Thursday, May 23, 2013

အသက် ၄၅ နှစ် အရွယ်ရှိ ကျောင်းဆရာဖြစ်သူ ပေါလ်ဟာ အရေပြား ကင်ဆာရောဂါနဲ့ သူ မကြာမီ လူ့လောကမှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလား မမြောက်သေးတဲ့ ၅ နှစ်နဲ့ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ နောင်တချိန် အရွယ်ရောက်လာတဲ့အခါ ဖတ်ဖို့ စနစ်တကျ ရေးသားပြုစုထားပါတယ်။ စာဖတ်သူတို့လည်း မှတ်သားလိုက်နာ ကျင့်ကြံကြပါစို့လား။

၁။ ယဉ်ကျေးသိမ်မွေ့ပါ။ အချိန်တိကျပါ။ ကျေှးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်ဆိုတာကို အမြဲတမ်း ထည့်ပြောပါ။

၂။ သင်ကိုယ်တိုင်ပြဿနာ ရှိသော်လည်း တခြားသူ ဒုက္ခရောက်တဲ့အခါ ထောက်ထားညှာတာပါ။ ကရုဏာထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့  ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို လေးစား အံ့သြပြီး သင့်ကို ကူညီလာပါလိမ့်မယ်။

၃။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန်တယ်ထင်ရင် လုပ်ပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ဘာအပြစ်မှမကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့သမျှကို နောင်တမရပါဆိုတဲ့ အကောင်းအဆိုး ခွဲခြားသိတဲ့ စိတ်နဲ့ မှန်ကြည့်နိုင်အောင် ကြိုးစားပါ။

၎။ မိမိကိုယ်ကို နှိမ့်ချပါ။ မိမိရဲ့အယူအဆ၊ နေရာကို မပြောင်းလဲဘဲ မနေဘဲ တဖက်သား ပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီး နောက်ပြန်ဆုတ်ပါ။ အရိုအသေတန်မှာ အရှက်ရမှာ မစိုးရိမ်နဲ့။ သင်ဟာ တယူသန် ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။

၅။ သင့်အမှားများစွာမှ သင်ယူနိုင်အောင် ကြိုးစားပါ။ သင်ဟာ ပြဿနာတခုခုနဲ့ ကြုံလာတိုင်း ဆက်ပြီး တူညီတဲ့ အမှားမျိုး လုပ်မယ်ဆိုရင် သင်ဟာတခုခုတော့ မှားနေပြီ။

၆။ သူတပါးအား မထီမဲ့မြင် မလေးမစား ပြုမူ မဆက်ဆံပါနဲ့။ မိမိအတွက်လည်း မကောင်းပါ။ ပြဿနာ တခုခုရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်ပါ။

၇။ ရန်စကို ထိန်းချုပ်ပါ။ တစုံတယောက်က ကိုယ့်ကို ဆန့်ကျင် တိုက်ခိုက်လာရင်လည်း ချက်ချင်း မတုန့်ပြန်ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှား ပါလာတတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့်အရေး ရလာပါလိမ့်မယ်။

၈။ ပျော်ပျော်နေပါ။ မိမိထက် နိမ့်ကျပြီး ကံမကောင်း အကြောင်းမလှတဲ့ သူများကို ပေးကမ်း ရက်ရော ကူညီပါ။ ဒါဟာ လုပ်သင့် လုပ်ထိုက်ပြီး မိမိအတွက် ခက်ခဲတာလည်းမဟုတ်။

၉။ အမြဲတမ်း အကောင်းမြင်တတ်ပါစေ။ ဥပမာ- ဖန်ခွက်ထဲကရေဟာ တဝက်ပြည့်နေတာ။ တဝက်မရှိတာ မဟုတ်ဘူး။ ကံဆိုးမှုတိုင်းကို ရှာဖွေသင်ခန်းစာယူတတ်ရင် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၁၀။ တခုခုကို လုပ်ဖို့ အကျိုးအကြောင်း ရှာဖွေပါ။ အမြဲတမ်း "YES" ဆိုတာ ပြောဖို့ အသိစိတ် မွေးရပါမယ်။ "NO" ပြောဖို့ မကြံပါနဲ့။ အဲဒီအတွက် သင့်မိတ်ဆွေဟာ သင့်ကိုချစ်ခင်လာပါလိမ့်မယ်

၁၁။ သူများနဲ့ ပိုင်ပိုင်နိုင်နိုင် တိုင်ပင် ညှိနှိုင်းခြင်းဖြင့် သူတို့အကြိုက်ကို ပို၍ သင် လိုက်လျောပေးနိုင်ရင် သင်လည်း လိုအပ်တာထက် ပိုမို ရရှိခံစားနိုင်မှာဖြစ်ပါတယ်

၁၂။ အဖွဲ့အစည်း၊ ပါတီဖိတ်ကြားခြင်းကို ယဉ်ကျေးပျူငှာစွာ လေးစား ဂုဏ်ပြုတဲ့အနေနဲ့ အမြဲတမ်း လက်ခံတက်ရောက်ပါ။

၁၃။ မိမိထက် အဆင့်အတန်း၊ ရာထူး နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ အမြဲတမ်း တန်းတူ ဆက်ဆံရပါမယ်။ သင့်ထက် ဝါကြီးသူကို ရိုသေ ကိုင်းရှိုင်းရပါမယ်။ ဖော်လံဖားသူ မဖြစ်ပါစေနဲ့။ ရွယ်တူကို လေးစားပါ။

၁၄။ သင့်မောင်နှမ သားချင်းများရဲ့ အကြိုက်ကို ဦးစားပေးပါ။ မိမိကိုယ်ကိုနဲ့ မိမိနိုင်ငံကို ဂုဏ်ယူမြတ်နိုးပါ။ တခြား တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားများကိုလည်း လေ့လာပါ။ သင်တခြား တိုင်းပြည်သို့ ခရီးသွားတဲ့အခါမှာ မိမိတိုင်းပြည်ဟာ ကမ္ဘာမှာ ဘယ်လောက်အရေးပါတယ်၊ မပါဘူး ဆိုတာကို သိလာပါလိမ့်မယ်။ သိပ်ပြီး သွေးကြီးပြီး ဘဝင်မမြင့်ပါနဲ့။

၁၅။ ရည်မှန်းချက် ကြီးကြီးထားပါ။ မိမိ တတ်ကျွမ်းတဲ့ပညာနဲ့ ကြိုးစားလုပ်ကိုင်ပြီး အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပါ။

၁၆။ နေ့စဉ်လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင် လုပ်ပါ။ အချိန် မဆွဲပါနဲ့။

၁၇။ ကျောင်းမှာ အတော်ဆုံး ဖြစ်အောင်လုပ်ပါ။ ဆရာ၊ ဆရာမများ သင်ကြားတာအပြင် မိမိကိုယ်ကို တီထွင်ကြံဆပါ။

၁၈။ သင်တတ်နိုင်တဲ့ အတိုင်းအတာအထိ သုံးစွဲပါ။ အလွန်အမင်းလည်း ခြိုးခြံ မချွေတာပါနဲ့။ သူ့ ဈေးနှုန်းနဲ့တန်တဲ့ ပစ္စည်းမျိုးရှာဖွေဝယ်ယူပါ။

၁၉။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ဖခင်မရှိပေမဲ့ သတ္တိရှိပါ။ ကြင်နာရက်ရောပါ။ ကျန်းမာ သန်စွမ်းအောင် နေပါ။ မိမိ ကံကြမ္မာကို ကောင်းအောင်ဖန်တီးပါ။

၂၀။ မိမိကိုယ်ကို ဘယ်တော့မှ ဝမ်းနည်း အားငယ်မနေပါနဲ့။ ငိုယိုခြင်းကနေ ဘာမှကောင်းတာ ဖြစ်မလာဘူး။

၂၂။ ဘာသာစကားတခုခုကို လေ့လာသင်ယူ လိုက်စားပါ။ အထူးသဖြင့် နိုင်ငံတကာသုံး အင်္ဂင်္လိပ်စာကို ကျွမ်းကျင်အောင် ပြုလုပ်ပါ။

၂၃။ နောက်ဆုံးအနေနဲ့ သင့်မိခင်ကို သေချာ ဂရုစိုက်ပါ။ ချစ်ခင်ကြင်နာ ယုယပါ။

Category: ဆောင်းပါး
Published on Friday, 25 January 2013 03:39
Written by Maukkha

Friday, May 17, 2013

ယောက်ျားတို့အတွက် သင်္ဘောရွက်

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။ 
စာရေးသူတို့ ယောက်ျားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။ 
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။ 
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။


စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။ 
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။


ဦးဌေးနိုင်-မန့်စတိုး (ရွှေညောင်ဈေး) 
(နက္ထတ္တ ၂၀၀၉-ဇွန်)
အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။
(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။

Monday, May 13, 2013

မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော သံဃာတော်များ လူထွက်ရခြင်းအကြောင်း(၄)ချက်

အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့သူတွေအတွက် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်းအထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။

၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)

ကြီးပွားတိုးတတ်ချင်လျှင်

မေး။ ။ အရှင်ဘုရား တပည့်တော်ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်လုပ် စည်းစိမ်ဥစ္စာ မတိုးတတ်ဘဲ ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုပြုလုပ်ရပါမလဲဘုရား။
ဖြေ။ ။ ကြီးပွားတိုးတတ်ချင်ပါက

၁။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ မိဘတွေက ငါတို့သားသမီးလေး ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၂။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် သားသမီး၊ လက်အောက်ငယ်သား အလုပ်သမားများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၃။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိမိရဲ့လုပ်ငန်းရှင်များကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၎။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိရိုဖလာကိုးကွယ်လာတဲ့ နတ်ဒေ၀ါများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၅။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မြင့်မြတ်တဲ့ရဟန်းသာမဏေများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

အထက်ပါ အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံသူသည် မည်သည့်အခါမှ ဆင်းရဲခြင်းမရှိဘဲ ကြီးပွားတိုးတတ်နေပါလိမ့်မည်။ (အံ၊ ၂၊ ၆၇)

Saturday, May 11, 2013

သင်္ဂါယနာတင်ကြခြင်း
-
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
 

သာသနာ့အမွေဆက်ခံခဲ့ခြင်း
-
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု()ထု ပူးပေါင်း ကာ သင်္ဂါယနာ ()ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေ အောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသဘည်။
  ပထမအကြိမ်သင်္ဂါယနာတင်ခြင်း
() အကြောင်းခံ
     
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(
) သာသနာနှစ်
     
ဘုရားပရိနိဗ္ဗာန်ပြုပြီး ()လ နှင့် ()ရက်

) နေရာ
     
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(
) ခေါင်းဆောင်
      အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(
) သံဃာဦးရေ
     
ရဟန္တာပေါင်း (၅၀၀)

(
) မင်း
     
အဇာတသတ်မင်း

(
) ကြာမြင့်ချိန်
      (
)
 
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။

-
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းင်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု()စု ရရှိပြီး ပိဋကတ်()ပုံဟု ခေါ်တွင်သည်။

-
၎င်းပိဋကတ် ()ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။

-
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ  တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

-
ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်()ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

-
ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်၏တပည့်များ)မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(
) သာသနာနှစ်
(
၁၀၀)နှစ်

(
) နေရာ
ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း

(
) ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ

(
) သံဃာဦးရေ
ရဟန္တာပေါင်း (၇၀၀)

(
) မင်း
ကာလာသောကမင်း

(
) ကြာမြင့်ချိန်
(
)

-
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ()လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု()ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။

-
၎င်းးရဟန်းပျက် (၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။

-
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု()ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

တတိယအကြိမ်သင်္ဂါနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။

(
) သာသနာနှစ်
(
၂၃၅) နှစ်

(
) နေရာ
ပါဋလိပုတ်ပြည် အသောကာရုံကျောင်း

(
) ခေါင်းဆောင
အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်

(
) သံဃာဦးရေ
ရဟန္တာပေါင်း (၁၀၀၀)

(
) မင်း
သီရိဓမ္မာသောကမင်း

(
) ကြာမြင့်ချိန်
(
)

-
ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။

-
အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀၀၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု () ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် () ကြာမြင့်ခဲ့သည်။

-
အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။

-
သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ () ပုံ () ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။

-
မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် () ပါး ဦးဆောင်သော ရဟန္တာ () ပါးအဖွဲ့၏ သထုံဖက်မှ ၀င်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
 
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။

(
) သာသနာနှစ်
(
၄၅၀) နှစ်

(
) နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ

(
) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်

(
) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)

(
) မင်း
ဝဋ္ဋဂါမဏိမင်း

(
) ကြာမြင့်ချိန်
တစ်နှစ်

-
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။

-
အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။

-
သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု () ထု ပူးပေါင်းဆောင်ရွက်ကြသည်။

-
ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။

(
) သာသနာနှစ်
(
၂၄၁၅) နှစ်

(
) နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်

(
) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်

(
) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၄၀၀)

(
) မင်း
မင်းတုန်းမင်း

(
) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် () () ရက်

ကျောက်ထက်တင် () နှစ် () (၁၄) ရက်
-
သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် () ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု () ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။

-
နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် () လနှင့် () ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် () နှစ် () လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(
) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
() သာသနာနှစ်
(၂၄၉၈) နှစ်
() နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(
) ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ

(
) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၅၀၀)

(
) မင်း
ဖဆပလ ဦးနု အစိုးရ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။