးပါကွယ်။
သရဲသဘက် မြေကော်စက်ကြီးတွေ
တစ္ဆေလက်တံအရှည်ကြီးတွေ
ယမ်းပေါက်ဖော် လွန်ပူသေနတ်ကြီးတွေ
ဖွတ်ချက်ဖွတ်ချက်နဲ့ မယ်ဖရဲ့ရင်သားတွေကို
၂၄နာရီ ထိုးဆွမွှေနှောက်နေတဲ့
အစားကြူးသူ စက်ယန္တရားကြီးတွေ
ကျွန်တွေလိုမောင်းနှင်တတ်တဲ့ ခရာတွတ်သံတွေ
ရမ်းရမ်းကားကားမောင်းတတ်တဲ့ ဘီးခွံထူထူနဲ့ ကားအမြင့်ကြီးတွေ
နူးညံ့မှုကိုရှာဖွေကြည့်ဖို့
ကျောက်မျက်ရတနာထက်တောင် ရှားပါးခက်ခဲနေတဲ့ လူသေမျက်နှာကြီးတွေ
တရားစီရင်ခွင့်ကို လိုအပ်သလိုပိုင်ဆိုင်နေတဲ့ ဧရာမပုဂ္ဂိုလ်ကြီးတွေ
ကိုယ့်ကြီးထွားမှုကလွဲရင် အခြားဘာကိုမှ မြင်နိုင်စွမ်းမရှိတဲ့
ပြူးကျယ်သောမျက်ပေါက်ကျဉ်းကျဉ်းတွေ.....။
အဲဒီထောင်ချောက်တွေထဲမှာ
အိမ်တွေကျွံကျ မြေတွေကျွံကျ
ကတ္တရာလမ်းမကြီးတွေ ကျွံကျ
စည်ကားအပ်သောနေရာတွေကျွံကျ
ဈေးတွေကျွံကျ၊ လူနေရပ်ကွက်တွေကျွံကျ
ဘုရား၊ ကျောင်း၊ ကန် အကာအရံတံတိုင်းတွေ ကျွံကျ
အဆိုးရွားဆုံးကတော့
လူနေမှုဘ၀အာမခံချက်တွေ ကျွံကျခဲ့ရတာပဲ မယ်ဖရေ။
"စေတနာဆိုမှပဲ
ဖြူပြီပေါ့ဗျာ၊ မည်းပါဦးမလား" လို့ဆိုကြ
စေတနာတစ်ဆကို အခွင့်အရေးဆယ်ဆနဲ့ရော
ငွေကြေးနဲ့နာနာဖျော်
အကျော်အမော်လူတော်ကြီးတွေ ကျက်စားတဲ့နေရာ
မယ်ဖမှာ ဖျာတစ်ချပ်စာအတွက်
ဘွာခတ်နိုင်သူတွေ နေရာရမယ်။
လင်သားကစွန့်ပစ်ခြင်းခံထားရတဲ့ မိန်းမတစ်ယောက်လို
ဝမ်ဗိုက်ဟောင်းလောင်းနဲ့မယ်ဖဟာ
ဆရာကြီးဆိုသူတွေရဲ့ သူကောင်းပြုပေးခြင်းအမှုကို
အတင်းရော ဇွတ်ရော အဓမ္မရော ခံစားကြုံတွေ့နေရပေါ့။
မယ်ဖမှာ ဦးချရမဲ့လူတွေကများတယ်
ဒါကြီးတွေကိုပဲ
ဖူးမ၀ဖြစ်နေတဲ့ ပုပုရွရွဝေနေယျတွေကလဲ ဒုနဲ့ဒေး
ဟေးးးမယ်ဖ
လူရည်လည်ကြီးတွေက မင်းကိုနေ့ပြန်တိုးနဲ့ ချေးစားနေကြပြီကွ
စိတ်မရှည်ကြတော့ဘူးတဲ့ မစောင့်နိုင်ကြတော့ဘူးတဲ့
အမြီးကျက်ဖို့လဲ မလိုတော့ဘူး၊ ခေါင်းကျက်ဖို့လဲ မလိုတော့ဘူးတဲ့
သူတို့ မင်းကိုအစိမ်းလိုက် ၀ါးစားနေကြပြီ မယ်ဖ။
ခံစားနေရတာကို ခံစားနေရတယ်ပြောလို့
ကြုံတွေ့နေရတာကို ကြုံတွေ့နေရတယ်ပြောလို့
ယဉ်ကျေးမှုမရှိဘူးဆိုရင်
ငါ လူရိုင်းပဲလုပ်တော့မယ် မယ်ဖ။
မယ်ဖရေ
မင်းဒဏ်ရာတွေကို ငါဆေးထည့်မယ်
မျက်ရည်တွေကို သုတ်လိုက်တော့
ဒဏ္ဍာရီထဲကဖီးနစ်ငှက်လို ပြာပုံထဲကနေတိုးထွက်ပျံသန်းကြစို့
ဒီတွင်းနက်ကြီးထဲကနေ ငါတို့ အတူတူခုန်တက်ကြစို့။
ညိမ်းညို
(၇-၁၁၊ ၉၊ ၂၀၀၈
Subscribe to:
Posts (Atom)
