Monday, May 13, 2013

မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော သံဃာတော်များ လူထွက်ရခြင်းအကြောင်း(၄)ချက်

အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့သူတွေအတွက် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်းအထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။

၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)

No comments: