Thursday, March 14, 2013

January 30

မေတ္တာသုတ်ကို (အကြိမ်ကြိမ်အခါခါ)

ရွတ်ဖတ်နေပေမဲ့ သားပဲ မေတ္တာများသွားတာလား

သူတို့ပဲ သားထက်မေတ္တာများလို့ ပြန်မမျှနိုင်တာလား မသိဘူး ဖေဖေ/မေမေရယ်

အရာရာဟာ သားအတွက်ဒါမှမဟုတ်သူတို့အတွက်

အကျည်းတန်လွန်းနေတယ် ဖေဖေ/မေမေရေ

အသုံချခံလိုခိုင်းပေမဲ့

အသုံးမကျသေးတာ/အသုံမချတတ်သေးတာ ကို(သူတို့) နားလည်မပေးဘူးဖေဖေ/မေမေ

(သားကိုကလည်း လွန်ကိုလွန်ပါတယ်မေမေရယ်)

သံယောဇဉ်တွေ ခိုင်မြဲနေတာမဟုတ်ပါဘူး ဖေဖေ/မေမေရဲ့

အိမ်ပြန်ရက်အတွက်(လွန်ခဲ့တဲ့ ၂၅ရက်ကျော်ကျော်ကတည်းက)

အထုပ်ကလေးမသိမသာပြင်ရင်း

အိမ်ပြန်ချိန်တွေကို လူမသိပူမိစွာနဲ့ပဲ လက်ချိုးရေနေခဲ့တာပါ ဖေဖေ/မေမေ

မျှော်လင့်ချက် မဟုတ်ပဲနဲ့

သားအိမ်မက်တွေ ရေရေရာရာပျောက်နေတယ် ဖေဖေ/မေမေရယ်

စနစ်တကျစီစဉ်ထားတဲ့ အတွေးလေးတွေထဲကို

သဘာဝကျကျလေး မွှေနှောက်သွားခဲ့တာ

သားမျက်ဝန်းထဲမှာ (စိုးရိမ်ရေအမှတ်မဟုတ်ပေမဲ့)

ရင်နာလောက်အောင်တော့ လှိုင်းထခဲ့တယ် အဖေနဲ့အမေ

အဆင်ပြေပါတယ် ဆိုတဲ့စကားနောက်မှာ

(မုသားမပါပဲ) ကာယံတွေ မသိမသာ ယိုင်နေတယ် ဖေဖေ/ မေမေရယ်

တကယ်လို့များ တစ်ယောက်က

(သား) အဆင်ပြေတယ်မလားလို့မေးရင်

ခပ်ပြုံးပြုံးလေးပဲပြန်ဖြေပေးလိုက်ပါ ဖေဖေနဲ့မေမေရေ

သားလိုပေါ့…………အ………ဆ…………င…………်………..ေ…..ြ……..ပ……….ါ……………တ……
….ယ…………်
…………………………………………………………….

No comments: