Thursday, April 18, 2013


ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျ
ူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

By-Soup for Soul (motivational essays






                                             ၂၀၁၃ သင်္ကြန် အမှတ်တရ

Wednesday, April 17, 2013






                2013   သင်္ကြန်  ပြီး နှစ်ဆန် တစ်ရက်နေ့ စစ်ကိုင်း မင်းကွန်း အမှတ်တရ

Monday, April 15, 2013

ရဟန်းတော်များ ဘာကြောင့် ခေါင်းရိတ်ကြရတာလဲ?

ရဟန်းတော်များဘာကြောင့်ခေါင်းရိ
တ်ကြရတာလဲ(သို့)ဆံပင်၌ အပြစ်(၁၆)ပါး

ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းလေးကိုသိစေချင်ပါတယ်။
အဲဒီအကြောင်းကိုအရှင်နာဂသိန်ထေရ်လောင်းလျာသူငယ်လေးက မေးလို့အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆-ပါးရှိတယ်လို့ဆိုပါတယ်။

အဲဒီ၁၆ပါးသောအပြစ်ကြောင့်ရဟန်းတော်များ၊ကိုရင်များ၊သီလရှင်များခေါင်းရိတ်ကြရတာဖြစ်ပါတယ်။
အဲဒီအပြစ် ၁၆-ပါးက ဘာတွေလဲလို့ဆိုတော့
(၁)ဆံပင်ကို တန်ဆာဆင်ရခြင်း။
(၂)။ ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။
(၃)။ဆီလိမ်းရခြင်း။
(၄)။ခေါင်းလျှော်ရခြင်း။
(၅)။ပန်းပန်ရခြင်း။
(၆)။ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။
(၇)။ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။
(၈)။သဖန်းခါးသီးရှာရခြင်း။
(၉)။သျှစ်သျှားသီးရှာရခြင်း။
(၁၀)။ဆံပင်နက်အောင် ဆေးဆိုးရခြင်း။
(၁၁)။ဦးသျှောင်ထုံးရခြင်း။
(၁၂)။ဘီးဖြင့် ဖြီးရခြင်း။
(၁၃)။ပြုရ၊ပြင်ရခြင်း။
(၁၄)။ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။
(၁၅)။သန်းရှာခြင်း၊
(၁၆)ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။
ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်းညည်းတွားရခြင်းလွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။
ရဟန်းတော်များကိုရင်များသီလရှင်များဆံပင်များရှိနေပါကကြည်ညိုဖွယ်မဖြစ်သလိုထိုဆံပင်ကြောင့်အချိန်ပိုကာအချိန်များစွာပေးရကာပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလိုပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။
ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကို သိစေအပ်ပါသည်။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။ မျှဝေပါသည်။

Sunday, April 14, 2013


လူတွေသေဆုံး ပြီးပြီးခြင်း ဘယ် အရာ ရှင်ပြီးကျန်သေးသလဲ?
(၁) နှလုံး က ဆယ်မိနစ် အထိ ရှင်တယ်။
(၂) ဦးနှောက် က မိနစ် နှစ်ဆယ် အထိ ရှင်တယ်။
(၃) မျက်လုံး က လေးနာရီ အထိ ရှင်တယ်။
(၄) အရေပြားက ငါးရက် အထိ ရှင်တယ်။
(၅) အရိုးက ရက်သုံးဆယ် အထိ ရှင်တယ်။


(((ကောင်းတဲ့ အကျင့်သီလ ကတော့ တမလွန် အထိ ရှင်တယ်)

Saturday, April 13, 2013

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်
ကမ္ဘာကျော် အမြင် ။


အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာတရားလို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။

ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။

‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘

‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘

‘‘ Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။

ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။

ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာဟာ ဗုဒ္ဓဘာသာပါ။‘‘

ဒါဆိုရင် ဗုဒ္ဓဘာသာဟိာ (Philosophy) လို့ဆိုရင် ကောရပါသလားလို့ ဒကာကထပ်မေးပါတယ်။

ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။

ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘

‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘

ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ကိလေသာ တွေအကုန်ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့ ချမ်းသာသုခကို အမှန်တကယ်ရတာပါပဲ။‘‘

‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။

အလွန်တန်ဖိုး ထက်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ ဗုဒ္ဓဘာသာပါပဲ‘‘ ဟုဆရာတော်က မိန့်ဆိုလိုက်ပါတယ်။

စွန်းလွန်းဆရာတော်ကြီး ဖြေကြားသော ၀န်ကြီးချုပ်ဦးနု၏ မေးခွန်းများ
----------------------------------------------------------------------

တချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟုကျော်ကြားတော်မူသော

ထွန်ထောင် ဆရာတော် ( လူ့ဘ၀တုံးက ထွန်ကိုထောင် နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့ ) စွန်းလွန်းဂူ ဆရာတော် ဦးက၀ိ ကို နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က ဖူးမျှော်ရင်း မေး+ဖြေ ခဲ့တဲ့စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထုတ်ဝေခဲ့သည့်ဤ စာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏အဘိဓမ္မာဆိုင်ရာ အမေးအဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာ စေချင်ပါသဖြင့်တင်ပြအပ်ပါသည်။

မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊
ဖြေ။ ။ လူတို့ပြည်တွင် သစ်လေးပင် ဆိုရာ၌ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ရယ်လို့ လောကဝေါဟာရ အားဖြင့် ရှိသော်လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး လူ့ပြည်မှာလို့ ကြားဖူးပါတယ်ဘုရား အဲ ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင် ဟုဆိုသည်။ သေစေလို ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေ ကို ဆိုလိုသည်။ ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ ဒေါသ မောဟ ရေနွေးကို ဆိုလိုသည်။

မေး။ ။ မထိုင်ခင်က ခြေဆင်း၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က ၀တ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါဘုရား၊
ဖြေ။ ။ အေး အဲဒါ ၀ိတက် လို့ခေါ်တယ်၊ ( ၀ိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်း ဖြစ်သည်၊ )

မေး။ ။အကြောင်းပြ ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေ နှစ်ဆယ် ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတသိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ်၊ ကျန်သော သတ္တ၀ါ ဟာ ရော့သလား မရော့ဘူးလားဘုရား၊
ဖြေ။ ။ ဒကာကြီးမေးတဲ့ အတိုင်းပဲ ရော့သလား ဆို ရော့တယ်၊ မရော့ဘူးလားဆိုရင်လဲ မလျော့ဘူးပေါ့၊

မေး။ ။ ရော့တာ ဘယ်လို မရော့တာ ဘယ်ပုံ ဆိုတာ သိလိုကြောင်းပါဘုရား
ဖြေ။ ။ ရော့တယ် ဆိုတာက ဥပမာ ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက်ဆင်းသွားလျှင် ဆင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တ၀ါ ရော့တာပေါ့၊ မရော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား မရော့ဘူး၊

မေး။ ။ ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမ မရှိ ခြောက်ယောက်မောင် ၊ ကို ဖြေရှင်းတော် မူပါဘုရား။
ဖြေ။ ။ ဘုရား အစရှိသော အရိယာ သူတော်ကောင်းတို့မှာ ကာမ ရူပ အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၎င်းပုဂ္ဂိုလ်များမှာ လောင်စာ မရှိသောကြောင့် ထင်းမရှိ တောသုံးထောင် ဟုခေါ်သည်။ သတ္တ၀ါတို့၏ အာရုံအစဉ်မှာ မြစ်ရေအယဉ်ကဲ့ သို့ တသွင်သွင် စိးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို ရေမရှိ မြစ်လယ်ခေါင် ဟု ခေါ်သည်၊ ဘုရားစသော အရိယာ သူတော်ကောင်းတိုမှာ မျက်စိ နား နှာခေါင်း ပါးစပ် ကာယ မန တံခါး ခြောက်ပေါက်ပင် ရှိသော်လည်း အာရုံလိုက်စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင် လို့ ခေါ်သည်။

မေး။ ။ အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကို မိမိ သွေးထွက်အောင် လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား။
ဖြေ။ ။ တပ်တယ်။

မေး။ ။ ဒါဖြင့်လျင် ဘုရားလက်ထက်က ရဟန်းတပါးဟာ မိမိ လည်ပင်းကို ဓါးနှင့်လှီးပြီး ဝေဒနာရှု့တာနဲ့ အရဟတ္တဖိုလ် ဆိုက်ပြီး ပရိနိဗ္ဗာန်ပြုသွားတယ်လို့ ကြားဖူးပါတယ်။ ၄င်း ရဟန်းဟာ အာပတ်နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
ဖြေ။ ။ ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ် အာပတ် မရှိလို့ ဆိုက်တာ၊

မေး။ ။ ဒါဖြင့် ဘုရား- အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့် အာပတ်သင့်တာ၊ အခုဟာက သွေးထွက်ရုံ မက ကိုယ့်ကိုယ်ကို အသေတောင် သတ်တာ ဒုက္ကဋ် အာပတ် မသင့်ပေဘူးလားဘုရား။
ဖြေ။ ။ မသင့်ဘူး ၊ ဥပမာ - ဒကာကြီး ပစ္စည်းမကိုင်နှင့် လို့ မတားမြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များ ရှိမလား ။ မရှိပါဘုရား။ တားမြစ်ပြီးမှ ကိုင်တော့ကော -- အပြစ်ရှိပါတယ် ဘုရား၊ အဲသည် ဥပမာ အတိုင်းပဲ ထိုပုဂ္ဂိုလ်မှာ အပြစ် မရှိတာလဲ မှန်တယ်၊ မဂ် ဖိုလ်ဆိုက်တာလဲ မှန်တယ်။ ကျေနပ် ၀မ်းမြောက်လှပါသည် ဘုရား။ ( ယင်း ရဟန်းကား လူ့ဘ၀ ကို ငြီးငွေ့လွန်းသောကြောင့် ထွက်ပေါက် ရှာသည့် အနေဖြင့် ရပြီးသား လောကီဈာန်ကို မလျောကျ ခင် မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို ဆံရိတ်သော သင်ဓုန်း ဓားဖြင့် လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ် ရဟန်းဘ၀ တလျောက်လုံး စောင့်စည်း ထိမ်းသိမ်းလာခဲ့သော မိမိ၏ စင်ကြယ် သန့်ရှင်းသော သီလကို တွေ့မြင်ရသောအခါ အဆင့်ဆင့် ၀မ်းသာမှု့ ပီတိသည် ခန္ဓာကိုယ် တခုလုံးသို့ ပျံ့ နှံ့ သော ဖရဏာ ပီတိအဖြစ်သို့ ရောက်လေ၏။ ၄င်း ပီတိ ဝေဒနာကို ခွာ၍ ၀ိပဿနာ ရှု့ မှတ်သောအခါ ကိလေသာကုန်ခြင်း အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ခြင်း် အသက်ဇီဝိတိဒြေ ကုန်ခန်းခြင်းသည်လည်း တပြိုင်နက်ဖြစ်ကာ တခဏအတွင်း အလွန်လျင်မြန်ကာ ပရိနိဗ္ဗာန်စံခြင်းကိစ္စ ပြီးသွားသောကြောင့် သတ္တ၀ါတို့ တဘ၀မှ တဘ၀ သို့ ကူးပြောင်းတိုင်း ဖြစ်ရာ ဘုံဘ၀ကို စုံစမ်းထောက်လှမ်းလေ့၇ှိသော မာနတ် သည်ပင် မျက်စိလည်သွား ဟူ ၏ ။ ထိုမာနတ်ကား ( ၃၁ ) ဘုံးအတွင်း ဘယ်နေရာဖြစ်ဖြစ် ရောက်သွားလျင် သူ့ပိုင်နက်အတွင်း ဖြစ်သောကြောင့် ကျေနပ်နေလေ့ ရှိသတဲ့ ။မာနတ်ရှာဖွေနေကြောင်းသိသော ဘုရားရှင်က ဟယ် မာနတ် သင်က ငါ့ ဘုရားတပည့်ကို အထင်သေးသကိုး၊ သင် မကျေနပ်လို့ ၃၁ ဘုံအတွင်း ကြိုက်သလောက်ရှာ ဘယ်တော့မှ တွေ့မှာ မဟုတ်တော့ဘူး၊ ငါ့သားတော် ဂေါဓိက ရဟန်းဟာ နိဗ္ဗာန် ၀င်သွားပြီ ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာ နတ်ပြည်ကို ပြန်သွားသတဲ့ ( စကားချပ်- ဂေါဓိကတ္ထေရ ၀တ္ထု ၊ ဓမ္မပဒ ၊ )

မေး။ ။ တခုလောက် လျောက်ပါရစေ၊ သုတ်မဟာဝါ ပါဠိတော် မဟာ ပရိနိဗ္ဗာနသုတ်ထဲမှာ ဘုရား၏ ဓာတ်တော် ဝေခဏ်း တွေ့ပါတယ်၊ ၄င်းသုတ်ကိုပင် ဘုရားဟော လို့ ဆိုပါတယ်၊ ဓါတ်တော်များကို ဘုရား ပရိနိဗ္ဗာန်မပြုမီက ဝေခဲ့ ပါသလား၊ သို့တည်းမဟုတ် ဘယ်သူ ဝေခဲ့ သတုံး ဘုရား။
ဖြေ။ ။ ဧ၀ံ မေ သုတံ ကို ဘယ်သူဟောသတုံး။ ကျေနပ်လှပါ၏ ဘုရား။

မေး။ ။ နိဗ္ဗာန် ၏ အကြောင်းကို အမိန့်ရှိတော်မူပါ ဘုရား။
ဖြေ။ ။ နိဗ္ဗာန်အကြောင်း သိချင်သလား ၊ သိချင်လျှင် ဘင် စွန်း မြင်အောင် ကြည့်က သိလိမ့်မည်၊

မေး။ ။ ဘယ်လို ဘင်စွန်း ဘယ်လို မြင်အောင် ကြည့်ရမှာ တုံးဘုရား။
ဖြေ။ ။ ယောဂီ ပုဂ္ဂိုလ် တယောက်သည် မိမိခန္ဓာကိုယ်ကို သတိနှင့် သုံးသပ်လျှက် သမာဓိ အားကောင်းလာသော် စိတ် စေတသိက် ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင်သောအခါ ဒီဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲ လို့ စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့ လောဘ ဆိုတဲ့ သမုဒယ ကိုမြင်တော့ မဂ်က အနုသယ ကို ပယ်သတ်လိုက်တာနှင့် ဥပါဒ် ဋ္ဌီ ဘင် ဆိုတဲ့ အကြောင်း အကျိုး ပြတ်တာကို ဘင်စွန်း ဟု ခေါ်တယ်။ အဲဒီ ဘင်စွန်း ကို ပြောတာ။

မေး။ ။ မိမိ ခန္ဓာကိုယ်ကို ထိတော့ သိတယ် လို့ပြောတယ်၊ သိတယ် ဆိုတာ သူချည်းပဲ သိတာလား ၊ သို့မဟုတ် သူတကာ ( အခြားတရား ) နှင့် ရောစပ်မှ သိတာလား၊
ဖြေ။ ။ ရောစပ်မှ သိတယ်၊

မေး။ ။ ရောစပ်သူ ထည့်ပေးပါဘုရား။
ဖြေ။ ။ ဝေဒနာ သညာ ၀ိညာဏ် ထိုသုံးချက်စုမှ သိမှု့ ဖြစ်တယ်။

မေး ။ ။ စု ပေးသူများ ရှိရင် ထည့်ပေးပါဘုရား။
ဖြေ။ ။ ထိုသုံးချက်ကို သင်္ခါရက မြေ ရေ လေ မီး ဓါတ်ကြီး လေးပါးကို တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း ခံစားခြင်း ဖြစ်ပေါ်လာသည်ကို သိမှု့ ဖြစ်တယ် ( သိတယ် ) လို့ ခေါ်တယ်။

မေး။ ။ တထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ။ ။ သိချင်သလား၊ သိချင်လျင် ဇာတိမြင်အောင်ကြည့် ၊ ဇာတိ ကိန်းတယ်။

မေး။ ။ ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ။ ။ မြေ ရေ လေ မီး ဓာတ်ကြီး လေးပါး ရှိတယ် မဟုတ်လား၊ ၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု့ မှတ်မှု့ ခံစားမှု့ ဖြစ်ပေါ်၍ လာတယ်။ အဲတာ ဇာတိပဲ။ အဲဒီ ဇာတိကို မြင်အောင်ကြည့်က သိလိမ့် မယ်။

မေး။ ။ ရဟန်းများ၌ သိအပ်သော တရားငါးပါးကိုအမိန့်ရှိတော်မူပါဘုရား။
ဖြေ။ ။ ( ၁ ) အလိုရှိခြင်း၊ ( ၂ ) ကျက်စားခြင်း၊ ( ၃ ) ထောက်တည်ခြင်း၊ ( ၄ ) နှလုံးသွင်းခြင်း၊ ( ၅ ) ပြီးဆုံးခြင်း၊ အလိုရှိတာက ဘာကို အလှိုရှိတာတုံး ဆိုလျင်သုခချမ်းသာကို အလိုရှိတယ်၊ ပညာ ကို ကျက်စားတယ်၊ သီလ သမာဓိ ပညာကို ထောက်တည်တယ်၊ ကြောင့်ကြမှု့ တောင့်တမှု့ ကင်းတာကို နှလုံးသွင်းတယ်၊ နိဗ္ဗာန်ကို ပြီးဆုံးတယ်၊ အဲဒါ ရဟန်းများ၌ သိအပ်သော တရားငါးပါးပဲ။ ။

စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနု အတွက် ပဌာန်းတရားတော်
-------------------------------------------------------------------

တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား၊ ကြားပါ၏ ဘုရား။ အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။ ဆန့်ပါ၏ ဘုရား။ အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။ နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါ၏ ဘုရား။ အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဖူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။ ဒကာကြီး ၀က်သားများ စားဖူးသလား။ စားဖူးပါ၏ ဘုရား။ အဲ ရှေးက ၀က်သားကို စားခဲ့ ဖူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။ ေ******ေကာ စားဖူးပါသလား။ မစားဖူးပါ ဘုရား။ အဲ ရှေးကေ****** မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။ ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဖူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။

အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊ သွားပါ၏ ဘုရား၊ ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။ မှန်လှပါ ဘုရား။ အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။ မကြည့်ပါ ဘုရား။ နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။ မထောင်ပါ ဘုရား။ နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။ မရူပါ ဘုရား။ ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။ မရှိပါဘုရား။ ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။ မရှိပါဘုရား။ အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။ လုံပါ၏ ဘုရား။ အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။

မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။ မှန်လှပါ ဘုရား၊ ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါဘုရား။ ၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့် မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။ ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊ ဟုတ်ပါ၏ ဘုရား။ အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊

( မှတ်ချက် ) ။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
http://gahta.com/index.php?mid=bd_4&page=6&doc%2A%2Aent_srl=21597

ဘဝနတ်ထံ ပျံလွန်သွားသည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မည်သည့်ဆေးဝါးအကူအညီမျှမပါမပုပ်မသိုးဘဲပကတိအတိုင်းရှိနေသည့်စွန်းလွန်းဆရာတော်ဘုရားကြီးဦးကဝိရုပ်ကလာပ်တော် နှင့် ပတ်သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အထူးကြည်ညိုစိတ်ဝင်စားကြသကဲ့သို့ ပြည်ပနိုင်ငံများမှဧည့်သည်များကလည်းဆရာတော်ကြီး၏မပုပ်မသိုးရုပ်ကလပ်တော်အားအထူးစိတ်ဝင်စား ကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဆရာတော်ကြီးကသက်တော်(၇၅)ဝါတော်(၂၈)မှာပျံလွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာထားရှိပူဇော်တာကတော့ နှစ် (၆၀) ကျော်ပါပြီ။ အနယ်နယ်အရပ်ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကိုလာရောက်ဖူးမျှော်ကြည်ညိုကြသလိုပြည်တွင်းကခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ်နဲ့မြင်းခြံကိုရောက်လာတဲ့နိုင်ငံခြားဧည့်သည် တွေကလည်းဆရာတော်ကြီးရဲ့မပုပ်မသိုးတဲ့ရုပ်ကလာပ်တော်ကိုအံ့ဖွယ်တစ်ခုလိုအရမ်းစိတ်ဝင်စားကြပါတယ်" ဟု စွန်းလွန်းကျောင်း တာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသွားသည်။

ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား လာရောက်လေ့လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အား Hot News သတင်းထောက်က ဆရာတော်ကြီး ရုပ်ကလာပ်နှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ "ထူးခြားတဲ့ အံ့သြဖွယ်ရာတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ မြန်မာပြည်မှာက သဘာဝနဲ့ ဆန့်ကျင်တဲ့ သူတော်စင်၊ သူတော်မြတ်တွေရဲ့ ဆေးအကူအညီမပါတဲ့၊ မပုပ်ပွတဲ့ ရုပ်ကလာပ်တွေ အံ့သြဖွယ်ရာ တွေ့ရပါတယ်။

ဒီလိုမျိုးတွေကို ကျွန်တော်တို့ အနေနဲ့ မှတ်တမ်းယူပြီး ကမ္ဘာမှာ ပြန် Share မှာပါ" ဟု ပြောကြားသွားသည်။ စွန်းလွန်းဆရာတော်ဘုရားကြီးအား အဘဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မြန်မာသက္ကရာဇ်၁၂၃၉ ခုနှစ် တပေါင်းလဆန်း (၂) ရက်၊တနင်္လာနေ့နံနက် (၃) နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ဝင်ပြီးနောက် ၁၂၈၂ ခုနှစ် ဝါဆိုလပြည့်ကျော် (၁၃) ရက်၌ ဒုတိယတရားထူး ၁၂၈၂ ခုနှစ် သတင်းကျွတ်လပြည့် (၁၃) ရက်၌ စတုတ္ထတရားထူးများကို ရရှိတော်မူခဲ့ပြီး ၁၃၁၄ ခုနှစ် ကဆုန်လပြည့်ကျော် (၉) ရက် စနေနေ့ ညနေ (၄:၄၅) အချိန်၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။

ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆရာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။ ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

Wednesday, April 10, 2013

အတူတူတွဲ မအိပ်သင့်တဲ့အရာ - (၅)မျိုး

...
ကျန်းမာရေးဟောပြောပွဲ တစ်ခုမှာ ကျွန်တော်ကြားသိခဲ့ရတာ လေးတစ်ခုပါ။ ဟောပြောသွားတဲ့ သူကလည်း Blog တစ်ခု

မှာဖတ်ဖူးတာလို့ပြောပါတယ်။ ဘယ်သူ့ Blog လို့ပြောမသွားတဲ့အတွက် မူရင်းရေးသူကို ကျွန်တော်လဲမသိပါဘူး။

ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေအတွက်ကျွန်တော်ပြန်လည် မျှဝေပေးလိုက်ပါတယ်။



၁။ နာရီဝတ်ပြီးမအိပ်ပါနဲ

နာရီဟာရေဒီယို သတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး

အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်အိပ်တဲ့

အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။

၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္) ၀တ်ပြီးမအိပ်ပါနဲ့

အမေရိကန်မှ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများဟာ (၁၂)နာရီထက် ကျော်လွန်ပြီး

အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ ဒါကြောင့်သက်တောင့်သက်သာ

နဲ့ လဲအိပ်ရ၊ ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ် အိပ်ပါ။



၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီး အိပ်ခြင်ဟာလဲ မကောင်းပါဘူး။ တစ်ချို့က ဖုန်း

ကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာ ထားတတ်ပါတယ်။ အဲဒီလိုအသုံးပြူခြင်တယ် ဆိုရင်လဲ မိမိ

အခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာ ထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့

လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြ

ပါတယ်။ အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။

ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။



၎။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့

ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့ မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေ

နိုင်ပါတယ်။ မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် မိပ်ကပ်တွေဟာ အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီး

မှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင်သစ်ပြီးမှ အိပ်ပါ။ မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး

(တောင်နံကြီး၊ရှင်မတောင်) ကို ခပ်ပါးပါးလေး သွေးလိမ်းနိုင်ပါတယ်။



၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့



နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသော

လင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။ အဲလိုအိပ်မိလျှင် သင့်အတွက် သေလောက်အောင် အရှက်ရစေ

နိုင်ပါတယ်။ လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံးသွားရပါလိမ့်မယ်။ အဲလိုတစ်ခါ

အိပ်မိယုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်တော့မှပြန်လည်ရှင်သန်နိုင်

လိမ့်မည်မဟုတ်ပါ။ ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။



အားလုံးကိုကျေးဇူးတင်ပါတယ်။

အသက်ရှည်၊ကျန်းမာပြီး အိမ်မက်လှလှတွေနှင့်အတူ နှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ..
                                                   အံ့ဖွယ် ပုဂံရဲ့ အလှ

အိုင်စလန်ကျွန်းစုနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝနေရာတစ်ခုကတော့ Strokkur အမည်ရတဲ့ ရေပွက် (Geyser) ဖြစ်ပါတယ်။

အလိုအလျောက်ရေများ ပန်းထွက်နေပြီး သဘာဝရေပန်းလို့တောင် တင်စား ပါတယ်။ ၄ မိနစ် နဲ့ ၈ မိနစ်ကြားမှာ တစ်ခါပန်းထွက်ပြီး ရေတစ်ခါ တက်ရင် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားမှာ ဖြစ်ပါတယ်။ တစ်ခါခါကျရင် မီတာ ၄၀ အထိတောင် မြင့်တက်ပါတယ်။

ယင်းသို့ သဘာဝအရောက် ရေပန်းထွက်လာမှုက ၁၇၈၉ ခုနှစ် စတင်တာ ဖြစ်ပြီး ကြီးမားတဲ့ မြေငလျင် လှုပ်ခပ်မှုကြောင့် ပြန်လည် ပွင့်ထွက်လာတဲ့ အပေါက်ဖြစ်ပါတယ်။ ၁၈ ရာစု ကတည်းက ရှိခဲ့တဲ့ ရေပေါက်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာ တွေ့ရှိချက်အရ ယင်း ရေပွက်အောက်ခြေ ပေ ၆၆၀၀ က ရေလမ်းကြောင်းဟာ မီးရေ (ချော်ရေ) လမ်းကြောင်းပေါ် ရှိနေတဲ့အတွက် အပူချိန်များတဲ့အခါ ရေများ ဆူ ထွက်လာခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဆူလာတဲ့ရေဟာ မြေပြင်အထက် မီတာ ၂၀ အထိတောင် မြင့်တက်ပါတယ်။ ၁၈ ရာစုကဆိုရင် မီတာ ၆၀ အထိ မြင့်တက်တယ်ဆိုပါတယ်။

ဒီလို သဘာဝ ရေပွက် (Geyser) ဟာ ကမ္ဘာအနှံ့မှာ ရှိနေပေမယ့် အတွေ့နည်းတဲ့ သဘာဝ ဖြစ်ပါတယ်။ Strokkur Geyser ဟာ အိုင်စလန်ကျွန်းစုရဲ့  ထူးခြားတဲ့ သသာဝ အလှတစ်ခုလို တည်ရှိနေပါတယ်။

အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Strokkur
      သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတိုက်အတွင်းရှိ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋိ
                      မိဂဒါဝုန်ရှိ အနတ္တလက္ခဏသုတ် ဟောတော်မူရာ ဓမ္မေခစေတီတော်။
                                        ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ မြဘုရား

အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ ကမ္ဘာ့အလှဆုံးရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ Niagara ရေတံခွန်ဖြစ်ပါတယ်။ ရေတံခွန်တွေဖက်ခြမ်းတော်တော်များများကိုတော့ အမေရိကန်ဘက်က ပိုင်ပြီး ရေတံခွန်ရဲ့ ရှုခင်းအလှနဲ့ ကြည့်စရာနေရာဒေသတွေကိုတော့ ကနေဒါဘက်ပိုင်ဆိုင်ထားပါတယ်
Derweze – the Door to Hell

Location: Turkmenistan
While drilling for gas near Derweze in 1971, a team of geologists in Turkmenistan accidentally collapsed an underground natural gas cavern. Rather than have the poisonous gas escape and kill the local semi-nomadic Teke people, the team lit it on fire.
It’s been burning ever since

Tuesday, April 9, 2013


--အောင်မြင်ကြောင်း)
လုံ့လမထူ၊ဥာဏ်မကူဘဲ၊အယူတစ်ချောင်း၊ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံ
ဟု၊ကံကိုချည်းသာမကိုးရာဘူး၊
ပညာဥာဏ်ဖြင့်သင့်မသင့်ကို၊
အခွင့်ရှူု၍၊အပြုလုံ့လ၊ရှိအပ်စွတည့်။
မဃ-၂၄၅

Monday, April 8, 2013

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နော
က်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ
ရပ်ပြစ်ရှစ်ပါး
ဘုရားဖြစ်ကာ။ပါယ်သုံးရွာနှင့်။
ဒီဃာယုနတ်။ဖြစ်လတ်ပစ္စန်။မိစ္ဆာ ဥာဏ်ရှိ။ဥာဏ်မရှိသား။ဥာဏ်ရှိ ငြားလည်း။ဘုရားမဖြစ်ကျန်းဂမ် လှစ်သည်။ရပ်ပြစ်ရှစ်းပါးသရုပ် တည်း။
အသူရကာယ်ကိုပြိတ္တာနှင့်ပေါင်းယူ သည်

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

08 APRIL 2013 | BY GOOD HEALTH

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

ပုံမှန် စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း

ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း

ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။
အိမ်ပြန်လမ်း
ညဟာ အိမ်ပျောက်သူတွေအတွက် ရက်စက်လွန်းတယ်
အိမ်ဟာ အိမ်မက်သူတွေအတွက် လှပလွန်းတယ်
ငါတို့ဟာ တစ်နေ့ကောင်းနိုး တစ်နေ့ကောင်းနိုးနဲ့
ဆေးတွေတိုးတိုးစားရင်း စိတ်ပဲကျန်တော့တယ်

မင်းဟာဘယ်ဒေသသားလည်းပြောရင်
ငါ အိမ်ကိုမက်တုန်း ဒေါသထွက်တုန်း
လက်ပန်းတောင်းရယ် မင်းကို ကိုယ်ချင်းစာတယ်
သူုတို့ ငါတို့ နှလုံးတွေကို ငါတို့ရင်ဘတ်ကြီးကို ကော်ထုတ်သွားကြတယ်
ငါ.... မကလည်းတီး ကလည်းတီး ရေးတယ်
မီးကလေးမှိတ်တုတ် မှိတ်တုတ် ရေးတယ်
သံခမောင်ဆောင်းနက္ခတ် ရေးတယ်
အိမ်ရဲ့အနားတွေကို လျှာနဲကသပ်ဖို့ပေါ့

ရင်နာနာညတွေကို အိမ်ရဲ့အမှတ်တရတွေနဲ့
ရေဆေးချဖို့လုပ်တယ်
သူတို့အသိအမှတ်ပြုချင်ပြု မပြုချင်မပြု
ငါကတော့ ငါ့ကိုယ်ငါ အဟုတ်ပဲ
အိမ်ရေ.. မင်းအတွက်ငါစိတ်ပူတယ်
မင်းဆီမှာပဲနေချင်တယ်၊ သူစိမ်းတွေဘယ်လောက်ကောင်းကောင်း
မင်းလောက်မကောင်းကြပါဘူး အိမ်
ငါလာခဲ့ပါ့မယ် မနက်ဖြန် မင်းဆီအရောက်ပြန်လာခဲ့ပါ့မယ်
မင်းကျောက်ဖားကကြိုနေနော်... ရှုခင်းသာကကြိုနေနော်

အဲဒီမှာဆယ်တန်းအောင်စာရင်းထွက်တော့
ငါတို့အရက်သောက်ကြတယ်
အင်းကောင်းရောနေကောင်းလား
လူးထပြန့်ရောကျန်သေးလား
ခြင်္သေ့ရေမှာရော ခရိုနီတွေ သံခမောက်ချွတ်တွေ ဂေါက်ရိုက်ကြလား

တကောင်းနန်းတိုင်ရေ မင်းငိုသံတိတ်နော်
အနောက်တော ခဏတောင့်ထားပါနော်
ဘိုးတော်ကြီးကို သူမကောင်းကမောင်းလိုက်ဖို့
သူမဟုတ်က ထုတ်လိုက်ဖို့ ဆုတောင်းပေးမယ်
အမေဒေါ်နန်းကြည် သားပြန်လာပြီ
သားလည်းအမေနဲ့အတူတူ သူတို့ကိုစိတ်နာတယ်
ငါမျက်ရည်ကျနေပါလား... ဘာ့ကြောင့်လဲ ဘာအတွက်လဲ
ပျော်နေရမယ့်အစား ...ငါပျော်နေရမယ့်အစား...
ငါပျော် နေ ရ မယ့် အ စား ......။
  ပြတ်သား

Sunday, April 7, 2013

လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ

မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် ......................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ
နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )

နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသာ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။

Saturday, April 6, 2013



ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ
-----------------*-----------------

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာ နိုင်ငံပင်။

ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်များကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။

အရောင်းအ၀ယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။

ထိုချိန်က အထက် မြန်မာပြည်သည် မြန်မာဘုရင်၏ လက်ထဲမှာသာ ရှိသေး သောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

ထိုသူသည် ကုန်သည်ကြီး တစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီး အသီးသီးသို့ သွားရောက် ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန် အတွက် မြင်းငါးကောင်နှင့် အတူ မြန်မာ မြင်းစီးသမား ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

အရောင်းအ၀ယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏ ပိုက်ဆံထည့်သည့် အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။ နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအ၀ယ်ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကို တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။

နေ၀င်စပြုနေပြီ ဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမားများကို အချက်ပြလိုက်သည်။

ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေ ခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာ ဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသောလည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။

တတ်နိုင်သော ဇရပ်အလှူရှင် အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရာ များကိုပင် ထားပေးကြောင်း သိရသည်။

ချက်ပြုတ်စားသောက်ပြီး နေလည်း မရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောင်တစ်နေ့ မိုးမလင်မီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြ ထားလိုက်သည်။ အရေးအကြီးဆုံး ဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာ စိုးသောကြောင့် ခေါင်းအုံး အိပ်လိုက်သည်။

မနက် လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာ ခဲ့ကြသည်။ ခြောက်နာရီခန့် ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံး အိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။

ပြင်းထန်သော စိုးရိမ်သောက စိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင် ဖြစ်လာသည်။ ထို့ကြောင့် -

“ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”

“ကျွန်တော့ ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန် ကြရမယ်” ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမား ငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့ -

“ကဲ. . . မြန်မြန်သွားယူဘို့ ပြင်ကြလေ။ ဘာလို့အေးတိ အေးစက် ဖြစ်နေကြ တာတုန်း” ဟု ပြောလိုက်သော အခါတွင်မှ

အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက -

“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင် ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေး ပါဘူး။ ဘယ်သူမှလည်း မယူပါဘူး။” ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီ တစ်ယောက် ဒေါသထွက်သွားသည်။ “လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့် တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လို လူသည် မယူဘဲ နေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင် လောက်အောင် သူတို့ မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တ ကောင်းနေကြလို့ နည်းဟု တွေးနေမိသည်။

ထိုအတွေးနှင့်အတူ -

“အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီ ကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွား တစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာ အဖတ်တင်မှာပ”ဲ ဟု စိတ်ပျက်စွာနှင့် ဆက်ကာ တွေးပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်သွားလိုက် ကြသည်။

ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီး အိပ်ခဲ့စဉ်က အတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွေက်ကြည့်သော အခါတွင်လည်း တစ်ပြားတစ်ချပ်မျှ မလျော့။

♠ ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက "ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းအလျာ သူ့မြေးလေး"ကို -ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တစ်ခုပဲ ရှိတယ်။ ♠

နောက်တစ်ခုက မန္တလေး ရတနာပုံ ဈေးချိုတော်ကြီး လမ်းအလယ်မှာ အမျိုးသမီး တစ်ယောက် အဖိုးတန် စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေ ခဲ့တယ်။ ဈေးလယ်ဆိုတော့ ဈေးရောင်းသည်၊ ဈေးဝယ်သည် တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။ အလွယ်တကူ တွေ့ရတဲ့ အဖိုးတန် ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာ လူမျိုးတွေဟာ သူတစ်ပါးအိမ်က ပစ္စည်း မသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီး ဝေးသေတာပေါ့။ ဒါနဲ့ ဈေးချိုသာ ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။

နောက်တစ်နေ့မနက် ဈေးချိုဖွင့်ခါနီးမှာ အလုပ်သမလေး တစ်ယောက် စိန်နား ကပ်ကြီးကို တွေ့သွားတယ်။ “ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲတဲ့ သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကို လာခဲ့ပါလို့ ပြောရတော့မှာပဲ။ အလုပ် သမလေးဟာ စိန်နားကပ်ကို ကောက်ယူ လိုက်တယ်။ ယူဖို့မဟုတ်ဘူး။ စိန်နား ကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီး တဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျ ပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။

နောက်ဆုံး ဈေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” ဟု ပြောခဲ့ဘူးသည်။

ကဲ စဉ်းစားကြည့်ကြ ပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက် ကွာခြားသွားပြီလဲ။

♠ ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။ “ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ် ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှ မဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက်ငြိမ်းချမ်းမလဲ။ ♠


( မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် )

[အညွှန်း – မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် သီလအစွမ်း အံ့မခန်းစာအုပ်၊ မြန်မာတို့၏အသက်။]

Thursday, April 4, 2013

ကြီးပွားချမ်းသာကြောင်းတရား။
(၇)ပါး
၁။ ထကြွလုံ့လဝီရီယရှိခြင်း။
၂။ သတိရှိခြင်း။
၃။ စင်ကြယ်သောအမှုရှိခြင်း။
၎။ စူးစမ်း၍ပြုလေ့ရှိခြင်း။
၅။ စောင့်စည်းခြင်း။
၆။ တရားသဖြင့်အသက်မွေးခြင်း။
၇။ မမေ့မလျော့ခြင်း။
(ဓမ္မပဒ)
"မရောင်းကောင်းသော ကုန်စည်မျိုး (၅) ပါး"
••••••••••••••••••••••••••••••
••••••••••••
ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ် ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်စည်မျိုး (၅)ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ထိုငါးပါးတို့မှာ -

(၁) သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး၊ မြား
စသော လက်နက်ပေါင်းအမျိုးမျိုးကို ရောင်းခြင်း၊

(၂) သတ္တ၀ဏိဇ္ဇာ = ဆင်၊ မြင်း၊ လူ စသော အစေခံသတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၃) မံသ၀ဏိဇ္ဇာ = ၀က်၊သမင် စသော အသားစားကြောင်း သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၄) မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက်အမျိုးမျိုးကို ရောင်းခြင်း၊

(၅) ၀ိသ၀ဏိဇ္ဇာ = အများကို သေစေတတ်သော အဆိပ်အမျိုးမျိုးကို ရောင်းခြင်းတို့ ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်ဘုရားသည် ဓား၊ လှံ၊ လေး၊ မြား စသော (လူသတ်)
လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်၍လည်းကောင်း၊ တခြားတစ်ပါးသောသူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊ သူတစ်ပါး ပြုလုပ်ပြီးသည်ကို တစ်ဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်းမပြုလုပ်ရဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့် တားမြစ်ရသနည်းဟူမူ ဓား၊ လှံ စသော
လက်နက်တို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သောကြောင်း ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် "မိစ္ဆာစာရ " ဖြင့် အသက်မွေးသော မိန်းမပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊
လူများကို ကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်း စသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု တားမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် သားသမင်၊ နွား၊ ကြက်၊ ၀က် စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍ သားငါးမျိုးကုန် ရောင်းခြင်းကို တားမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် လတ်တလော သေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျစေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုမလုပ်အပ်ဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့်ဆိုသော် အဆိပ်အမျိုးမျိုးတို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။

( လင်္ကာ)
လူနှင့် လက်နက်၊ ကြက်ဝက်၊ ယစ်မျိုး၊ အဆိပ်ဆိုးဟု၊
ကောင်းကျိုးမရ၊ အပါယ်ကျသော၊ ၀ဏိဇ္ဇငါး၊ မရောင်းစားဘဲ၊
ခုနစ်ပါး ဒုစရိုက်၊ ကြဉ်ဖယ်လိုက်၍၊ အမြိုက်ဘူမိ၊
ရောက်ကြောင်းရှိသော၊
သုစရိကျင့်၊ စိတ်ကောင်းမြင့်လျက်၊
သင့်တင့်ညီစွာ၊ ကုန်သွယ်ပါလျှင်၊ မိစ္ဆာဇီဝါ၊ ကင်းလွတ်ပါလျက်၊ သမ္မာဇီဝါ၊ ပြည့်စုံပါသည်၊ ဥပါသကာ ဇီဝတည်း။
(ဥပါသကဂုဏပကာသနီ)

ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်းမပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။

သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင့်
ညီညွတ်မျှတသောကုန်သွယ်မှုဖြစ်နိုင်ပါမည်။
ကောင်းသောအသက်မွေးမှုပြုခြင်း ဖြစ်နိုင်ပေမည်။

[ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ စာမျက်နှာ 49မှ-]

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Monday, April 1, 2013


အံ့ချီးဖွယ် တောင်ပုလု ဆရာတော်ကြီး

တောင်ပုလုဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယသည် အမေရိကန်ပြည်ထောင်စုသို့ ၁၉၇၈-ခုနှစ် သြဂုတ်လ ၁-ရက်နေ့တွင် ပထမဦးဆုံအကြိမ် အဖြစ် ပြည်ပသာသနာပြုခရီး ကြွတော်မူပါသည်။
ပထမဆုံးအကြိမ် ဆရာတော်ဘုရားကြီး အမေရိကန်သို့ကြွစဉ် စီးလာသောလေယာဉ်၏ စက်တလုံး ချွတ်ယွင်းကြောင်း လေယာဉ်မှူးက ပြောပါသည်။ လေယာဉ်မှူးက ပျက်သောစက်ခေါင်းဘက်သို့ကြည့်ရာ အ၀တ်အ၀ါရောင် ၀တ်ထားသော လူတဦးက လေယာဉ်၏ အတောင်ပံပေါ်ထိုင်ပြီး ပျက်နေသောစက်ကို လက်ညှိုးဖြင့် ထိုးနေသည်ကို မြင်တွေ့သဖြင့် သူ၏လက်ထောက် လေယာဉ်မှူးအား ကြည့်စမ်း၊ ဟိုမှာ လူတယောက်-ဟုပြောလိုက်သည်။ ထိုသူကကြည့်ရာ ဘယ်သူ့ကိုမှ မမြင်ဟုပြောသဖြင့် လေယာဉ်မှူးသည် မိမိမြင်ယောင်မြင်မှား ဖြစ်လေသလားဟု ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။

ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ချောမောစွာလေယာဉ်ဆိုက်ရောက်၍ ဆရာတော်ဘုရား လမ်းလျှောက်လာသည်ကို လေယာဉ်မှူးမြင်တွေ့သောအခါ အနားရှိသူများအား မိမိမြင်ခဲ့သော လေယာဉ်တောင်ပံပေး၌ ထိုင်နေသူမှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း၊ မျက်မှန်အမည်းတပ်ထားသည်ကို မိမိကောင်းစွာ မှတ်မိကြောင်း ပြောပါသည်။

ဆရာတော်ဘုရား အမေရိကန်တွင်ရှိစဉ် အမေရိကန်ဆရာဝန်တဦးက သူ၏ အသည်းအသန်ဖြစ်နေသော လူနာ ငါးဦး၏ဓာတ်ပုံများ ပြပြီး မေတ္တာပို့သဆုတောင်းပေးပါရန် လျှောက်ထားပါသည်။ ဆရာတော်က ဓာတ်ပုံများကိုကြည့်ကာ သုံးပုံကိုယူထားပြီး ကျန်နှစ်ပုံကို ပြန်ပေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ပေးလိုက်သော ဓာတ်ပုံနှစ်ပုံရှင် လူနာများ ကွယ်လွန်ကြပြီး ယူထားသော ဓာတ်ပုံသုံးပုံ၏ လူနာများ ရောဂါသက်သာရာ ရရှိကြပါသည်။

တကြိမ်က အမျိုးသမီး အစိုးရအရာရှိတဦး ကင်ဆာရောဂါရရှိကာ ဆေးရုံမှ လက်လျှော့လိုက်သဖြင့် နေအိမ်သို့ သက်ဆိုင်သူများက ပြန်ခေါ်ခဲ့ပါသည်။ နောက်ဆုံး မျှော်လင့်ချက်ဖြင့် ကုသရန် ဆရာတော်ဘုရားကို နေအိမ်သို့ ဆွမ်းပင့်ကျွေးပြီး လူနာအား မေတ္တာပို့ပေးပါရန် လျှောက်ထားလေသည်။ ဆရာတော်ဘုရားက လူနာခန်းသို့ ကြွပြီးအတန်ကြာကြည့်ကာ မေတ္တာပို့ပြီး ပြန်ကြွပါသည်။ နောက်တနေ့တွင် ထိုအိမ်သို့ ၀တ်ဖြူဝင်ကြယ်ဖြင့် အဘိုးတဦးရောက်ရှိလာပြီး လူနာအားမေးကာ ဆေးပေးသွားပါသည်။ ထိုဆေးဖြင့်ပင် လူနာသည် လုံးဝပျောက်ကင်းသွားပြီး ဘန်ကောက်ရှိ ကုလသမဂ္ဂအစည်းအဝေးတခုသို့ပင် လာရောက်တက်သွားဖူးပါသည်။

ဆန်ဖရန်စစ္စကိုမြု့တွင် ဆရာတော်ဘုရား ဦးစီးပြီး တည်ဆောက်ခဲ့သော ရွှေသိမ်တော်စေတီရှိရာ တောင်ပုလုတောရ ကမ္ဘာအေးကျောင်းတိုက်သို့ အိန္ဒိယလူမျိုး အမျိုးသမီးကြီးတဦးသည် လူအတွဲဖြင့် ဆရာတော်ဘုရားကို လာရောက်ဖူးမြော်ပါသည်။ သူမမှာ ကင်ဆာရောဂါရှင်ဖြစ်သည်။ ဆေးရုံမှ လက်လျှော့ပြီး သေရက်နီးသူ ဖြစ်၍ ကယ်မတော်မူပါရန် ရှိခိုးတောင်းပန်လေသည်။

ဆရာတော်ဘုရားက ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းမှ ရောဂါနှင့်ဆိုင်ရာ ပဉ္စကကို တနေ့သုံးကြိမ် နံနက် တနာရီ၊ နေ့ တနာရီ၊ ည တနာရီ ပထမငါးရက် အသွား (အနုလုံ)၊ ဒုတိယ ငါးရက် အပြန် (ပဋိလုံ)၊ တတိယ ငါးရက် အသွားအပြန် (အနုလုံ ပဋိလုံ) ရွတ်ပြီး တရားအားထုတ်ရန် ညွှန်ကြားလိုက်ပါသည်။ ဆရာတော်ဘုရား အမေရိကန်မှ ပြန်မကြွမီပင် ထိုအမျိုးသမီးကြီးသည် ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတိုက်သို့ ရောက်လာကာ ရောဂါမှပျောက်ကင်းပြီး သေတွင်းမှ လွတ်ခဲ့ကြောင်း လျှောက်ထားပါသည်



" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .