Thursday, August 9, 2012

Like This PageLiked · April 8

ဘီးဂိတ်စ်နဲ့ စားပွဲထိုး
-----------------------
တစ်နေ့သောအခါ ဘီးဂိတ်စ်ဟာ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက်ခဲ့တယ်။ စားသောက်ပြီးနောက် စားပွဲထိုးကို ၅ဒေါ်လာ ဘောက်ဆူးပေးတယ်။ အဲ့ဒီဘောက်ဆူးရပြီး စားပွဲထိုးရဲ့ မျက်နှာ အမူအရာ တမူထူးခြားသွားခဲ့တယ်။ ဒါကို ဘီးဂိတ်စ်က ရိပ်မိပြီး "ဘာဖြစ်လို့လဲ"လို့ မေးလိုက်ပါတယ်။
စားပွဲထိုးက " ကျနော် အံ့သြနေလို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစားပွဲမှာပဲဗျ၊ ခင်ဗျားသားက ကျနော့်ကို ...
ဒေါ်လာ ၅၀၀ ဘောက်ဆူး အနေနဲ့ ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေဖြစ်တဲ့ ခင်ဗျားက ၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ခင်ဗျားက ကျနော့်ကို ၅ ဒေါ်လာပဲ ဘောက်ဆူးအနေနဲ့ ပေးတာကြောင့်ပါ။ "လို့ ပြောတော့,,,,,,,,,,,,,,
ဘီးဂိတ်စ်က ပြုံးပြီး "အေး ငါ့သားက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲ့သား ဆိုတာ မှန်တယ်၊ ဒါပေမယ့် ငါကတော့ သူ့လို မဟုတ်ဘူး သစ်ခုတ်သမားရဲ့ သားပါ" လို့ အဓိပ္ပာယ်ရှိသော စကားလုံးများဖြင့် စားပွဲထိုးကို ပြန်ပြောသွားခဲ့တယ်။

No comments: