Tuesday, July 31, 2012

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို

ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

လိမ်ခဲ့မိပါသည်

 
                                        လိမ်ခဲ့မိပါသည်
သင်တစ်စုံတစ်ယောက်အတွက်၊လိမ်ပေးခဲ့ဘူးပါသလား။မိမိကတော့တပည့်တစ်ဦးအတွက်လိမ်းပေး   ခဲ မိဘူးပါသည်။ဟိုးတုန်းကတပည့်တစ်ယောက်ပေါ့။သူ့ကို(၈/၉/၁၀)တန်းတွေဆက်တိုက်သင်ခဲ့ရ
တော့၊မိမိရဲ့၊မိမိရဲ့လက်ရင်းချစ်တပည့်ပေါ့။အလွန်လည်းရင်းနှီးခဲ့ပါတယ်။
          (၁၀)တန်းအောင်တော့၊သူအရာရှိ့သင်တန်းတစ်ခုတက်ခဲ့တယ်။သင်တန်းကပြန်လာတိုင်း၊
ဆရာ့ကို သတိရလွန်းလို့ဆိုပြီး၊ခရီးရောက်မဆိုက်၊လာတတ်တဲ့၊တပည့်ပါ။ဒီလောက်မိမိကိုချစ်ခင်လေး
စားတော့၊သူ့အကြောင်း၊ကျောင်းသူ/သားတွေပြောလို့၊၀မ်းသာဂုဏ်ယူနေခဲ့မိပါတယ်။
ဒီလိုနေရင်း၊သူလည်းနိုင်ငံခြားရောက်၊နောက်ရာထူး(ရှုးတာ)တွေမြင့်ပေါ့။သူရာထူးအတော်အတန်မြင့်တဲ့၊မြင့်တဲ့နေရာလည်းရောက်တော့၊အိမ်ထောင်ပြုပြီပေါ့။သူဌေးသမီးပါဘဲ၊အင်းလေအရွှယ်
ရောက်ပြီဆိုတော့၊အိမ်ထောင်ပြုသင့်ဘီဘဲလေ။ရွှေနဲ့မြ၊နေနဲ့လ တင့်တယ်ပါတယ်လေ။
          သူစေ့စပ်ပွဲလုပ်တော့၊ခါတိုင်းဆရာကို၊မတွေ့ရ မနေနိုင်၊မလာရမနေနိုင်တဲ့တပည့်တစ်
ယောက်၊သူကှိုယ်တိုင်၊လာမဖိတ်နိုင်တော့ဘဲ၊ဆရာ့ကိုလူကြုံနဲ့ ဖိတ်စာပို့ပပေးလိုက်တ်ယ်လေ။
ဆရာခွင့်လွတ်ပါတယ်။သူ့ခမျာ မအားလို့နေမှာပါ။ဆရာလည်းစာသင်ပျက်မှာစိုးလို့၊စေ့စပ်ပွဲကို
မသွားဖြစ်ခဲ့ပါဘူး။ဟုတ်တယ်လေ ၊ဆရာသင်းတန်းပျက်ရင်၊ကျောင်းသူ/သူ(၁၀၀)လောက်၊စာသင်
ပျက်သွားမှာလေ။
          ဒါပေမဲ့၊မင်္ဂလာဆောင်နေ့မှာတော့၊မဖြစ်မနေသွားခဲ့သွားခဲ့ပါတယ်။မင်္ဂလာဆောင်ကလည်း
စည်လိုက်တာလွန်ပါရော၊အရာရှိ့ကြီးတစ်ယောက်၊သူဌေးသမီးကြီးတစ်ယောက်ရဲ့၊မင်္ဂလာဆောင်ကိုး
မိမိလည်းအဲဒီနေ့ကစောစောရောက်ဖြစ်တယ်။တွေ့ရင်စေ့စပ်ပွဲနေ့က၊ဘာလို့မလာဖြစ်တာလဲဆိုတာ
ရှင်းပြရင်း၊ဟိုဟိုဒီဒီပြောရင်းနေကြမယ်ပေါ့။
          မင်္ဂလာပွဲကိုရောက်တော့မိမိကတပည့်ကိုတွေ့ပါတယ်။မိမိကိုမတွေ့သေးလို့နေမှာဘဲဆိုပြီး
ဧည့်ခံဝိုင်းမှာထိုင်နေ့မိပါတယ်။ဟော့……ငါ့ဘက်ကိုကြည့်နေပြီ၊ငါကိုလာနုတ်ဆက်မယ်ထင်ပါ့။အင်း…
သူလာနုတ်ဆက်ရင်၊ငါဆိုတဲ့အညတရဆရာတစ်ယောက်က၊ဒီလိုကြီးမြင့်တဲ့၊သားကောင်းတစ်ယောက်ကိုမွေးထုတ်ပေးနိုင်ပါလား၊လို့လူတွေက၊ငါ့ကိုသိကြမယ်၊မြင်ကြမယ်၊ငါလည်းဂုဏ်ယူရမယ်ပေါ့။
          သူ ငါကိုမြင်ပေမဲ့မလာခဲ့ပါဘူး။ဟူး…………ကြည့်တော့ကြည့်တယ်၊မမြင်ရှာလို့နေမှာပါဆိုပြီး
ငါစဉ်းစားနေမတယ်။ဟော…သူမျက်နှာပြုံးလာပြန်ဘီ၊လောလော လောလောနဲ့ငါ့ဘက်ကိုလျှောက်လာ
နေပြီ။ငါ့ကိုလာနုတ်ဆက်တာထင်တယ်။ဆရာလဲ့ ထူးထူးခြားခြား နှလုံးတွေခုံလို့ပေါ့။ဆရာလည်းသူ
လာရာလမ်းကို၊ပြုံးပြီဆီးကြိုနေမိပါတယ်။အို…အနားရောက်တော့မှသိတယ်၊ဆရာ့ကိုလာနုတ်ဆက်တာမှမဟုတ်ဘဲ၊မိမိနောက်က၊ဂုဏ်သရေရှိ့လူကြီးတစ်ယောက်ကို၊သွားနုတ်ဆက်နေတာကိုတွေ့လိုက်ရတယ်လေ။
          မိမိကတော့စိတ်ပျက်နေမိတာအမှန်ပါ။ဒါပေမဲ့ဇွဲကတော့မလျှောသေးပါဘူး။ငါ့ကို တကယ်မမြင်
လို့နေမှာပါဆိုပြီး၊စိတ်ကိုဖြေနေမိပါတယ်။ဒီလိုနဲ့ဧည့်သည်တွေလဲ တဖွဲဖွဲပေါ့။တပည့်ကတောပျော်လို့
နုတ်ဆက်လို့ပေါ့။မကြာခင်မှာဘဲ၊ဒို့မြို့နယ်က၊လူကြီး၊အကြီးက၊ပန်းကုံးစွပ်ပေးမဲအကြောင်း၊၀မ်းသာ
ဂုဏ်ယူရပါကြောင်း၊ကြေညာတာ၊ကြားလိုက်ရတယ်၊ဒါနဲ့ဘဲ၊မိမိလည်း၊ထိုင်နေလဲအကြိုးမထူးဘူးဆိုပြီး
အိမ်ကိုလှေးကန်တဲ့ခြေလှမ်းတွေနဲ့၊ပြန်ခဲ့ပါတော့တယ်။
          အိမ်ရောက်တော့၊အမျိုးသမီး(မိန်းမ)ကမေးတယ်၊တော့ချစ်တပည့်နဲ့တွေ့ခဲ့လား။တော့ကို
ကောင်းကောင်းဧည့်ခံစကားပြောသလား။တော့ချစ်တပည့်ဆိုတော့၊သူ့မင်္ဂလာဆောင်မှာ၊တော်တော့ အတော့ကိုမျက်နှာပန်းပွင့်ခဲ့မှာဘဲနော်။အတော်ပျော်ခဲ့ရမှာဘဲနော်တဲ့။ငါလည်းရင်ထဲကမချိစွာနဲ့၊ ဟန်လုပ်ပြုံးပြရင်း၊ဟုတ်တယ်ကွာ၊တကယ့်ကိုဧည့်ဝတ်ကျေလွန်းတဲ့တပည့်ပါဘဲ၊မင်းကိုတောင်ဘာလို့
လိုက်မလာတာလဲလို့မေးနေသေးတယ်လို့ညာလိုက်မိပါတော့တယ်။……………………

Monday, July 30, 2012

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရခိုင်-ရိုဟင်ဂျာ အရေးအခင်းတွင် သေဆုံး၊ ပျက်စီး သတင်းထုတ်ပြန် 

ရခိုင်ပြည်နယ် အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရရုံးတွင် ယနေ့ ညနေ ၃း၃၀ နာရီတွင် စတင် ကျင်းပခဲ့ပြီး ညနေ ၅း၃၀ နာရီ ဝန်းကျင်တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်လင်းပွဲမှာ ရခိုင်-ရိုဟင်ဂျာ အရေးအခင်းတွင် သေဆုံး၊ ပျက်စီး သတင်းများကို ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ထိန်လင်း တို့မှ အဓိက ရှင်းလင်း ထုတ်ပြန်ခဲ့ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ  CJMyanmar ၏ CJ တစ်ယောက်မှ သတင်းပေးပို့သည်။ ယင်းထုတ်ပြန်ခဲ့သော အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 

ဇွန်-၈၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၈၆၃)လုံး၊ မွတ်ဆလင် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း

သေဆုံးသူ --- ရခိုင် (၇)ဦး၊ မွတ်ဆလင် (၂)ဦးဒဏ်ရာရသူ --- ရခိုင် (၅)ဦးဖျက်ဆီးခံရသော အဆောက်အဦး  ---  ရဲကင်း (၁)ခု၊ ဆေးခန်း (၁)ခန်း၊ ဆေးရုံ (၁)ရုံ၊ 

ဇွန်-၉၊ မောင်းတောမြို့ မွတ်ဆလင် (၁)ဦး သေ 

ဇွန်-၁၀၊ မောင်းတောမြို့ မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၁)လုံး သေဆုံးသူ --- (၁)ဦး ၎င်းနေ့တွင် မောင်းတောမြို့ အခြေအနေ ထိန်းသိမ်းနိုင်

ဇွန်-၁၀၊ဘူးသီးတောင် (၁)ဦးသေ  သေဆုံးသူ --- (၁)ဦး
၎င်းနေ့တွင် မောင်းတောမြို့ အခြေအနေ ထိန်းသိမ်းနိုင်

ဇွန်-၁၀၊ဘူးသီးတောင် (၁)ဦးသေ

ဇွန်-၁၀၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၅၄)လုံး၊ မွတ်ဆလင် (၆၇၃)လုံး၊ ဗလီ (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဒဏ်ရာရသူ --- ရခိုင် (၆)ဦး၊ မွတ်ဆလင် (၁၀)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ဆိုင်ကယ် (၄)စီး၊ ဆိုင်ခန်း (၅)ခန်း

ဇွန်-၁၀၊ ရမ်းဗြဲမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၃၅)လုံး၊ မွတ်ဆလင် (၂၂)လုံး၊ ဗလီ (၃)လုံး ပျက်စီး

ဇွန်-၁၁၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၆)လုံး

ဇွန်-၁၁၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၇၀)လုံး၊ မွတ်ဆလင် (၁၉၀)လုံး၊ ဗလီ (၁)လုံး
သေဆုံးသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၂)ဦး

ဇွန်-၁၁၊ ပေါက်တော့မြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၂၁)လုံး၊ မွတ်ဆလင် (၁၄)လုံး
ဒဏ်ရာရသူ --- ရခိုင် (၅)ဦး၊ မွတ်ဆလင် (၁၁)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ကုန်စုံဆိုင် (၁)ဆိုင်

ဇွန်-၁၂၊ မောင်းတောမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၂)လုံး

ဇွန်-၁၂၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- ရခိုင် (၁၆၈)လုံး၊ မွတ်ဆလင် (၂၉၁)လုံး၊ နာဇီဈေးမီးလောင်
သေဆုံးသူ --- ရခိုင် (၁)ဦး၊ မွတ်ဆလင် (၂)ဦး
ဖျက်ဆီးခံရသော အဆောက်အဦး  ---  ဆိုင်ခန်း (၁၀၇)ခန်း


ဇွန်-၁၂၊ မြောက်ဦး
ရခိုင်အိမ် (၁၅)လုံး ဖြိုချခံရ

ဇွန်-၁၂၊ ပေါက်တော
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- မွတ်ဆလင် (၅၄)လုံး

ဇွန်-၁၂၊ ကျောက်တော်
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- (၄၆)လုံး

ဇွန်-၁၃၊ စစ်တွေမြို့
မီးလောင်ကျွမ်းသည့် အဆောက်အဦး  --- (၂)လုံး
 

Thursday, July 26, 2012


အမေစုအတွက်ရခိုင်သားတစ်ဦးရဲ့ ပေးစာ
ချစ်ခဲ့ပါတယ်အမေရယ် အမေ့ကို မြင်မြင်ချင်း မျက်ရည်လည်းကျခဲ့ဖူးတယ် အမေလက်ဝှေ့ယမ်းပြတဲ့အခါ " ဟေး " ခနဲအော်လိုက်တဲ့ လူတွေထဲ သားလည်းပါခဲ့ဖူးတယ် . . . အမေရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ အမေရွေးကောက်ပွဲ မ၀င်သည်ဖြစ်စေ အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင် အမေဟာ ကျနော်တို့ရဲ့အမေ တခါမှ မငြိုငြင်ခဲ့ဖူးအမေ . . . အမေဟာ ဗမာတို့ရဲ့အမေမဟုတ် အမေဟာ ကရင်တို့ရဲ့အမေမဟုတ် အမေဟာ ကချင်တို့ရဲ့အမေမဟုတ် ...အမေဟာ ကျနော်တို့ရခိုင်တွေရဲ့အမေမဟုတ် ပြည်ထောင်စုတစ်ခုလုံးရဲ့အမေလို့ ဟောဒီရင်ထဲမှာ ဆူးစူးသလို မှတ်ယူ နစ်ဝင်နေခဲ့တာပါ အမေ . . . ကျောက်နီမော်က ရခိုင်သူလေးလည်း အမေရဲ့ သမီးပါပဲ အမေ သူဟာ လူမဆန်သူသုံးယောက်ရဲ့ အနိုင်ကျင့်စော်ကားခံရရုံသာမက လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး မသေခင် ဘယ်လောက်ညီးတွားခဲ့ရမယ်ဆိုတာ ကြားယောင်ကြည့်ပေါ့ အမေ . . . တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက် ကျနော်တို့ လူမျိုးတွေထဲက စိတ်ဆတ်သူတွေသတ်မိတော့ အမေပြောတဲ့စကားကို ကြားယောင်ပြီး သိပ်ရှက်မိတယ် အမေ အားကြီးသူဆိုတာ အားငယ်သူကို စာနာသနားရတယ် ဆိုလား ဘာဆိုလား အမေ ဟုတ်ပ ဟုတ်ပ . . . ကျနော် အကိုတွေ မလိမ်မာ တခါမိုက် ရာဇ၀င်တောင်တွင်လိုက်သေးတယ် အမေ . . . ဆူးလေမှာလည်း ရန်ကုန်က မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ အမေက လည်း မော်လ၀ီဆိုသူကြီးတွေကိုနှစ်သိမ့် ပြဇတ်ကနေကြတဲ့အလား တညီတညွတ် ကျနော်ဆို ပြည်ထောင်စုသားရခိုင်လူမျိုးဆိုတဲ့ ဂုဏ်တောင်ရှိလားမရှိလား မသိတော့ ကျနော်တို့ဟာ အဘိုးဗိုလ်ချုပ်ကိုယုံလို့ ပြည်ထောင်စုအလံအောက်ကို ခိုခဲ့ကြတာပါ အမေ ကျနော်တို့ထက် သူတို့က ပိုအရေးကြီးနေသလား ??? အခု မောင်တောမြို့မှာ ကျနော်တို့ သားချင်းတွေ မီးလောင်တိုက်သွင်းခံရ ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသမှာ ဒီလိုလုပ်ခံရတာအမေ . . . ပြောပါဦးလေ အားကြီးသူတွေ . . . အားနွဲ့သူတွေ . . . အခုတော့နားလည်းသွားပြီအမေ မော်လ၀ီတွေကို နှစ်သိမ့်ခဲ့သမျှ ပြည်ထောင်စုသားရခိုင်တွေဘက်ကြတော့ လှည့်တောင် အကြည့်မခံရတဲ့ဘ၀ နာတယ် အမေ နာတယ် ဟောဒီ ရင်ဘတ်က တဆစ်ဆစ်နာတယ် . . . ဟိုးနှစ်ပေါင်းထောင်ချီဆီက အမေတို့နဲ့တနွယ်ထည်းစီးဆင်းခဲ့တဲ့သွေးတွေကလည်း နာတယ် အမေ နာတယ် အခုတော့ ကျနော်တို့ရခိုင်တွေမှာ အဘိုးဗိုလ်ချုပ်လည်း ကွယ်လွယ်သွားပြီ အမေ ကိုလည်း မေ့လိုက်ပါပြီ နေသာသလို နေပါအမေ မနေသာတဲ့ သားတို့ ညီအကို နိုင်ငံသားတွေ လေညာကဆင်းပြီး ၀င်ပါကြပါလိမ့်မယ် . . . နေသာသလိုသာ နေလိုက်ပါတော့အမေ ကျနော်တို့လည်း နာသာသလိုသာ နာလိုက်ပါတော့မယ် . . .

ကဗျာပုံစံပြန်လည်မစီအားသည့် အတွက်စာပိုဒ်ပုံစံဖြင့် သာတင်ပေးလိုက်ပါသည.်ခွင့် လွက်နားလည်ပေးစေလိုပါသည်.

ကျေးဇူးတင်ပါသည်။.

သျှိုင်းယျံန်အေ
  ကျွှန်တော့ ဘလော့မှာတင်းထားသော ၊စာများသည်၊ကျွှန်တော်ချည်းသားရေသော၊စာများမဟုတ်ကြောင်း
ဝန်ခံပါသည်။ကောင်းပြီး၊အများသိသင့်သည်ဟု၊ှမှတ်ယူသောကြောင့်၊တင်ရပါသည်။သည့်အတွက်၊စာမှုပိုင်ရှင်
များ၊စာဖတ်သူများ၊စာနာ နားလည်၊ခွင့်လွတ်ပေးကြမည်ဟု ယုံကြည်မျှော်လင့်ပါသည်။
  ချစ်ခင်လေးစားလျှက်                                  ဦးသက်ဦး

တို့သားကလေး၏ ကြွင်းကျန်ရစ်သောအလောင်းကို ဆေးရုံ ရေခဲတိုက်ထဲ၌ထားရစ်ခဲ့ကာ ပစ္စည်း ပစ္စယမျိုးစုံကို သိမ်းဆည်းပြီး နောက် ယောက်ျားဖြစ်သူက သားငယ်ခွ၍ခွ၍ အိပ်လေ့အိပ်ထရှိသော ဖက်ခေါင်းအုံးကလေးကို ပိုက်လျက် မိန်းမဖြစ်သူက ကလေးငယ်ဆော့ကစားနေကျ မွေးပွဝက်ဝံရုပ်ကလေးကို ပွေ့ချီ လျက်မျက်ရည်တို့ကို လက်ဖမိုး ကလေးနှင့်သုတ်ကာသုတ်ကာ ကျောခိုင်းထွက်ခွာသွားကြသော မြင်ကွင်းကို ကျွန်တော့်ဘ၀၌ မေ့ ပျောက်နိုင်တော့မည်မဟုတ်ပါ။
ကလေးက အသက်သုံးနှစ် ၀န်းကျင်အရွယ် ပြေးလွှားဆော့ ကစားတတ်ခါစ၊ နှိုက်နှိုက်ချွတ် ချွတ်မေးခွန်းများကို မေးတတ် ခါစ အရွယ်ကလေးဖြစ်ပါသည်။
မိဘများက တောသူတောင်သား (သို့မဟုတ်) နယ်သူ နယ်သားများဖြစ်ဟန်တူပါရဲ့။ ရန်ကုန်မြို့နေ အသိမိတ်ဆွေတစ်ဦးဦး၏အိမ်ကို ခေတ္တတည်းခိုကာ သည်ကလေးကို ဆေးလာကုခြင်း ဟုနားလည်ရပါသည်။
ကလေး သေဆုံးသွားရခြင်း ၏ အဓိကအကြောင်းကို စာဖတ်သူတို့သိလျှင် ဘယ်လောက်များ အံ့သြသွားကြမှာပါလိမ့်ဆိုသည်ကို ကျွန်တော်
မခန့်မှန်းတတ်နိုင်ပါ။ သို့သော် ကျွန်တော်ကတော့ အံ့သြပါသည်။ အံ့သြရုံမျှမက အသည်း တယားယားလည်းဖြစ်ရ၊ မချင့်မရဲလည်း ခံစားရ၊ ဒေါသ လည်းနည်းနည်းတော့ထွက်ရပါ သည်။
Coffee Mix တဲ့။ ဘယ်လိုမှ ကုသလို့မရတော့လောက်အောင် ကလေး၏နှလုံးကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်လိုက်သည်မှာ Coffee Mix ဆိုပါ့လား။
အမှတ်တံဆိပ်ကို ကျွန်တော် မပြောလိုပါ။ ယခုကိစ္စက အမှတ် တံဆိပ်ကိစ္စလည်းမဟုတ်ပါ။ မြန်မာ့ စားသောက်နေထိုင်မှုဘ၀ထဲသို့
ထိုးဖောက်ဝင်ရောက်နေရာယူလာရာက အန္တရာယ်ဖြစ်မှန်းမသိဖြစ်ဖြစ်လာရသည့် အဆင်သင့်ကော်ဖီ၏ အသက်အန္တရာယ်ထိုးနှက်ချက်တစ်ရပ်ကို ပြောလိုရင်းမျှသာဖြစ်ပါသည်။
(နှစ်)
သေဆုံးရှာသူ ကလေးငယ် က တောနယ်ဘက်က။ သူက Coffee Mix တော်တော်ကြိုက် သည်။ မိဘများကလည်း အသိ အမြင် ဗဟုသုတဆွံ့အရှားပါးသူများဖြစ်လေရာ သားက ““ကော် ကော်””ဟု အော်လိုက်သည်နှင့် ရေနွေးထဲ အထုပ်ဖောက်သည့်၊ ““ဂလောက် ဂလောက်”” ဟု တစ် ချက်နှစ်ချက် ခေါက်ကာ သားကိုတိုက်ကြစမြဲဟုဆိုပါသည်။ နောက် တော့ သည်ကလေးက Coffee Mix အမှုန့်၏ အရသာကိုကြိုက် လာပါသည်။ သည်တော့ အမှုန့် ကို လျက်ပါလေသတဲ့။ ဘယ်လောက်များ ကြိုက်လာပါသလဲ ဟုဆိုလျှင် အိပ်ရာကနိုးလာသည် နှင့် ““ကော်ကော်””၊ ဗိုက်နည်းနည်း ဆာလာသည်နှင့် ““ကော်ကော်””၊ ကစားလို့ဝသည်နှင့်““ကော်ကော်””။
သည်တော့ ဘယ်နားက ဆိုင်မှာ ပြေးဆွဲဆွဲ တိုးလိုးတန်း လန်းနှင့်ချိတ်ဆွဲထားသည့် Coffee Mix အထုပ်တွေက ငွေက လေးတစ်ရာ၊ တစ်ရာ့ငါးဆယ်ပေးရုံနှင့် ခပ်လွယ်လွယ်ရနိုင်ပေရာ ကလေးက ““ကော်ကော်”” ဟု ဆို သည်နှင့် အခုဝယ် အခုဖောက် ပန်းကန်ထဲထည့်ပေး၊ သတင်းစာ စက္ကူပေါ်ပုံပေး သားကလေးစိတ်တိုင်းကျ တစ်ဝလျက်ပေတော့။ တစ်ကြိမ်နှစ်ကြိမ်မဟုတ်။ တစ် ရက်နှစ်ရက်မဟုတ်။ တစ်လနှစ်လမဟုတ်။ နှစ်ပေါက်လေတော့ ကလေးငယ်၏ နှလုံးဖောက်ပြန်ခဲ့ပါပြီဖြစ်လေရာ သမားတို့ လက် မြှောက်ခဲ့ကြရပါလေပြီ။
ယောက်ျားက ဖက်ခေါင်း အုံးကလေးကို ပိုက်လို့။ မိန်းမက ၀က်ဝံရုပ်ကလေးကို ပွေ့လို့။ သား ရေ..တဲ့။ အော်..ဆေးရုံအ ထွက် လမ်းကလေးပေါ်မှာ။
(သုံး)
ကျွန်တော်တို့ဆီ၌ သူများ ဓလေ့ကို ကိုယ့်ဓလေ့ဖြစ်အောင် လုပ်ယူကြသည့်အရာများထဲ၌ ကော်ဖီဓလေ့သည်လည်း တစ်ခု အပါအ၀င်ဖြစ်လိမ့်မည်ဟုထင်ပါသည်။ အထူးသဖြင့် ခပ်လွယ် လွယ်နှင့် ကိစ္စပြတ်သော Coffee Mix ဓလေ့။ ဟုတ်ပါသည်။ သူက ချက်ချင်း မဟုတ်လား။
အင်္ဂလိပ်စာအလွယ်လမ်း၊ ခုနစ်ရက်နှင့်အရပ်ရှည်နည်း၊ အောင်မြင်မှုအတွက် ဖြတ်လမ်း များ၊ နိဗာန်မဂ်ဖိုလ်ရက်တိုတိုနှင့် ရောက်နည်း စသည်စသည်ဖြင့်နောင်ခါလာ နောင်ခါဈေး ချက် ချင်းကို သဘောကျသော လူသား တို့၏ သဘောကျ Instant Coffee Mix တွေက Instant ဆို သည့်စကားနှင့်အညီ တကယ့်ကိုချက်ချင်းဖြစ်လေရာ ကျွန်တော် တို့ဆီက လူများ သဘောကျသည် မှာ ဘာမှမဆန်းကြယ်လှပါ။
ပကာသန အဆောင်အ ယောင်များနှင့် မြို့ပြ ဧည့်ခန်း ဆောင်များသည် ချောင်းစပ် မြောင်းစပ် လယ်ကွင်းပြင်နံဘေး ကန်သင်းရိုးဘေးက မိုးတိုးမတ် တတ်တောလက်ဖက်ရည်ဆိုင်ကလေးများအထိ ကော်ဖီမစ်ကို အလွယ်တကူ သောက်၍ရပါ သည်။
အထုပ်ကို ဆွဲဖြဲ၊ ရေနွေးပူပူ ထဲလောင်းထည့်၊ ဇွန်းနဲ့ သုံးလေးချက်မွှေပြီးသည်နှင့် သောက်သုံး၍ ရပါပြီ။
သည်ဓလေ့ ကျွန်တော်တို့ဆီ မှာ ထွန်းကားလာတာ နှစ်အစိပ် လောက်ရှိပြီ။ ၁၉၈၈ အပြီးဟု ကျွန် တော်အမှတ်အသားရှိပါသည်။
(လေး)
Coffee Mix က ချက်ချင်း ပျော်ဝင်သွားစေရန်အလို့ငှာ ဓာ တုပစ္စည်းနှင့် ပေါင်းခံရပါသည်။ ထိုဓာတုပစ္စည်းက ရင်တုန်စေခြင်း ဖြစ်ပါသည်။ ကော်ဖီထဲမှာကကဖင်းဓာတ်ပါပါသည်။ ယင်းက ကတုန်ကယင်ဖြစ်စေ၊ ဂနာမငြိမ် ဖြစ်စေ၊ သွေးပေါင်ချိန်မြင့်စေပါ သည်။ ကော်ဖီမစ်ထဲရှိ သကြားပါ ၀င်မှုက ဆီးချိုသမားများနှင့်ဘယ်
လိုမှမဖြစ်အောင်ပါဝင်နေပါသည်။ထို့ပြင် ကော်ဖီမစ်ထဲ၌ နို့တုပါပါသည်။
Non-Diary Creamer ခေါ်နို့တုကို စားအုန်းဆီ၊ အုန်းဆီတို့နှင့်လုပ်ရပါသည်။ ယင်းတို့က နှလုံးသွေးကြောကျဉ်းစေ၊ ဆီးချို ရောဂါကို ဖြစ်စေပါသည်။
ကော်ဖီထဲ၌ အက်ဆစ် လည်းပါဝင်ကာ ထိုအက်ဆစ်ကို ဘက်တီးရီးယားပိုးမွှားကကြိုက်၊ ထိုဘက်တီးရီးယားနှင့် ပါးစပ်ထဲ က စားကြင်းစားကျန်တို့ပေါင်း ကာဆာလဖာခေါ် ကန့်ဖြစ်၊ ထို ဆာလဖာနှင့် ပလပ်- Plaque ခေါ် အဖပ်ကလေးများပေါင်းကာ အနံ့ဆိုးဖြစ်၊ ခံတွင်းနံ့ အပုပ်အ သိုးတွေက တထောင်းထောင်း။
ကျွန်တော် အခုလို ဆက် တိုက်ကြီး ချရေးပစ်လိုက်လေ သောအခါ တချို့က ကျွန်တော့်အ
ပေါ် အမြင်တိမ်းစောင်းနိုင်ပါ သည်။ သည်လူက သူတစ်ပါး စီး ပွားရေး သူတစ်ပါး လုပ်ငန်းပျက် စီးရာပျက်စီးကြောင်း လုပ်နေတာ လား စသည် စသည်ဖြင့်။ မဟုတ်ရလေပါ။ ကျွန်တော်ကိုယ်တိုင် လည်း Coffee Mix နှင့်မကင်းပါ။ သောက်ပါသည်။ တံဆိပ်မျိုးစုံ အောင်ကိုပင်လျှင် သောက်ဖူးပါ သည်။ သောက်နေဆဲလည်းဖြစ်ပါသည်။ သို့သော် သတိကလေးနှင့်။ အထိန်းအကွပ်ကလေးနှင့်။ တစ် ခွက်စ နှစ်ခွက်စ စသည်ဖြင့်။
သို့သော် အခါခပ်သိမ်း သောက်၊ နေရာမရွေး သောက်၊ အရွယ်မရွေး သောက်၊ အပြစ်အ နာအဆာ ဘာမှမရှိသည့် နတ်တို့ဖန်တီးသည့် ဧရာမအာဟာရ ဆေးတစ်ပါးသဖွယ် သုံးဆောင်နေ ကြခြင်းကမူ အန္တရာယ်ကြီးမားလှ ပါသည်။ နားအေးရင် ပြီးတာပဲ ဟူသည့်သဘောထားဖြင့် ကော်ဖီမစ်အထုပ်ကို ဖောက်ချကာ““လျက်ပေတော့ငါ့သား”” ဟူ၍ လျက်ဆားသဖွယ် သုံးဆောင်ခိုင်းနေသောမြင်ကွင်းကို ကျေးလက်နယ်ပယ်
ဒေသများ၌ မကြာခဏ တွေ့ရလေ့ရှိပါသည်။ သားက၊ သမီးက ကော်ဖီမစ် သိပ်ကြိုက်တာ ပဲဟူသည့် အတွေးဖြင့် ဂုဏ်ယူကာ မိန့်
မိန့်ကြီးပြုံးနေသော အသိ ဆွံ့အရှားပါးသူ မိဘများကို ကျွန် တော် အသည်းယားလှပါဘိ။
အော်…သားအလောင်း ကို ထားရစ်ခဲ့ကာ ဖခင်က ဖက် ခေါင်းအုံးကလေးကို ပိုက်၊ မိခင် က ၀က်ဝံရုပ်ကလေးကိုပွေ့ပြီး ဇနီး မောင်နှံနှစ်ယောက် မျက်ရည်ကိုယ်စီနှင့် ပြန်သွားလိုက်ကြတာ။ ကျန်နေရစ်ခဲ့တဲ့ ၀ိညာဉ်မဲ့ကလေး လေးဟာ ကော်ဖီမစ်အထုပ်ပေါင်းများစွာကို ဖောက်ဖောက်ပြီးလျက်နေခဲ့ဖူးတဲ့ ကလေးလေးပေါ့။
ေေေေေေေေ
မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်
by 7Day News Journal on Wednesday, July 25, 2012 at 5:38pm ·

ရေးသားသူ- ၀တ်ရည်အောင်
ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ယခုအခါ ကူးစက်ရောဂါများသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ လွယ်ကူစွာကူးစက်နိုင်သော အခြေအနေများရှိသောကြောင့် မြန်မာနိုင်ငံမှ ကလေးများတွင်လည်း ကူးစက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်းသို့ ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်တားဆီးရေး လုပ်ငန်းများအား ဆောင်ရွက်နေပြီး ပြည်သူများဘက်မှလည်း မိမိကလေးငယ်များ ရောဂါကူးစက်မှု
မရှိစေရန် တစ်ကိုယ်ရေကျန်းမာရေးအား ပိုမိုဂရုပြုရမည့်အချိန် ဖြစ်သည်။
EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါသည် ဖြစ်ပွားလာပါက ကလေးငယ်များမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ နုံးခြင်း ၊ လည်ချောင်းနာခြင်းများနှင့် ခြေ၊ လက်နှင့် မျက်နှာများတွင် အနာလေးများ၊ ပြည်ဖုများ၊ အနီစက်များ ဖြစ်ပေါ်ခြင်း စသည့်ရောဂါလက္ခဏများ ပြသကြောင်း ညွှန်ကြားရေးမှူး (ကူးစက်)မှ ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။
အဆိုပါ ဗိုင်းရပ်စ်သည် လွန် ခဲ့သည့် ၂၅ နှစ်ကတည်းက စတင် ဖြစ်ပေါ်ခဲ့သည့် ဗိုင်းရပ်စ်အမျိုးအ စားဖြစ်ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံ အချို့ရှိ ကလေးများတွင် ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မများခဲ့ကြောင်း သိရသည်။
သို့သော် ယခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ပြန်လည်ဖြစ်ပွားသည့်အခါတွင်မူ ဗိုင်းရပ်သည် ယခင်ဖြစ်ပွားသော အခြေအနေနှင့်မတူဘဲ ပြင်းထန်လွန်းသည့်အတွက် ကလေးများတွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အဓိက လက်ဖ၀ါး၊ ခြေဖ၀ါး၊ တင်ပါးတွေမှာ အနာတွေ၊ ပြည်ဖုတွေ၊ အနီစက်တွေ ဖြစ်ကြတယ်။ အဲဒါတွေကလည်း အရမ်းကိုနာတဲ့ ဝေဒနာခံစားကြရတယ်။ အရည်ကြည်ဖုတွေက အရည်တွေကနေ တခြားလူတစ်ဦးကို ထပ်ကူးစက်တယ်။ ဆေးကုသမှု စောစောမရရင် နောက်ဆက်တွဲဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတွေနဲ့ အသက်သေဆုံးကြတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ရောဂါပိုးအား အတည်မပြုနိုင်ခင်ကလေးများ ထူးဆန်းစွာ သေဆုံးနေရခြင်းမှာ လက်နှင့်ခြေထောက်တွင် အရည်ကြည်ဖုများပေါက်၍ ပါးစပ်၌ အနာများဖြစ်တတ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် EV-71 ဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ရောဂါနှင့်ပတ်သက်သော ကာကွယ်နိုင်သည့် ဆေးဝါးများမရှိဘဲ ရောဂါကူးစက်မှုမရှိစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးခြင်းဖြင့်သာ ကြိုတင်ကာကွယ်ရေးနည်းလမ်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။
ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင်လည်း မကြာခဏလက်ဆေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် နှိုးဆော်ထားပြီး ကလေးငယ်များသာမက ကလေးငယ်များအား ပြုစုထိန်းကကျောင်းနေသည့် သူများပါ လက်ဆေးသည့်အကျင့်ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကာ ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသပါက စောစီးစွာကုသမှုခံယူရန် ဆေးရုံများသို့ အမြန်ဆုံးလာရောက်ရမည်ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။
ရောဂါပိုးသည် ကိုယ်ခံအားနည်းသည့် အသက်(၃)နှစ်အောက် ကလေးများတွင် အဖြစ်များနေပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်မှ ရန်ကုန်ကလေးဆေးရုံကြီးအပါအ၀င် နိုင်ငံတွင်းရှိ ဆေးရုံတိုင်းတွင် ရောဂါဖြစ်ပွားလာပါက ကုသမှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် ကုန်းလမ်း၊ ရေလမ်းဝင်ပေါက်များနှင့် လေဆိပ်ဝင်ပေါက်များရှိ ကျန်းမာရေးအဖွဲ့များမှလည်း စစ်ဆေးမှုများအား ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နေပြီး ယခုအချိန်ထိ ပြည်တွင်းတွင် ရောဂါကူးစက်မှု မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
“မြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနဲ့ ထိရောက်တဲ့ ဆေးကုသရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ယခုလ ၁၃ ရက်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အ၀င်အထွက်နေရာများတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် မူကြိုကျောင်းတစ်ခုမှ ကလေးငယ်များ၌ စတင်စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ၀င်ထွက်သွားလာနေသူများအား ဇူလိုင်လ ၁၃ ရက်တွင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေပြီး ရောဂါကူးစက်မှုသည် မိုးရာသီနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အများအပြားသို့ ပျံ့နှံ့မည်ဖြစ်ကြောင်း ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးက ပြောကြားထားကြောင်း ထိုင်းနိုင်ငံသတင်းစာများတွင် ဖော်ပြထားသည်။
ထိုဗိုင်းရပ်စ်ပိုးသည် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြီး ကလေးများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်ရှိ ကလေးအများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်လည်း ဗီယက်နမ်ရှိ ကလေးငယ် လေးသောင်းခန့်တွင် ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်မှုမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် မဖြစ်ပွားမီ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့်အခါ ပြင်းထန်သည့် ဗိုင်းရပ်စ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခင်ကလည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါ၊ လူတုပ်ကွေးရောဂါများမှာလည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး အချို့နိုင်ငံများတွင် အသက်သေဆုံးမှုများထိ ဖြစ်ပေါ်ခဲ့သည်။
မိဘပြည်သူများအနေဖြင့် ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအား အလေးထားပြီး ကလေးများတွင် အထက်ပါရောဂါလက္ခဏာ ပြသလာပါက ကျန်းမာရေးဌာနသို့ အလျင်မြန်ဆုံး ဆက်သွယ်၍ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်းသိရသည်။
Credit to : ၀တ်ရည်အောင် 7Day News Journal

Wednesday, July 18, 2012

" ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ်


ယနေ့မြန်မာ့ပညာရေးလောကတွင် အလွန်ကမောက်ကမနိုင်လှသော အမိန့်ဆန်းတစ်ရပ်ရှိလေသည် ၊ ထိုအမိန့်မှာ " ဆရာ  ဆရာမများ ကျူရှင်မသင်ရ "  ဟူသောအမိန့် ဖြစ်လေသည် ၊ သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးရသူများက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားမျှတပါမည်လား ၊အမှန်နှင့်နည်းစပ်ပါမည်လား ဟုမေးစရာ များဖြစ်လာပါသည် ။
 
နိုင်ငံ့ဝန်ထမ်းဆရာဝန်များလည်း ပြင်ပဆေးခန်းများဖွင့်ကာ ဆေးဝါးကုသကြသည် ၊ နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာများကလည်း ပြင်ပတွင်အင်ဂျင်နီယာလုပ်ငန်းများ ပူးတွဲလုပ်ကာ ၀င်ငွေရှာကြရသည်  ၊ ဆရာကကျူရှင်သင်သည်  ဘာများ ဆန်းပါသနည်း ဘာဆိုဘာမှမဆန်းပါ ၊ ရိုးရှင်းလှပါသည် ။
 
 အထက်တန်းပြဆရာတစ်ယောက်၏ မူရင်းလစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက် နေကြခြင်းသာဖြစ်သည် ။
 
 လစာမလောက်သောကြောင့် ဘယ်ကျောင်းကဆရာများကမှ စု၍ဆန္ဒပြကြသည်ဟူ၍ မကြားဘူးပါ ၊ နိုင်ငံတော်၏ အခက်အခဲကိုနားလည်ပေးကြသူများဖြစ်သည် ၊ နိုင်ငံတော်ကိုအပူမကပ်ကြ ကိုယ့်ဖာသာကိုယ် ကျူရှင်သင်ပြီး ဖြေရှင်းကာ နိုင်ငံတာဝန်ထမ်းနေကြသော သားကောင်းရတနာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည် ၊ ထိုဆရာများကို ကျုရှင်မသင်ရဟု အမိန့်ထုတ်ပြန်ထားခြင်းသည် မှန်ကန်သော စီမံခန့်ခွဲမှု ဟုတ်ပါရဲ့လားဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်သုံးသပ်သင့်သော အချိန်ကာလလည်းဖြစ်ပါသည် ။
 
 ကျူရှင်သင်သောအလုပ်သည် လွယ်လှသည်မဟုတ် ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင် မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ ထိုအချိန်တွင် တစ်နေကုန်မတ်တပ်ရပ်နေရသော ဆရာတို့၏ခြေထောက်အစုံ သည်တောင့်တင်း ညောင်းညာလှပါပြီ မျက်ဝန်းတို့သည် ရီဝေ၍နေပါပြီ အိပ်ယာပေါ်တွင်လှဲလိုက်သည်နှင့် တုံးကနဲအိပ်ပျော်ခြင်းသို့ ရောက်သွားကြပါတော့သည် ။ ထိုဆရာတို့သည်အိပ်ရေး၀၀မအိပ်ရ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို   အသပြာဆရာ များဟု ကျွန်တော်တော့ကင်ပွန်းမတတ်ရက်ပါ.... ..။
 
 ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ။
 
  ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ " အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ " စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။
 
 ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင်  တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။

အစိုးရက ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း အချို့သောသူများသည် ဆရာတို့၏ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရမှုကို ဃနသချာစွာမသိ ကြပဲ  ဆရာတို့သည် ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများမကြာခဏဆိုသလိုပြုလုပ်နေကြသောကြောင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု အကောင်းဘက်မှမြင်ပေးနိုင်ပါသည် ။
 
သို့သော်လည်း ထိုအမိန့်ကြောင့် မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားနေသည်ကိုမူ သတိပြုသင့်ပါသည် ။
 
 နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြပါတော့သည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။
 
ဤကဲ့သို့အဘက်ဘက်မှ အားနည်းချက်များလှသော "ဆရာ ဆရာမများ ကျုရှင်မသင်ရ" ဟူသောအမိန့်ကို ယနေ့ကဲ့သို့သော ပြုပြင်ပြောင်းလည်းရေး ကာလတွင် ပြန်လည် ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံသစ်တည်ဆောက်ရေးတွင် ဆရာတို့၏ အားကိုရယူသင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။
ဆရာတို့ဘ၀တောက်ပကြပါစေ.........
ဒေါက်တာဆိတ်ဖွား


( မှတ်ချက် ။   ။ စာရေးသူသည် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၏ အခက်အခဲများကို မီးမောင်းထိုးပြလိုသော ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများမှ မူလတန်း ၊ အလယ်တန်း ။ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၁၂ ဦး ဆရာ ဆရာမ ၆၇ ဦးတို့အားတွေ့ဆုံမေးမြန်းကာ  "အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ " ဟူသော ဆောင်းပါးနှင့် " ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ် ဟူသော ဆောင်းပါးနှစ်ပုဒ်ကို ရေးသားခဲ့ပါသည် ၊ ဆောင်းပါး၂ ခုပါ အချက်အလက်များသည် မျက်မှောက်ခေတ် ကျောင်းဆရာ ၊ ဆရာမတို့၏ ရင်တွင်းဖြစ် ခံစားမှုများကို ကိုယ်စားပြုကြောင်း တာဝန်ယူပါသည် ။

ထူးခြားချက်တစ်ခုမှာ စာရေးသူ မေးမြန်းခဲ့သော  ကျောင်းအုပ်ကြီး ၁၂ ဦးအပါအ၀င် ဆရာဆရာမ ၆၇ ဦးတို့တွင် အသက်အရွယ်ကြီးသူ လုပ်သက်ရင့်များ ၊ လုပ်သက်အလယ်အလတ်ရှိသူများ ၊ လုပ်သက်နုသေးသူများ ၊ ဆရာအတတ်သင် ကျောင်းအမျိုးမျိုးမှ ပုံစံအမျိုးမျိုးဖြင့် ဆရာဖြစ်လာကြသူများ ၊အမျိုးသားဆရာများ အမျိုးသမီးဆရာမများ ၊ မူလတန်း အထက်တန်း ၊အလယ်တန်း စသော မျိုးမတူအစုများ ၊ မြို့ကြီး ၊ မြို့လတ် ၊ မြို့ငယ်  ၊ ကျေးလက်ဒေသများ တွင်တာဝန်ထန်းဆောင်နေကြကုန်သော အလွှာပေါင်းစုံပါဝင်ပါသည် ထိုနေရာဒေသပေါင်းစုံ အလွှာပေါင်းစုံ အသက်အရွယ်မျိုးစုံသော ဆရာ၊ ဆရာမများ အားလုံးတို့သည် ဆရာများ ကျုရှင်မသင်ရဟူသော အမိန့်ကိုမူ တညီတညွတ်တည်း မနှစ်သက်ကြပါ ၊ သဘောမတူကြပါ ၊ မထောက်ခံကြပါ ။

ဤဆောင်းပါးများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ဆရာတို့၏အခန်းကဏ္ဍ ပါဝင်လာစေရန် ရည်ရွယ်ပါသည် မည်သူတစ်စုံတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုသော ဆန္ဒ စိုးစဉ်းမျှမရှိပါ ဤမှန်သောသစ္စာစကားကြောင့် ဆရာတို့ဘ၀ တောက်ပပါစေ.....။

ဆရာတို့၏ကျေးဇူးကိုဆပ်လိုသူတိုင်းက ဤဆောင်းပါးများကို ဖြန့်ဝေပေးကြလျှင် ကျွန်တော် ပင်ပန်းရကျိုးနပ်ပါပြီ ..... စာဖတ်သူများရော ကူညီဖြန့်ဝေပေးကြသူအားလုံးကို လေးလေး စားစား ကျေးဇူးတင်ပါသည် ။ )

 

( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )
ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ သြော် x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊
(သံပြိုင်) { ရာဇ၀င် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)
တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊
အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇ၀င်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊
ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ကြိုတင်၍
လေးစားစွာ ဂါရ၀ဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။
၁ ။ ဗိုလ်ချုပ်အောင်ဆန်း
၂ ။ ဦးဘ၀င်း
၃ ။ မန်းဘခိုင်
၎ ။ စပ်စံထွန်း
၅ ။ ဦးရာဇာတ်
၆ ။ ဒီးဒုတ်ဦးဘချို
၇ ။ သခင်မြ
၈ ။ ဦးအုန်းမောင်
၉ ။ ရဲဘော်ကိုထွေး
(၁၉ ဇူလိုင် မမေ့နိုင်)
အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘ၀ တွေ့ကြုံဆုံကွဲတည်း….
ကျွန်မတို့တွေ ဒီလိုဘ၀ ဒီလိုအခြေအနေ ဒီလိုမိသားစုနဲ့ နေနိုင်တာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အသက်သွေးကြောင့်လို့ဆိုရင် မှားမယ်မထင်ပါဘူးရှင်။
တင်ပြီးသား ပိုစ့်များလည်း ညွှန်းလိုက်ပါသည်။ ဒီမှာရေးထားသလို
ဒီလိုမမေ့သင့်သော နေ့လေးတစ်နေ့ကို အားလုံးအမြဲရင်ထဲစွဲနေစေချင်ပါသည်။
        Posted by on Jul 18, 2012(http://mandalaygazette.com )မှကူးယူဖေါ်ပြပါသည်။

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်

ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊


ကြွားရင်းနှင့် နစ် ၊ဝါးရင်း နစ်သည့်

နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊


သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊


ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ 


                   ( မင်းသုဝဏ် )

Tuesday, July 17, 2012

                   စေတနာရှင်၊တပည့်များအား၊ကျေးဇူးအထူးတင်ပါသည်။ကျန်းမာချမ်းသာအဆင်ပြေပါစေ။
ပညာတွေပိုတတ်သော၊ပိုချမ်းသာကြွယ်ဝသော၊မိဘ၊ဆရာသမားတို့က ဂုဏ်ယူရသော၊သမီးကောင်းလေး
များဖြစ်ကြပါစေလို့၊ဆုတောင်းပေးပါတယ်။