Friday, November 23, 2012

လူထုကျန်းမာရေး (((လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ - ၁၁ချက်)


၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)



၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။

(Tingling sensation of limbs)



၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)



၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)



၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)



၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)



၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)



၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)



၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime) အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ
ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)



၁၁။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)



ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်းမှ ကာကွယ်နိုင်ကြပါစေ.....



နောက်ဆုံးတစ်ချက်က အရေးကြီးလို့.............



၁၁။ မျက်စိနှစ်ဖက်လုံးမှောင်အတိ ကျသွားပြီး ... ခန့်မှန်း ၁၅ စက္ကန့်လောက်ပြန်မမြင်လောက်အောင်
ပိန်းပိတ်သွားရင် လေဖြတ်ရန်နာရီပိုင်းသာလိုတော့သည့် အနီးဆုံးအခြေအနေပါ။




ကျန်းမာရေးဂျာနယ် မှ ကူးယူတင်ပြခြင်းဖြစ်သည်.

Friday, November 9, 2012

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် စုံစမ်းမေးမြန်းနိုင်သော ဖုန်းနံပါတ်များ

9/Nov/2012

E-Mail this article Printable Version
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုနေသော မိဘပြည်သူများ၏ ဆက်သွယ်မှု လွယ်ကူအဆင်ပြေစေရန် အလို့ငှာ အိုင်တီဝန်ဆောင်မှု၊ မိုဘိုင်းတယ်လီဖုန်း နှင့် ကြိုးတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုကိစ္စများ၌ သုံးစွဲသူများအတွက် အခက်အခဲများ၊ ကန့်သတ်ချက်များ ရှိပါက မိုဘိုင်းဆက်သွယ်ရေးဌာန၊ အမည်- ၁။ ဦးဌေးဝင်း၊ ရာထူး- အင်ဂျင်နီယာချုပ်၊ မိုဘိုင်းဖုန်း-ဝ၉-၈၆၃ဝဝ၁ဝ၊ E-mail/Address- cemobile@mptmail.net.mm၊ ၂။ ဦးစိုးအောင်၊ ဒုတိယအင်ဂျင်နီယာချုပ်၊ ဝ၉-၈၆၃ဝဝဝ၁၊ ee1_switch@mptmail.net.mm၊ ၃။ ဦးကိုကိုအောင်၊ အင်ဂျင်နီယာမှူး၊ ဝ၉-၈၅ဝဝဝဝ၁၊ ee2_@mptmail.net.mm၊ ၄။ ဦးအောင်ကျော်သက်၊ အင်ဂျင်နီယာမှူး၊ ဝ၉-၅၁ဝဝဝ၂၇၊ bhngsm@mptmail.net.mm၊ ၅။ ဒေါ်ခင်ဖြိုး၊ အင်ဂျင်နီယာမှူး၊ ဝ၉-၅ဝ၂၁ဝ၁ဝ၊ wlugsm@mptmail.net.mm တို့သို့လည်းကောင်း၊ အော်တိုတယ်လီဖုန်းဌာန၊ အမည်- ၁။ ဒေါ်ချယ်ရီမျိုးတင့်၊ ရာထူး- ဒုတိယအင်ဂျင်နီယာချုပ် (အိတ်ချိန်း)၊ မိုဘိုင်းဖုန်း- ဝ၉-၄၅ဝ၄၅ဝ၇၇၇၊ ဝ၁-၃၈ဝ၁၈၈၊ ၂။ ဦးဇော်မင်း၊ ဒုတိယအင်ဂျင်နီယာချုပ် (အိတ်ချိန်း)၊ ဝ၉-၅ဝ၂၁ဝ၆၆၊ ဝ၁-၃၇ဝ၁၈၈၊ Email/Address- ee1_swit_cep@mptmail.net.mm၊ ၃။ ဦးသန်းလှိုင်၊ ဒုတိယအင်ဂျင်နီယာချုပ် (လိုင်း)၊ ဝ၉-၅ဝ၂၁ဝ၅၅၊ ဝ၁-၃၈ဝ၃၃၃၊ ee1_line_cep@mptmail.net.mm၊ ၄။ ဦးသိန်းမြင့်ထွန်း၊ အင်ဂျင်နီယာမှူး (လိုင်း)၊ ဝ၉-၅ဝ၂၁ဝ၇၈၊ ဝ၁-၂၂၂၃၃၃၊ ၅။ ဦးအေးမင်းလှိုင်၊ အင်ဂျင်နီယာမှူး (အိတ်ချိန်း)၊ ဝ၉-၅ဝ၂၁ဝ၈၅၊ ဝ၁-၃၇၂၁၈၈၊ ၆။ ဦးကျော်ဝင်း၊ အင်ဂျင်နီယာမှူး (အိတ်ချိန်း)၊ ဝ၉-၅၄၂၁ဝ၉၉၊ ဝ၁-၅ဝဝ၉၉၉၊ ၇။ ဦးဇော်မင်းဦး၊ အင်ဂျင်နီယာမှူး (OCS)၊ ဝ၉-၅၄၂၁ဝ၇၇ တို့သို့လည်းကောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ အမည်- ၁။ ဦးခင်မောင်ထွန်း၊ ရာထူး- အင်ဂျင်နီယာချုပ်၊ မိုဘိုင်းဖုန်း- ဝ၉-၈၆၃ဝဝ၄၂၊ E-mail/Address- khinmaungtun.ceit@mptngw.net.mm၊ ၂။ ဒေါ်ခင်ဆွေဌေး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ ဝ၉-၅၁ဝဝဝ၅ဝ၊ ဝ၉-၈၆၃ဝဝ၅ဝ၊ kshtay@mpt.net.mm၊ ၃။ ဦးရဲနိုင်မိုး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ ဝ၉-၅ဝ၂၁ဝ၇၄၊ yenaingmoe@mptngw.net.mm၊ ၄။ ဒေါ်နွယ်နီစိုးရင်၊ အင်ဂျင်နီယာမှူး၊ ဝ၉-၂ဝဝဝဝ၃၇၊ nwenisy@mptngw.net.mm၊ ၅။ ဦးနေလင်းထွန်း၊ အင်ဂျင်နီယာမှူး၊ ဝ၉-၅ဝ၂၁ဝ၇၂၊  naylinhtun@mptngw.net.mm၊ ၆။ ဦးအောင်သူဟိန်း၊ အင်ဂျင်နီယာမှူး၊ ဝ၉-၈၃ဝဝဝ၅၆၊  aungth@mptngw.net.mm၊ ၇။ ဒေါ်ညိုညိုစိမ့်၊ အင်ဂျင်နီယာမှူး၊ ဝ၉-၅ဝ၂၁ဝ၂၅၊ nnseint@mptngw.net.mm၊ ၈။ ဒေါ်လှမြတ်ဟန်၊ မန်နေဂျာ၊ ဝ၉-၅၄ဝဝဝ၂၃၊ hlamyathan@mptngw.net.mm စသည့် ဖော်ပြပါဌာနများ၏ အရာရှိများထံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Monday, November 5, 2012

မြနန္ဒာဂျာနယ် အတွဲ-၁၊ အမှတ်၄၂၊ စာမျက်နှာ-၁၃က ဆောင်းပါးလေးပါ



“ကွယ်ဒေါင့်ကလေးများ”
          “ဟာ…….အပျိုကြီးတွေ ဈေးအဝေးကြီးကို တကူးတက လာလိုက်ကြတာဟေ့” လို့ ကျွန်တော်တို့နေ့စဉ်ထိတွေ့ သွားလာနေရသော ရုံးမှ အပျိုကြီးမမတို့အား နောက်လိုက်မိသောအခါ “ဟဲ့….အကောင်တွေရဲ့ ငါတို့က ထားရာနေ စေရာသွားနေရတဲ့ ဘုံကျွန်တွေဟဲ့…..နင်တို့လို လက်ဖက်ရည်ဆိုင်တကာ လည်သွားနိုင်တဲ့ အားအားယားယားတွေ မဟုတ်ဘူး” လို့ပြန်တွယ်သည်။
          “ အခုအမတို့က ဒါဘာလာလုပ်ကြတာလဲ” ဆိုတော့ “ငါတို့ မဖုရားသခင်က ယတြာချေချင်တယ် ဆိုလို့ ဟေ့…..ပန်းနဲ့တခြားတိုလီမုတ်စတွေ လာဝယ်တာ…..တကတည်းသိလား….. ရုံးအားရက် တနင်္ဂနွေလေးတောင် အေးအေးဆေးဆေး  မနားရပါဘူးဟယ်…..သူတို့ဝေယျာဝစ္စတွေ လိုက်မနေ ရတာ…..သွားမယ်ဟေ့…..ယတြာချိန် နောက်ကျလို့ ဟိုက ပုပ်သိုးနေအုံးမယ်” ဆိုကာ စာရေးမမ အပျိုကြီးတို့ တစ်သိုက် ပြောချင်တာတွေ ပြောလိုက်ရလို့  အမောတွေ ပြေသွားသည့်ထင် ချာကနဲ လှည့်ထွက် သွားကြသည်။
          သူတို့ဘဝကလည်း သနားစရာ။ တနင်္လာက သောကြာအဆုံး။ စနေတစ်ရက်လုံးက အချိန်ပို သည်နားရတဲ့ တနင်္ဂနွေက ဝေယျာဝစ္စတဲ့။ ရုံးတက်ချိန်က ကြည့်အုံး။ မနက်(၈)နာရီကစလို့ ညနေ(၄)နာရီ ရုံးဆင်းတော့ အရာရှိကသာ အိတ်ဆွဲလို့အိမ်ပြန်တာ။ သူတို့တွေက တစ်နေကုန် လုပ်လက်စတွေဖြတ်၊ မနက်အတွက် လိုအပ်တာတွေစီစဉ် ပြင်ဆင်ထားခဲ့ရသေးသည်။ သူတို့ အဆောင်ပြန်ရချိန်က (၆)နာရီကျော်လို့ (၇)နာရီထိုး ဆိုတာ ဂျပိုးထိုးနေကျ ကျွန်တော်အသိ။
          တစ်ရက်တွင် ဓါတ်ကျလို့ ရုံးဘက်သို့စောစော ကျွန်တော်ခြေဦးလှည့်မိတော့ ဘယ်သူမှ မရောက်သေးတဲ့ ရုံးခန်းထဲမှာ တလှုပ်လှုပ်တရွရွ ညီမငယ်စာရေးမက တစ်ယောက်တည်း ပန်းအိုးလဲ ဆွမ်းတော် တင်နေသည်။ ကုသိုလ်တွေရတော့မှာပဲလို့ စလိုက်မိတော့ “အစ်ကိုရေ ကုသိုလ်တော့ရမယ် ထင်ပါရဲ့…..အိမ်ကဘုရားကတော့ ငုတ်တုတ်၊ ပန်းတောင်မလဲနိုင်ဘူး…..ကြာတော့လေ မွေးထားတဲ့ ကျွန်မကလေး ကတောင် ကျွန်မကိုစိမ်းနေပြီထင်ပါရဲ့…..ကျွန်မကလေ ရုံးအလုပ်ကို သိမ်းကျုံးလုပ်နိုင်ပါရဲ့ …..ဝေယျာဝစ္စတွေက ပိနေတာ” တဲ့ သည်ဝေယျာဝစ္စကို ကျွန်တော်ကြားရပြန်သည်။ ကလေးအမေ ဝန်ထမ်းဘဝကို သနားရပြန်သည်။
          အမေ့ရင်ခွင်ကို ခိုမှီးဖို့မျှော်နေရှာတဲ့ ခလေးငယ်ဘယ်နှယောက်ကိုများ ဝန်ထမ်း အိမ်ထောင်သည်တွေ မိခင် ဝတ္တရားကို ဖောက်ဖျက်စိမ်းကား ရက်စက်နေကြရပြီလဲ။
          အဖြူရောင်တွေ မင်မူနေသော ဆံပင်ဖွာလန်ကျဲ၊ သွားတွေပေါ်အထပ်ထပ်တက်ထားတဲ့ကွမ်းချို၊ အဝါဘက် လုသမ်းနေတဲ့ စတစ်ကော်လာ အဖြူနွမ်း၊ ရီဝေဝေမျက်လုံးတွေနှင့် အိတ်ကပ်အတွင်းက ၅၀တန်ဘောပင်က သူ့ဝန်ထမ်းသက်ကိုပြနေသည်။ “ကျွန်တော်လည်း လုပ်သက်ပင်စင် ခံစားတော့မယ်၊ …..ကျွန်တော့်တို့က ဂျင်နရယ် ပြွန်းတွေပါ”လို့ ဆေးပင်စင်ခံစားဖို့ ကြိုးစားနေတဲ့ သူ့သူငယ်ချင်းကို ပြောနေသည့်အသံက ကြေကွဲသံတွေ အပြည့်ပါနေသည်။ သူက အမှန်တော့ အမှုထမ်းလိုင်းမှာ ဂိတ်ဆုံး။ သူ့အောက်မှာ အငယ်တွေသာ ရှိတော့သည်။
“စိတ်ကိုကုန်လှပါပြီ၊…..တစ်ခါလာလည်းဒီရုံး…..တစ်ခါလာလည်းဒီရုံး…..သူတို့တစ်တွေမှာ ငွေတွေ သည်လောက် ချမ်းသာပါလျှက် ဟိုတယ်သွားတည်းကြပါလား” ဒါက ရုံးတွင်းနေရရှာရသော သူငယ်ချင်း၏ ဇနီးထံမှ ပွစိပွစိအသံဖြစ် သည်။ သူငယ်ချင်းကတော့ “ငါဝန်ထမ်းပဲယူထားမိတာလား၊….. အိမ်ဖော် ယူထားတာလားကို မကွဲပြားတော့ပါဘူးကွာ” ဟု ၀မ်းနည်းပက်လက် ဆိုရှာသည်။ သူငယ်ချင်း၏ဇနီးရုံးကို ဝင်ထွက်တည်းခိုကြတာက သူတို့လူကြီးတွေ သာမက ထိုလူကြီးတို့၏ အပေါင်းအသင်း ဆွေမျိုးညာတကာ တစ်စုတွေလည်း ပါသေးသည်ဆိုဘဲ။ သူငယ်ချင်းဇနီး တစ်တွေမှာ ရုံးတွင်းနေအမာခံတွေမို့ တည်းသူတွေလာတိုင်း တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ အိပ်ယာခင်း၊ ပုဂံဆေး၊ စားပွဲထိုးလုပ်ကာ ကိုယ့်အခန်းလေး ကိုယ်ပြန်တော့ သန်းခေါင်ယံ။ ဒါကအမြဲလို့မပြောနိုင်တောင် မကြာခဏ။ ကျွန်တော်က သူငယ်ချင်းနှင့်အတူ သူတို့သမီးလေးနဲ့ ကူဆော့နေကြမို့ ဓါတ်သိ။ “မေမေလာပြီလား” “မေမေလာပြီလား” နဲ့ အိပ်ချင်စိတ်ဇွတ်တင်းထားကာ နောက်ဆုံးတော့ ကျွန်တော့်လက်ပေါ် သူငယ်ချင်း လက်ပေါ် မျက်တောင်စဉ်းမှေး အိပ်ပျော်ရှာသော သမီးကလေးဖွေးဖွေး၏ သနားစရာပုံရိပ်က မေ့မရ။
“ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဘွဲ့ရခဲ့တာ လူကြီးအင်္ကိင်္ျီလျှော်ဖို့ ထမင်းပြင်ကျွေးဖို့ လားတောင် မသိပါဘူးဟယ်” ဆိုလာတာက နယ်တစ်နယ်တွင် တာဝန်ထမ်းဆောင်နေသော ကျွန်တော်နှင့် ဆယ်တန်းအတူ အောင်ပြီး အလုပ်ခွင်ထဲတန်းဝင်သွားသော သူငယ်ချင်းမရဲ့ မချိတင်ကဲစကား။ “သူတို့ နယ်လာကြတာ ဟယ် အိမ်က မယား၊….. အလုပ်သမားတော့ခေါ်ခဲ့တာ မဟုတ်ဘူး…..အဝတ်လဲ ငါတို့လျှော်ပေးရ…..မီးပူတိုက်ပေးရ…..အိမ်ရှင်း၊ ထမင်းချက်ပြီး တစ်နေ့သုံးနပ်သွားပြင်ကျွေးရသေး တယ်ဟဲ့…..နယ်ဆိုတော့ ရုံးအလုပ်ကသိပ်မရှိပါဘူး…..ဒါပေမယ့် သွားချင်ရာမသွားရ၊ နားချင်တာလည်း မနားရ…..စိတ်လွတ်ကိုယ်လွတ်ကိုမရှိပါဘူး၊…..နင့်ကိုအားကျလိုက်တာ”တဲ့။ သူငယ်ချင်းကိုလည်း သနားရပြန်ရော။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၀၂ခုနှစ် အောက်တိုဘာ(၄)ရက်နေ့က ပြုလုပ်သော ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံးဆွေးနွေးပွဲတွင် ကိုမင်းကိုနိုင်က “ကျွန်တော်တို့ ကျောင်းထဲ မှာ ဒေါင်းအလံ ကိုင်ပြီး ထွက်လာတယ်ဆို တစ်ချက်ထဲပါ။ အနိုင်ကျင့်လွန်းနေလို့။ မခံချင်လို့ပြန်ချတာ ဒီတစ်ခု ထဲပါ။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားစီးပြီးကျောင်းသွားရတဲ့ ကျောင်းသားတစ်ဦးပါ။ ဘာမှ အခွင့်ထူး ခံမရှိဘူး။ သာမန်ပြည်သူထဲက မွေးဖွားလာတဲ့ သားတစ်ယောက်ပါ။  ဘတ်စ်ကား စီးပြီးကျောင်းသွားနေရတဲ့ ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော် ကောင်စီတစ်ယောက်ရဲ့ 929 ကားကြီးက အတင်းကျော်တက် ပါတယ်။ သူရုံးသွားမယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုန်းပေါ် ကို တက်နေတဲ့အချိန်မှာ အဲ့တုန်းက လမ်းလေးတွေက ကျဉ်းကျဉ်းလေး မျက်နှာချင်းဆိုင် နှစ်စီးပဲရှောင်လို့ ရတယ်။ အဲ့ဒီကားကြီး ဂီးဂီးလို့အော်ပြီးတက်နေတဲ့ အချိန်မှာ နောက်ကနိုင်ငံတော် ကောင်စီက သူ့ကို လမ်းမပေးရကောင်းလားဆိုပြီးတော့ ဟွန်းတွေတရစပ်တီးပြီးတော့။ သူ့ပေးလို့မရဘူး။ အဲ့ဒါကို သူ မစဉ်းစားနိုင်ဘူး။ ရှောင်လို့ရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ်ကဆင်း ပြီးတော့ ကားမောင်းတဲ့လူကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ အဲ့ဒီသတင်းကြားတာနဲ့ ကျွန်တော်တို့ ကျောင်းလွယ်အိတ်ကို ချပြီး လိုက်သွားတယ်။ ဒါမျိုးတော့ ဘယ်လိုမှလက်မခံနိုင်ဘူး။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ထမ်းဖို့လာတာ။ အဲ့တာကို သူနားမလည်ဘူးလား။ သူတစ်ယောက် ထဲ နိုင်ငံဝန်ထမ်းဖို့လာတာမှ မဟုတ်တာ ဒီလောက်ပြောသိရောပေါ့။ အဲ့ဒီလို အနိုင်ကျင့်တာတွေ ဟာ နေရာတကာမှာ။ ဒီနေရာမှမဟုတ်ဘူး။ အခွင့်ထူးခံတယ်။ အနိုင်ကျင့်တယ်။ နှစ်ချက် အဲ့နှစ်ချက်ကို မခံချင်လို့ ကျွန်တော်တို့ တုန့်ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ” လို့ပြောသွားတာကို အမှတ်ရ နေပြန်သည်။
သည်ဟာက အမှောင်ကာလဆိုးတစ်ခုကို လျှပ်ပြက်လက်ပြလိုက်သော စကားတွေဘဲဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံမှာ အခွင့်ထူးခံတာတွေက အီဝခဲ့ပါပြီ။ တော်လည်းတော်လောက်ပါပြီ။ ဒီမိုကရေစီအစိုးရဟု ကမ္ဘာကိုကြေညာနေသော ကာလလည်းဖြစ်ပါသည်။ အလင်းတစ်ချို့လည်း ရောင်နီ ပျို့နေပါပြီ။ တကယ်ပြုပြင်ပြောင်း လဲဖို့ အခါတော်လည်းရောက်ပါပြီ။ တနွယ်ငင်တစင်ပါလို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲ လူမမယ်လေးတွေက အစစ်ပါနေရတာ သနားစရာကောင်းလှပါပြီ။ ကျွန်တော်တို့နေထိုင်ကြတာက လူသားတို့ကမ္ဘာမဟုတ်ပါ လား။
ကိုမင်းကိုနိုင်စကားပြန်ကောက်ရပါလျှင် “ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ထမ်းဖို့လာတာ။ အဲ့ဒါကို သူမသိဘူးလား။ သူတစ်ယောက်တည်း နိုင်ငံဝန်ထမ်းဖို့လာတာမှ မဟုတ်တာ” ဆိုတာက သိပ်လှတဲ့ လူမူကျင့်ဝတ်တွေ လူသားအခွင့်အရေးတွေကို လှစ်ဟာပြလိုက်သလို ဘွားဘွားကြီးမြင်လိုက်ရပါသည်။ လခစားချင်း သူတို့ခွဲခြား သတ်မှတ်သော အရာထမ်းဆိုသူတွေက အမှုထမ်းတွေအပေါ် ငါခိုင်းတာအကုန် လုပ်ရမယ်ဆိုရင် တရားမျှတပါ့မလား။ သူတို့လည်း သူတို့မိတ်ဆွေ၊ သူတို့ဇနီး၊ သူတို့သား၊ သူတို့ မယားတွေနှင့် အများခံစားရသော ရုံးပိတ်ရက်၊ အားရက်၊ နားရက်များကိုခံစားချင်ကြပါလိမ့်မည်။ သတ်မှတ်သော ရုံးဆင်းချိန်တွေအတိုင်း အိမ်အရောက်ပြန်ချင်ဇောတွေ ပြင်းထန်ပါလိမ့်မည်။ ယဉ်ကျေးသော ကမ္ဘာတွင် လူသားချင်းစာနာတာက ဓလေ့ပင် ဖြစ်ပါသည်။
ကျွန်တော်တို့လူ့ပတ်ဝန်းကျင်တွင် ကွယ်နေသောဒေါင့်ကလေးတွေ ရှိတတ်ပါသည်။ ထိုဒေါင့် ကလေးများမှာ အကွယ်တွင် နေရရှာသောအခါ သာမန်ကာလျှံကာဖြင့် မမြင်တတ်ကြ ဘဲ ကျော်လွှား သွားလာနေတတ် ကြပါသည်။ အပြင်တွင် ရှင်းသန့်လင်းလက်နေသော အခါများတွင် ကွယ်ဒေါင့် ကလေးများ တွင်တော့ အမှိုက်တွေ၊ ဖုန်တွေသာမက ပင့်ကူတို့ကလည်း အိမ်ဖွဲ့ပြီး ကြီးစိုးတတ်ပါသေး သည်။ သေချာတာ ကတော့ ကွယ်ဒေါင့်လေးတွေ မှာလည်း သူတို့ရင်ထဲက ဆန္ဒလေးတွေကို ထုတ်ဖော်ပြောပြချင်စိတ် ရှိကြစမြဲဆိုတာ ဖြစ်ပါသည်။ သူတို့ဒေါင့်လေး တွေမှာ လည်း ဒေါင့်လေးတွေ အလျှောက် ဆေးသုတ်သစ်လွင် အလင်းမြင်ချင်သည် ဆိုတာပင် ဖြစ်ပါသည်။
                                                                                    
                                                                                     ပြတ်သား

Saturday, November 3, 2012

စုကြေး အပေါ် တည့်တစ်ယောက်ရဲ့ အကြံပေးချက်


pyat: ကျွန်တော်တို့ ဘဝတွေနဲ့အလုပ်တွေက ရေကြည်ရာမြက်နုရာပေါ့။ ကျွန်တော့်အရမ်းကြိုက်တဲ့စကားအရပြောရင် တောတန်းလေးဘေးမှာ နေချင်တာပါပဲ။ဒါပေမယ့်တည်ရမယ့်ကတိတွေက ရှိသေးတာကိုး။
မနေ့တုန်းက ကို…………..ဖုန်းဆက်တယ်။စုကြေးကိစ္စကိုဝင်ပါဖို့ရာပါ။
ဆရာlinkပေးလို့ကျွန်တော်တော်များသိထားရတယ်။ သူကပြေးနေရတဲ့သူတွေက မိကောင်းဖခင်သားသမီးတွေ ဆိုတာရယ်။ တရားသူကြီးတွေက ပိုက်ဆံပေးရင် အမှုအကုန်လက်ခံတယ်ဆိုတာတွေပြောတယ်။
ကျွန်တော်နားလည်တာကတော့ စုကြေးဒိုင်က ပိုက်ဆံပြန်မထုတ်ပေးရင် စုကြေးထဲ့သူတွေက အလွှဲသုံးစား ၄၀၆နဲ့ဖွင့်လို့ရတယ်။ တိုင်လို့ဒိုင်က အဖမ်းမခံရင် ရုံးကဆင့်ခေါ်လို့မလာရင် တရားခံပြေးကြေညာတယ်။ ကျင့်၅၁၂အရ အပြေးမှုဖွင့်မှာပဲ။ အပြေးမှုဖွင့်ရင့် ဝရမ်းပြေးဖြစ်သွားတာ။
ပြစ်ကျင့်( ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ) အရ တရားခံပြေးရင်ကျင့်၈၇အရ တရားခံပြေးဖြစ်ကြောင်းကြေညာတယ်။ တရားရုံး ရယကရုံးတွေ ရဲစခန်းတွေမှာ ကပ်တယ်။ ကျင့်၈၈အရ ပြေးတဲ့လူရဲ့ပစ္စည်းအိမ်ရှိရင်အိမ်ကို ဝရမ်းကပ်တယ်။ အမှုကတစ်သက်လုံးမပျောက်တော့ဘူး။ ပုံမှန်အမှုတွေဖျက်ဆီးတဲ့နှစ်ရောက်ရင်တောင် အပြေးမှုကိုမဖျက်ဆီဘူး။ ပြန်ဖမ်းမိရင်ပြန်ဖွင့်မှာပဲ။ ဆရာလက်လှမ်းမိသလောက် လိုအပ်သူရှိရင် ဗဟုသုတဖြန့်ပေးလိုက်ပါ။
စုကြေဒိုင်အပေါ်ပဲ ၄၀၆ဖွင့်လို့ရတယ်။ ထည့်သူအပေါ်ဖွင့်လို့ရတယ်လို့မတွေ့မိဘူး။၄၀၆ဖွင့်ခံရရင် အာမခံမရနိုင်ဘူး။ ပြစ်ဒဏ်၃နှစ်ရှိတယ်။
နီးစပ်ရာပြောပြပေးလိုက်ပါ။၁။စုကြေမလုပ်တာကောင်းပါတယ်၂။လုပ်ရင်ပြဿနာဖြစ်တာများပါတယ်။၃။ ထိုးသားကပေါက်ပြီးငွေဆက်မထည့်ရင် ဒိုင်ကဒုက္ခရောက်တတ်သလို ဒိုင်ငွေမထုတ်ပေးရင် ထိုးသားကရှုံးရောပဲဆိုတော့ နှစ်ဘက်စလုံး အန္တရာယ်ရှိာတာချည်းပါပဲ။