Wednesday, June 19, 2013

*နောင်တ (၁၀)ပါး*

နောင်တ ဆယ်ပါး ကြိုသိထားသင့်
* ငယ်ခါကလျင် မသင်ပညာ
* ဥစ္စာ မစု
* သူချစ်ကိုဖျက်
* သူ့ သက်သတ်စား
* သူ့ မယား၌ ပြစ်မှားတုံဘိ
* ပစ္စည်းရှိလျက် စိုးစိ မလှူ
*မွေးမြူမိဘ မပြုရနှင့်
* ဆုံးမ မနာ
* ပညာရှိထံ နည်းခံ မမှတ်
* အမြတ်မကျင့် ၊
 ဤဆယ်ဆင့်ကား၊ ကြီးရင့်ဇရာ၊ အိုသောခါလျင်၊
 ပူဆာနောင်တ၊ ရတတ်စွတည်း။

(မဃဒေ၀)

No comments: