Showing posts with label ဘာသာရေ. Show all posts
Showing posts with label ဘာသာရေ. Show all posts
Friday, March 28, 2014
၂၀၁၄  ဖေဖေါ်ဝါရီ ပွဲအမှတ်တရ  ဆရာကြီးဦးမြင့်ဆွေကတော့ ကျန်းမာရေးမကောင်းလို့ မလာနိုင်ရှာဘူး
Sunday, June 30, 2013
ဗုဒ္ဓတံဆိပ် ခပ်နှိပ်စေ
အိုမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်းနှိပ်ခတ် တံဆိပ်မှတ်က
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့၊
ထွေထွေ သားသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကြအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ်စေသတည်းးးးးးးးးးး
မဟာဂန္ဓာရုံဆရာတော်
ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်
ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်
ဦးတည်မပျက် ရှေ့သို့ဆက် လူ့ဘုံထုံးစံကဲ့ရဲ့ဒဏ်ဖြင့် ရန်မာန်ပိတ်သဲခရီးခဲ၌ စိတ်ဇွဲသန်သန်နောက်မပြန်ဘဲ ရဲမာန်ရဲသွေးရဲစိတ်မွေးလျက် ရဲသွေးနီနီစီရရီဖြင့် ဦးတည်မပျက်==== ရှေ့သို့ဆက်လော့။
Friday, June 28, 2013
သေခါနီးမှာ ဖြစ်ပေါ်လာသော အာရုံ(၃)မျိုး
မေး။ ။ အရှင်ဘုရား တပည့်တော် သေခါနီးမှာ ဖြစ်ပေါ်လာတဲ့ အာရုံများရဲ့ အကြောင်းအရာကို သေချာကျနစွာ မသိသေးသဖြင့် အရှင်မြတ်အချိန်ရရင် ရေးသားပေးစေချင်ပါတယ်ဘုရား။ ကျေးဇူးတင်စွာဖြင့် ရိုသေစွာ အဝေးကနေ ရှိခိုးလိုက်ပါတယ်ဘုရား။
ဦးဇင်းလည်း မြန်မာပြည်မှာ ကွန်ပျုတာနဲ့ အွန်လိုင်းသုံးရဖို့ အခြေအနေ မပေးတာကြောင့် အမေးအဖြေများကို မရေးနိုင်ဘဲ အကြွေးတွေ များနေပါတယ်။ အလုပ်ကလည်း တစ်ယောက်တည်းကို ခေါင်းမူးအောင် ရှုပ်နေတာမို့ ဘာစာကိုမှ မရေးဖြစ်ဘူး ဖြစ်နေတယ်။ ခုတော့ ရန်ကုန်ရောက်တုန်း အင်တာနက်လိုင်းကောင်းတာနဲ့ အမေးအဖြေလေးတွေကို တက်နိုင်သမျှ ဖြေပေးလိုက်ပါတယ်။
ဖြေ။ ။ သက်ရှိသတ္တ၀ါတိုင်းရဲ့ သေခါနီးသော်လည်းကောင်း၊ ပဋိသန္ဓေနေဆဲ၌လည်းကောင်း ဖြစ်ပေါ်လာတဲ့ အာရုံ(၃)ပါး ရှိပါတယ်။
(၁) ကံ-မိမိပြုလုပ်အားထုတ်ခဲ့တဲ့ ကောင်းတဲ့လုပ်ရပ်စေတနာများ၊ မကောင်းတဲ့လုပ်ရပ် စေတနာစိတ်များ ပေါ်လာခြင်း။ မိမိစိတ်ကောင်းရှိခဲ့တာလေးတွေ၊ စိတ်ကောင်းမရှိခဲ့တာလေးတွေကို စိတ်ထဲမှာမြင်ယောင်မိလာတာကို ဆိုလိုပါတယ်။
(၂) ကမ္မနိမိတ်-မိမိလှူဒါန်းပေးကမ်းခဲ့တဲ့ အရာဝတ္ထုပစ္စည်းများ အာရုံပြု၍ ပေါ်လာခြင်း၊ ဥပမာ-ကောင်းတာနဲ့ပတ်သတ်ပြီး သူတစ်ပါးကို ပေးကမ်းခဲ့တာ တစ်ခုခုကိုဖြစ်စေ၊ သူတစ်ပါးအတွက် အဆောက်အဦး ဆောက်လုပ်ပေးခဲ့တာဖြစ်စေ မိမိစိတ်အာရုံမှာ ပေါ်လာပါတယ်။ မကောင်းတာပြုလုပ်ခဲ့တဲ့သူဆိုရင် သူတစ်ပါးအသက် သတ်ခဲ့တာ၊ ခိုးခဲ့တာ၊ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခဲ့တာစတဲ့ မကောင်းမှုလုပ်ရပ်တစ်ခုခု ပေါ်လာခြင်းများကို ဆိုလိုပါတယ်။
(၃) ဂတိနိမိတ်-မိမိအနာဂတ်ဘ၀ဖြစ်ရမဲ့ ဘုံဘ၀၊ ခန္ဓာကိုယ်၊ ရုပ်ဆင်းသဏ္ဍာန်တို့ ပေါ်လာခြင်း၊ ဥပမာ-ကောင်းတာလုပ်ခဲ့သူဟာ ကောင်းရာဘ၀ဖြစ်တဲ့ လူ့ဘ၀ခန္ဓာကိုယ်၊ နတ်ဘ၀ခန္ဓာကိုယ်များ ထင်မြင်လာပြီး မကောင်းတာလုပ်ခဲ့သူကတော့ မကောင်းရာဘ၀ဖြစ်တဲ့ အပါယ်လေးဘုံသား သတ္တ၀ါတို့ရဲ့ ဘုံဌာနတွေ၊ ငရဲခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ၊ ပြိတ္တာခန္ဓာ၊ အသူရကာယ်ခန္ဓာများ ပေါ်လာကြပါတယ်။
ယခု ဖော်ပြခဲ့တဲ့ အချက်(၃)ခုထဲက တစ်ခုခုကိုတော့ သက်ရှိသတ္တ၀ါတိုင်း ကြုံတွေ့ရမှာမို့ မိမိတို့ရဲ့ အနာဂတ်ဘ၀ဟာ ဘယ်လိုဘယ်ပုံဖြစ်မဲ့ဆိုတာ မိမိကိုယ်တိုင် သေခါနီးဖြစ်စေ၊ နောက်ဘ၀ခန္ဓာဖြစ်ခါနီးဖြစ်စေ မြင်တွေ့ရမှာဆိုတော့ မိမိမသေခင်ကတည်းက ကောင်းတာလေးမြင်ချင်ရင် ကောင်းတာများပြုလုပ်ဖို့ လိုတယ်ဆိုတာ မမေ့ကြပါနဲ့လေ။
ဒီလောက် အကျဉ်းချုပ်ဖြေပြလိုက်ရင် နားလည်သဘောက်မယ်ထင်တာမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။ ဦးဇင်း မြန်မာပြည်ရောက်နေတုန်း ဟောကြားပေးခဲ့သမျှ တရားတွေထဲမှ သင်္ကြန်တွင်းတုန်းက မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော်ကျောင်းရိပ်သာမှာ အမေးအဖြေပြုလုပ်ပေးခဲ့တဲ့ တရားပုဒ်ရေ (၉)ခွေကိုလည်း တစ်ခွေတည်းဖြစ်အောင် ပြုလုပ်ထားပြီးပါပြီ၊ အဲဒီခွေကို ဦးဇင်းသီရိလင်္ကာ မပြန်ခင် တက်နိုင်သမျှ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတတိုးပွားစေဖို့အတွက် ဖြန့်ဝေပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်လေ။
စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်......။
အရှင်ကောမလ ဆန်နီနေမင်း
သေနတ်တစ်ချက်မဖောက်ခဲ့ဘူး... ဓါးတစ်လက်မစွဲကိုင်ခဲ့ဘူး... လူသတ်ဖို့တစ်ခွန်းမဟခဲ့ဘူး... ကိုယ်တိုင်လည်း သူတစ်ပါးကို မသတ်ဖြတ်ခဲ့ဘူး... သူများဘာသာဝင်တွေကို Genocide လုပ်ဖို့ မဟောကြားခဲ့ဘူး... ကဲ ဘယ်နားအကြမ်းဖက်နဲ့ နည်းနည်းလောက်ထောက်ပြပါ...
သူလုပ်နေတာတစ်ခုပဲရှိတယ် အဲဒါက ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းတွေ ကိုယ့်အမျိုးနဲ့ကိုယ့်ဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြဖို့ပဲ... အဲဒါကို ကမ္ဘာမှာကျော်ကြားလှတဲ့ ဘက်မလိုက်မဂ္ဂဇင်းလို့ ယူဆထားမိခဲ့တဲ့ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Time Magazine က ထူးခြားမိုက်ရိုင်းစွာပဲ ဗုဒ္ဓဘာသာနဲ့တကွ အမျိုးစောင့်ဥပဒေကို အားကျိုးမာန်တက် ဖော်ထုတ်နေတဲ့ ဆရာတော်ဦးဝီရသူကို အကြမ်းဖက်အသွင် ဖော်ထုတ်တင်ပြခဲ့ပါတယ်... အဲဒီ Time မဂ္ဂဇင်းရေးခဲ့တဲ့ ခေါင်းစဉ်နဲ့ link ကတော့...
>>> The Face Of Buddhist Terror >>> http://www.time.com/time/magazine/article/0,9171,2146000,00.html တို့ပဲဖြစ်ပါတယ်...
ဒီသတင်းကိုတင်တဲ့ Hannah Beech (Bitch) ဆိုတဲ့ သတင်းသမားမ ကိုလည်း ပြောချင်ပါတယ်... ငွေရရင်ပြီးရောဆိုပြီး သတင်းကို ဖြစ်ကတတ်ဆန်း တင်တတ်တဲ့အကျင့်ဟာ ခွင့်လွှတ်သည်းခံတတ်တဲ့ ဗုဒ္ဓဘာသာလူမျိုးတွေနဲ့တွေလို့ ခင်ဗျားသက်သာရာ ရသွားတာပါ... အကယ်၍ ဒီသတင်းမှာသာ "The Face Of Islamic Terror" ဆိုပြီးခင်ဗျားတင်မိရင်တော့ တင်ပြီးချက်ခြင်း ခင်ဗျားလည်ပင်းတွေယားလာပါလိမ့်မယ်... ဒါပေမယ့် စိတ်ချပါ ဗုဒ္ဓဘာသာဝင်တွေက ခင်ဗျားကို အဲလောက်ကိုယ်ထိလက်ရောက်ဘာတစ်ခုမှ လုပ်ဖြစ်မှာမဟုတ်ပါဘူး... ကျုပ်တို့ ဘာသာဝင်နဲ့ ကျုပ်တို့ လေးစားကိုးကွယ်ရတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ထိပါးတဲ့အတွက် ကျုပ်တို့ရဲ့ တုန့်ပြန်မှုက ခင်ဗျားကို တစ်သက်စာ မုန်းတီးသွားခြင်းနဲ့ ခင်ဗျားရဲ့ Professional Life တစ်ခုဖြစ်တဲ့ ဂျာနယ်လစ်ဘ၀ကိုပါ ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးက အထင်သေးသွားခြင်းပါပဲ...
ကြားဖြတ်အနေနဲ့ "အမျိုးစောင့်ဥပဒေ" ရဲ့ အနှစ်သာရရှိလှတဲ့ အပိုဒ်လေးကို တင်ပြပေးလိုက်ပါတယ်... လက်မခံနိုင်တဲ့လူတွေနဲ့ သိပ်မငြင်းချင်ပါဘူး... မြန်မာမှန်ရင် မြန်မာစာ ကောင်းကောင်း ဖတ်တတ်မယ်လို့ ယုံကြည်ပါတယ်... အဲဒါကို လူပြိန်းတွေ နားလည်အောင် စာစကားနဲ့
ရေးပေးလိုက်ပါတယ်...
"မြန်မာအမျိုးသမီးများဟာ လူမျိုးခြားဘာသာခြားနဲ့ ယူမယ်ဆိုရင် ယူလို့ရပါတယ် ဥပဒေအရ အဲဒါကို မတားမြစ်ပါဘူး... ဒါပေတိ ခင်ဗျားတို့ မိခင်လောင်းတွေအနေနဲ့ ဒီလိုယူပြီးခါမှ အတင်းဖိအားပေးခံရပြီး မိမိသဘောထားမပါပဲနဲ့ တခြားဘာသာကိုအတင်းသွတ်သွင်းခံရမဲ့အရေး အတွက် ဒီ အမျိုးဘာသာ သာသနာစောင့်ရှောက်တဲ့ ဥပဒေကို ဆရာတော်တွေက ကြိုးစားပေးနေတာပါ"
ရှင်းအောင်ရေးပေးထားပါတယ်... ရှင်းမယ်လို့လည်းထင်ပါတယ်... လူ့အခွင့်အရေးသမားများ... အထူးသဖြင့် ဘယ်ကမှန်းမသိထွက်လာတဲ့ အမျိုးသမီးအဖွဲ့ ၅ ဖွဲ့... ဒေါ်ရွှေဇီးကွက်နဲ့တကွ တတ်ယောင်ကားများ အားလုံးကို ရည်ရွယ်ပါတယ်... သေချာဖတ်ပါလို့လည်း တိုက်တွန်းပါတယ်...
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ မြတ်စွာဘုရားရှင်အဆက်ဆက် ကျင်သုံးခဲ့တဲ့တရားတော်တွေတိုင်းမှာ သူတပါးကို ငြင်းပန်းနှိပ်စက်ဖို့ ဒုက္ခပေးဖို့ဟောတဲ့ တရားတော်တွေ တစ်ခုမှမပါပါဘူး... ဗုဒ္ဓသားတော်တွေဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်တွေ ဗုဒ္ဓဘာသာဝင်တွေဟာလည်း သူတပါးကို ဒုက္ခပေးဖို့ စိတ်အားထက်သန်နေတဲ့ လူမျိုးတွေ ဘာသာဝင်တွေမဟုတ်ဘူးဆိုတာ ကမ္ဘာကသိပြီးသားပါ... လက်ရှိ ဆရာတော်ဦးဝီရသူရဲ့ လုပ်ရပ်တွေကို ဝေဖန်နေတဲ့ ဗုဒ္ဓဘာသာဝင်လို ခံယူထားတဲ့ သူတော်ကောင်းအပေါင်းတို့ ခင်ဗျားတို့အခုလို သံဃာတော်တွေကို စော်ကားမော်ကားပြောပြီး ဖေ့ဘုတ်တွေ ဘလောခ့်တွေမှာ လူတတ်ကြီးလုပ်ပြီး Like တွေ Comment တွေ ခံယူနေတာဟာ ကိုယ့်ကိုကိုယ် ငရဲပိုနေတဲ့ သရဏဂုံသုံးပါးကို စော်ကားသူ... ခင်ပွန်းကြီး ၁၀ ပါး ပစ်မှားစော်ကားတဲ့သူတွေ ဖြစ်နေပြီဆို မမေ့ကြပါနဲ့လို့ စေတနာနဲ့သတိပေးပြောကြားလိုပါတယ်... အကယ်၍ ခင်ဗျားတို့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေ ဗုဒ္ဓဘာသာအတွက် တကယ်အလုပ်လုပ်ပေးခဲ့တယ် အလုပ်လုပ်ပေးနေကြတယ်ဆိုရင် သံဃာတော်တွေ ၀င်ပါစရာတောင်မလိုပါဘူး... ဘာကြောင့်ဝင်ပါရသလဲဆိုတာ မစဉ်းစားပဲ ၀င်မပါသင့်ဘူးဆိုတာကို မျက်စိမှိတ်ငြင်းဆန်နေကြတာဟာ သင်တော်ရဲ့လားလို့ပဲ ကျွန်တော်မေးချင်မိပါတော့တယ်...
ဒီပိုစ့်လေးဖြင့် အမျိုးဘာသာ သာသနာကို ကိုယ်ကျိုးမပါ အသက်ပဓါနမထားပဲ အားကျိုးမာန်တက် လုပ်ဆောင်နေသော ဆရာတော်ဝီရသူ နှင့်တကွ မျိုးချစ်ဘာသာချစ် သံဃာတော်အရှင်သူမြတ်အပေါင်းနှင့် လူပုဂ္ဂိုလ်အားလုံးကို လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်...
(အစကတော့ အင်္ဂလိပ်လိုပါ တင်မလို့ပါပဲ.. အခုတော့ ကျွန်တော် ဘာသာပြန်ဖို့ အားနည်းတဲ့အတွက် ဒီအတိုင်းပဲ မြန်မာလိုတင်လိုက်ပါတယ်... တပည့်တော် ကတိပျက်သွားတဲ့အတွက် ကတိပေးခဲ့မိတဲ့ ဆရာတော် သံဃာတော်အရှင်သူမြတ် အားလုံးကို တပည့်တော် ဒီနေရာကနေပဲ အနူးအညွှန့်တာင်းပန်လိုက်ပါတယ်ဘုရား...)
ကျေးဇူးတင်ပါတယ်...
ဇင်မျိုး.
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူး လွန်ခြင်း ကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လို သတ်ဖြတ် ကြိုးပေးရမလဲ? လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Gandhi)
(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွား ခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာတရား တစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၇) ကမ္ဘာပေါ်တွင် မည်သည့် ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည် ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ် စိတ်ပါလက်ပါ စာနာထောက်ထားသော အားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည် ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်း စင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ် တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Gandhi)
(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ
ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Gandhi)
(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက် နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြား အရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင် ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်း အရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင် သည် ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာ အားဖြင့် ချွတ်ခြုံကျနေကြ ရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝ သော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ် ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ် ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅) သက်ရှိ သတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်း ပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ် ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး
အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်
ဖြစ်သည်။ (နေရူး - Nehru)
(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များ ဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယက များထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထား အရာတို့၌ အမြင့်မြတ်ဆုံး ဖြစ်သည့် ဗုဒ္ဓသည် ခရီးသည် ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)
(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သော စကားထွက်ပေါ်လာသည် ဟူ၍ မည်သည့် အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)
(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်း မှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁) ဘာသာကို ကျုပ်လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ ဘာသာကြီးများ အနက် တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်း များ ပေါ်ပေါက် လာခဲ့သော် မိမိလက် ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)
(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာ ဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရား များ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက် ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံ စေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွား နိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှု ဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်း ရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)
(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာ လူသား ပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန် နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါ တလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲ တားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာ နည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀) စွမ်းရည်သတ္တိ ဘယ်လောက် သိမ်ဖျင်းသူ ပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေ ပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံး လူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော် ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
*သံဝေဂတရား(ဂ)ပါးလင်္ကာ*
နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဥာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏။
ခုံခင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။
လယ်တီဆရာတော်
ကြုံတွေ့ရမည့်ဒုက္ခဆင်းရဲများ
သတ္တ၀ါတိုင်းကြုံတွေ့ရမည့်ဒုက္ခရှစ်မျိုးရှိပါတယ်။၎င်းတို့မှာ-
(၁) ဇာတိဒုက္ခ=ပဋ္ဋိသန္ဓေနေရခြင်းဆင်းရဲ။
(၂) ဇရာဒုက္ခ=အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။
(၃) ဗျာဓိဒုက္ခ=နာမကျန်းဖြစ်ရခြင်းဆင်းရဲ။
(၄) မရဏဒုက္ခ=စုတေလွန်ရခြင်းဆင်းရဲ။
(၅) အပိယေဟိသမ္မယောဂဒုက္ခ=မချစ်မနှစ်သက်အပ်သောသတ္တ၀ါနှင့်အတူကြုံရခြင်းဆင်းရဲ။
(၆) ပိယေဟိဝိပ္ပယောဂဒုက္ခ=ချစ်ခင်နှစ်သက်အပ်သူနှင့်ကွဲကွာနေရခြင်းဆင်းရဲ။
(၇) ယံပိစ္ဆံနလဘတိဒုက္ခ=လိုသည့်အရာကိုမရသောဆင်းရဲ။
(၈) ပဉ္စုပါဒါနက္ခန္ဓဒုက္ခ=ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲ။
Thursday, June 27, 2013
သဲအင်းဂူဆရာတော်ဘုရား၏သြ၀ါဒ
သေခါနီး စိတ်ကလေး ထားတတ်ဖို့အရေးကြီးတယ်။ နာတယ် သိတယ် အသိတွေဖြစ်ခွင့်မပေးနဲ့။ နာလိုက်တာ ကိုက်လိုက်တာဆို စိတ်သာချ အပါယ်လေးပါးပဲ။ ရှိတာကခန္ဓာငါးပါး ရုပ်နှင့်နာမ်။ ရုပ်နာမ်ဖြစ်ပျုက်တာ မမြင်လို တငါငါ စွဲနေကြတာ ၊ ငါစိတ်နဲ့ သေရင်ငါသာခံကြပေတော့။ ငါဆိုတဲ့ ဒိဠိမပြုတ်လို့ လေးဘက်ထောက်၊ မိုးကျောခိုင်းပြီး အပါယ်လေးပါးဆင်းရတာ။ ငါစွဲပြုတ်အောင် ၀ိပသာနာ အလုပ်လုပ်ကြ၊ မလုပ်ရင် စုံးစုံး မြုပ်ကြလိမ့်မယ်။ လာလမ်းမပြန်ချင်ကြပါနဲ့။ ရုပ်က ဖောက်ပြန်တယ်။ နာမ်ကခံစားတယ်။ ရုပ်ရုပ်ချင်းတိုက်ခိုက်ပြီးမှ နာမ်ကခံစားတာ၊ နာမ်၏လက္ခာဏာ ခံစားပြီး ပျက်တာကိုသိ၊ အဲဒီပညာသိလေးရဖို့ အရေးကြီးတယ်။ သေရင်လည်းစိတ်ကလေး အပြင်မထွက်ဘဲနဲ့ တရပ်စပ်ကြီး အသိလိုက်နေရမှာ။ လောဘ၊ ဒေါသ၊ မောဟမကြောက်နဲ့၊ အသိမလိုက်မှာကြောက်၊ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင်။ သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာဆိုတာစိတ်ပဲ။ စိတ်သိချင်ရင် အလုပ်လုပ်ကြ၊ သူများစိတ်ကျော် မစစ်နဲ့။ ကိုယ်စိတ်ကိုယ်စစ်။ သူများအပြစ်မရှုနဲ့  ကိုယ်အပြစ်ကိုယ်ရှု။ အပြောသမားမဖြစ်စေနဲ့။ အလုပ်သမားဖြစ်ပါစေ။
Sunday, June 23, 2013
သပြေကန်ဆရာတော်ဘုရားကြီး၏  မရဏသတိကထာ                                                                      ၁။ အဓုဝံ မေ ဇီဝံ
    မေ-မရဏဖတ် ကျမသက်ရှင် သက်ရှိဖြစ်နေသော ငါ၏
    ဇီဝံ-ရုပ်နာမ်နှစ်ချက် အသက်ဇီဝိတသည်
    အဓုဝံ-တစ်နေ့လျှင် ပျက်ရမလွဲ မမြဲပါတကား။
    ငါ့သက်ဇီဝ တည်မရမဲ့ မုချသေချာ
    တစ်နေ့ခါပျက်မှာ မလွဲပါတကား။
၂။ ဓုဝံ မေ မရဏံ
    မေ- ခန္ဓာဘိဇ္ဇန အနစ္စဖြင့် စိတ်မချရသော ငါ၏
    မရဏံ-ဤဘ၀မှ လျှောကျစုတေ အခြေမလှ သေရခြင်းသည်၊
    ဓုဝံ ရှောင်မရသာ ခွာမရမြဲ မလွဲမုချပါတကား။
    မရဏမင်း သူ့လက်တွင်းသို့
    သက်ဆင်းရမှာ ငါ့အတွက်သာ
    ရှောင်ခွာ မရပါတကား။
၃။ အ၀ဿံ မယာ မရိတဗ္ဗမေဝ
    မယာ-သေမင်းအစာ ခန္ဓာဖက်မိ အသက်ရှိနေသော ငါသည်၊
    အ၀ဿံ-လွတ်နိုင်ဖို့ရေး မြှော်တွေးမမြင် စင်စစ်အမှန်ပင်၊
    မရိတဗ္ဗမေ၀-အခြေမလှ သေရမည်မှာ
    ကျိန်းသေပါ ဧကန်မုချပါတကား။
၎။ မရဏံ မေ ဘ၀ိဿတိ
    မရဏမင်း သူ့လက်တွင်းသို့ သက်ဆင်းရမှာ
    မလွဲသာသည် သူငါကြုံရ သဘာဝမို့ ဤအတွက်တာ
    တစ်နေ့ခါ သေမှာ မလွဲပါတကား။
၅။ ဇီဝိတံ မေ နိရုဇ္ဇျိဿတိ
    ရုပ်နာမ်နှစ်ချက် ငါ့အသက်မှာ မပျက်ရှည်ကြာ
    မတည်သာခဲ့ သေခါချိန်ရောက် သရုပ်ဖောက်
    ချုပ်ပျောက်လိမ့်မည်တကား။
၆။ ယထာယံ မတော တထာ မယံ မရိဿမ
    ဤ(ဦးဖြူ)သည် ဇီဝန်ပျက်ကြွေ အခြေမလှ သေခဲ့ရသို့
    ထို့အတူသာ ငါတို့မှာလည်း ခန္ဓာရွေ့ရ သေနေ့ကျ
    သေရမည်ချည်းပါတကား။
ကာယော သန္ဒိဟိတာပါယော
သမ္ပဒါ ခဏ ဘင်္ဂုရာ၊
သမာဂမော သာပဂမော
သဗ္ဗမုပ္ပာဒိ ဘင်္ဂုရံ။ ။(ပဉ္စတန္တြ)
၁။ အများသတွာ ကိုယ်ခန္ဓာကား
    ရောဂါရန်စွယ် အန္တရာယ်အသီးသီး
    ဖျက်အဆီးဖြင့် ပျက်စီးဖို့ရာ နီးလှစွာ
    သူငါကြောက်လန့်ဖွယ်တကား။
၂။ စုကြဆောင်းကြ သိမ်းဆည်းကြသည့်
    ဓနဥစ္စာ ရတနာလည်း မကြာရှည်ကြ
    တစ်ခဏဖြင့် ကုန်ရပျောက်ရ၊
    အဆုံးကျ စွန့်ရမှချည်းပါတကား။
၃။ အိမ်မြေလယ်ယာ ရတနာသီးသီး
    သားသမီးနှင့် ဇနီးချစ်လင်
    ခင်မင်နွဲကြ တွဲသမျှ ကွဲရနောက်ဆုံးပါတကား။
၎။ သတွာသင်္ခါရ ဖြစ်သမျှတို့ ကာလရှည်ကြာ
    မတည်သာခဲ့ ဖြစ်လာပျက်ရ အနိစ္စ လောက သဘောပါတကား။
၅။ အသက်ဇီဝိန် ကိုယ့်ငွေ့ရှိန်နှင့်
    ဤအခါ၌ ခန္ဓာသမုတ် ဘူတရုပ်ကား သရုပ်မမှန်
    မြေသုဿာန် ဧကန်ဆိုက်ရမည်။
၆။ ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ
    ဘယ်ဒေသ၌ သေရမည်တာ တို့သူငါ မှန်စွာမသိပါတကား။
၇။ မြေ၊ရေ၊လေ၊မီး ဓာတ်ကြီးလေးထွေ အနေကျကျ
    အခြေလှ၍ မျှတနေစဉ် အသက်ရှင်လည်း အကြင်အခါ
    ဓာတ်လေးဖြာတို့ အာဏာဟုန်ပြ သူပုန်ထသော် ပျက်ရကျေရခြေမလှ သေရချေဦးမည်။
Wednesday, June 19, 2013
.
*ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ*
အပြု (ကာယကံ)
ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။
ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။
ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။
အပြော (၀စီကံ)
ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။
အတွေး (မနောကံ)
တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ)
Friday, May 17, 2013
အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။
(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။
Monday, May 13, 2013
မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော သံဃာတော်များ လူထွက်ရခြင်းအကြောင်း(၄)ချက်
အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့သူတွေအတွက် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်းအထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။
၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)
ကြီးပွားတိုးတတ်ချင်လျှင်
မေး။ ။ အရှင်ဘုရား တပည့်တော်ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်လုပ် စည်းစိမ်ဥစ္စာ မတိုးတတ်ဘဲ ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုပြုလုပ်ရပါမလဲဘုရား။
ဖြေ။ ။ ကြီးပွားတိုးတတ်ချင်ပါက
၁။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ မိဘတွေက ငါတို့သားသမီးလေး ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။
၂။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် သားသမီး၊ လက်အောက်ငယ်သား အလုပ်သမားများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။
၃။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိမိရဲ့လုပ်ငန်းရှင်များကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။
၎။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိရိုဖလာကိုးကွယ်လာတဲ့ နတ်ဒေ၀ါများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။
၅။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မြင့်မြတ်တဲ့ရဟန်းသာမဏေများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။
အထက်ပါ အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံသူသည် မည်သည့်အခါမှ ဆင်းရဲခြင်းမရှိဘဲ ကြီးပွားတိုးတတ်နေပါလိမ့်မည်။ (အံ၊ ၂၊ ၆၇)
Saturday, May 11, 2013
သင်္ဂါယနာတင်ကြခြင်း
-
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
သာသနာ့အမွေဆက်ခံခဲ့ခြင်း
-
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု()ထု ပူးပေါင်း ကာ သင်္ဂါယနာ ()ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေ အောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသဘည်။
  ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
() အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(
) သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး ()လ နှင့် ()ရက်
) နေရာ
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(
) ခေါင်းဆောင်
      အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)
(
) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)
(
) မင်း
အဇာတသတ်မင်း
(
) ကြာမြင့်ချိန်
      (
)
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။
-
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းင်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု()စု ရရှိပြီး ပိဋကတ်()ပုံဟု ခေါ်တွင်သည်။
-
၎င်းပိဋကတ် ()ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
-
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ  တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။
-
ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်()ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
-
ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်၏တပည့်များ)မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(
) သာသနာနှစ်
(
၁၀၀)နှစ်
(
) နေရာ
ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(
) ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(
) သံဃာဦးရေ
ရဟန္တာပေါင်း (၇၀၀)
(
) မင်း
ကာလာသောကမင်း
(
) ကြာမြင့်ချိန်
(
)
-
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ()လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု()ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။
-
၎င်းးရဟန်းပျက် (၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။
-
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု()ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
တတိယအကြိမ်သင်္ဂါနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။
(
) သာသနာနှစ်
(
၂၃၅) နှစ်
(
) နေရာ
ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
(
) ခေါင်းဆောင
အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်
(
) သံဃာဦးရေ
ရဟန္တာပေါင်း (၁၀၀၀)
(
) မင်း
သီရိဓမ္မာသောကမင်း
(
) ကြာမြင့်ချိန်
(
)
-
ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။
-
အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀၀၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု () ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် () ကြာမြင့်ခဲ့သည်။
-
အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။
-
သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ () ပုံ () ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
-
မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် () ပါး ဦးဆောင်သော ရဟန္တာ () ပါးအဖွဲ့၏ သထုံဖက်မှ ၀င်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။
(
) သာသနာနှစ်
(
၄၅၀) နှစ်
(
) နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(
) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(
) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)
(
) မင်း
ဝဋ္ဋဂါမဏိမင်း
(
) ကြာမြင့်ချိန်
တစ်နှစ်
-
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
-
အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။
-
သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု () ထု ပူးပေါင်းဆောင်ရွက်ကြသည်။
-
ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။
(
) သာသနာနှစ်
(
၂၄၁၅) နှစ်
(
) နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်
(
) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်
(
) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၄၀၀)
(
) မင်း
မင်းတုန်းမင်း
(
) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် () () ရက်
ကျောက်ထက်တင် () နှစ် () (၁၄) ရက်
-
သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် () ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု () ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။
-
နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် () လနှင့် () ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် () နှစ် () လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
() သာသနာနှစ်
(၂၄၉၈) နှစ်
() နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
(
) ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
(
) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၅၀၀)
(
) မင်း
ဖဆပလ ဦးနု အစိုးရ
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။